close
Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တပ်မ(၃၃)ကစစ်သားအများအပြားသေဆုံး

တော်လှန်ရေးတပ် ဆုံးရှုံးနယ်မြေတွေပြန်ရ

​စစ်သုံ့ပန်းအချို့။ ဓါတ်ပုံ-CJ

ဇွန်၂၉၊၂၀၂၅၊ ရှိန်း/ People Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီရဲ့တပ်မ (၃၃)က စစ်သား အများအပြား​သေဆုံးပြီး တော်လှန်ရေးတပ်တွေ ဆုံးရှုံးထားတဲ့နယ် မြေတွေ ပြန်ရခဲ့တယ်လို့ တော်လှန်ရေး တပ်တွေ ဆီက နေသိရပါတယ်။

ဇွန်လ ၅ ရက် နေ့ကစပြီး အင်အား‌‌ ၃၀၀ လောက်နဲ့ ထိုးလာတဲ့ စစ်ကြောင်းတွေဟာ ကင်းရွာ နဲ့ ချောင်းမကြီးရွာတို့ကိုမီးရှို့ပြီးကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ၄ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။

​တော်လှန်​ရေးတပ်​တွေက စစ်​တပ်စစ်​ကြောင်းမှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းအချို့။ ဓါတ်ပုံ-CJ

အဲဒီနောက်ချောင်းမကြီးရွာထဲကိုအထိုင်ချတပ်စွဲခဲ့တာပါ။ ​ဒေသခံ​တော်လှန်​ရေးတပ်​တွေက ခုခံတိုက်ခိုက်ခဲ့​ပေမယ့် လက်နက်နဲ့ခဲယမ်းမလုံလောက်မှုကြောင့် ကင်းရွာနဲ့ ချောင်းမကြီးရွာတွေက​နေ ဆုတ်ခွာပေးခဲ့ရတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးတပ်​တွေကဇွန်လ၂၇ ရက်နေ့နံနက်ပိုင်းမှာ အင်အားပြန်စုစည်းပြီး ချောင်းမကြီးရွာကို အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ဝင်တိုက်ခဲ့တာလို့သိရပါတယ်။

“တိုက်ပွဲကသိပ်မကြာဘူး။စစ်တပ်ဘက်က ၄ယောက်‌အရှင်မိတယ်။သေဆုံးလည်းများတယ်။အဲဒီနောက်စကစကမင်းကွန်းကို ဆုတ်သွားတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့တင်တဦး ကပြောပါတယ်။

ဇွန်လ၂၈ ရက် နေ့မှာ တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်ခဲ့ပြီး စစ်တပ်အင်အားအကုန်ထိုင်ထားတဲ့ မင်းကွန်းရွာထဲအထိ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာမှာ စစ်ကောင်စီတပ် စစ်ကြောင်း ပြုတ်လုနီးပါး ဖြစ်ခဲ့ပြီး လက်နက်၊ခဲယမ်းတွေအများအပြားသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်၃ဦး လည်း ကျဆုံးပြီး ကျည်ကာ အင်္ကျီနဲ့ ဦးထုပ်မပါတာ ကြောင့်ထိခိုက်မှုဖြစ်ခဲ့တာလို့သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ကလက်ကျန်စစ်​သားတွေဟာ မင်းကွန်းရွာထဲမှာပဲရှိ နေသေးတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်တကြောကို စစ်တပ်ကအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာရက်၂၀ကြာမြင့်လာပြီး တိုက်ပွဲ တွေမကြာခဏဖြစ်ပွားနေကာတော်လှန်ရေးတပ် စိုးမိုးနေရာတချို့ကိုလက်လွှတ်လိုက်ရတယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတကြောကို ၅ရက်တာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကာ ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ဦးကို သတ်ဖြတ်ထားတ‌‌ယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃) အား ၁၀၇ မမရှော့တိုက်ဒုန်းသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

မန္တလေး တဖက်ကမ်း စစ်ကိုင်းတိုင်း ၊ မင်းကွန်းဒေသရှိ ကင်းရွာ ပြီးခဲ့တဲ့ ရက်ပိုင်း က စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ရဲ့ မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Facebook