close
Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းတွင်တိုက်ပွဲဖြစ်ပွား

ဆင်ဖြူကျွန်းမြို့နယ်တွင်တင့်ကား နှင့် သံချပ်ကာ ယာဥ်များပါဝင်သည့် စစ်တပ် စစ်ကြောင်း နှင့် ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ သံချပ်ကာယာဥ်ကိုတွေ့ရစဥ်။ ။ဓာတ်ပုံ-ပေးပို့

ဇွန်-၂၉၊၂၀၂၅။ရဲခေါင်/People’s Spring

ဆင်ဖြူကျွန်းမြို့နယ်တွင်တင့်ကား နှင့် သံချပ်ကာ ယာဥ်များပါဝင်သည့် စစ်တပ် စစ်ကြောင်း နှင့် ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဇွန်လ ၂၈ ရက်​နေ့ကမကွေးတိုင်း၊စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ စစ်တပ်က တင့်ကားနှင့်သံချပ်ကာယာဥ်နှစ်စီးအပါအဝင် အင်အား ၂၀၀ ဝန်းကျင်အသုံး ပြု၍ စစ်ကြောင်းထိုးလာခြင်းဖြစ် သည်။

“မနေ့ကကတည်းက နေဒီနေ့အထိ တိုက်ပွဲတောက် လျှောက်ဖြစ်နေတယ်။မိုင်းဆွဲတာရောအပြန်အလှန် လက်နက်ကြီးငယ်နဲ့ ရင်ဆိုင်နေတယ်”ဟု အထက်ပါ တာဝန်ရှိသူက တိုက်ပွဲအခြေအနေကိုဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ဇွန် ၂၉ ရက်​နေ့တွင်စစ်ကောင်စီတပ်စစ်​ကြောင်းကပန်းတိမ်ကုန်းရွာကို မီးရှို့နေကြောင်းလည်း ၎င်းက​ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ်အသုံးပြုထားပြီး ထိုသူများအနက် ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု စလင်းမြို့ခံတစ်ဦးက သိရသည်။

“ဂုန်ကုန်းကျွေးရွာကပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး မိုင်းကွင်းတိုးခိုင်းတာ။ငါး ဦးမိုင်းထိတယ်သိရတယ်”ဟု အထက်ပါ​ဒေသခံကပြောသည်။

ဒေသတွင်းကာကွယ်ရေးတပ်များ၏စိုးမိုးရာ လမ်း ကြောင်းကို စစ်တပ်က အင်အားသုံး၍ စစ်​ကြောင်းထိုးကာ နယ်​မြေပြန်စိုးမိုးနိုင်ရန် ကြံစည်ခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

” မြို့ နှစ် မြို့ကြားမှာ သူတို့(စစ်ကောင်စီ) ယန္တရားလည်ပတ်တာတွေရပ်ဆိုင်းသလိုဖြစ်နေတာ”ဟု ၎င်းက ပြောသည်။

ဇွန် ၂၈ ရက်​နေ့ကစ၍စလင်း-မိုးဝန်း-သရက်ချဥ်-ဆင်ဖြူးကျွန်းလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေး အဖွဲဲ့က အသုံးပြုခွင့်ပိတ်ခဲ့သည်။

စစ်ကောင်စီသည် ၎င်း၏ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအတွက်အရေးပါသည့် စလင်း -ဆင်ဖြူကျွန်း နှင့် တညောင်လမ်းပိုင်းအား ပြန်ထိန်းချုပ်နိုင်ရန် မကြာခဏ ကြိုးပမ်းနေသည်။၂၀၂၅ နှစ်ဆန်းပိုင်းတွင်စလင်းမြို့နယ်အတွင်းမကြာခဏ စစ်ကြောင်းထိုးနေသည်။

ထို့အပြင် စစ်​ကောင်စီပြုလုပ်မည်ဆို​သောရွေးကောက်ပွဲအတွက် စလင်းမြို့ကို ပြန်လည်စိုးမိုးနိုင်ရန်ာစစ်ကောင်စီကကြံစည်​နေ ခြင်းဖြစ်သည်ဟု စလင်း ပကဖ မှ ကိုအောင်ဆန်းက သုံးသပ်သည်။

ပြီးခဲ့သည့်လက စစ်ကောင်စီသည် ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁) နှင့် မကွေးမြို့အခြေစိုက် တပ်မ(၈၈)လက်အောက်ခံ ခလရ (၂၅၃) ၊ခလရ(၂၅၄ နှင့် ခရ (၂၅၅)တပ်ရင်းများဖြင့် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည်။

ထိုစစ်ကြောင်းသည် ပြည်သူခြောက်ဦးကို သတ် ဖြတ်ခဲ့ပြီး ဒေသခံနေအိမ် ၄၀၀ ကျော်ကို မီးရှို့ခဲ့ ကြောင်း ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းအချို့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာ ဒီကနေ့(ဇွန်လ ၂၈ရက်)မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ စစ်မြေပြင်က ရဲဘော်တွေက ပြောပါတယ်။

သတင်း

ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်​ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့အနီးတွင် ယ​နေ့ညနေပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေကြောင်းဒေသခံ အချို့က ပြောသည်။

သတင်း

ကာမိုင်း-ဖားကန့်လမ်းပိုင်းရှိ နမ့်ယားရွာအနီး စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရောက်ရှိလာပြီး KIA၊ KPDF ပူးပေါင်းတပ်နှင့် တိုက်ပွဲထပ်မံဖြစ်နေသည်။

Facebook