close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နေတန်ညာဟုကို တရားစွဲထားတာတွေ ရုပ်သိမ်းဖို့ အစ္စရေးကို ထရမ့် တိုက်တွန်း

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို တရားစွဲဆိုထားတာတွေ ပယ်ဖျက်လိုက်ဖို့၊ ဒါမှမဟုတ် အပြီးတိုင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ဖို့ အစ္စရေးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

The New York Times

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို တရားစွဲဆိုထားတာတွေ ပယ်ဖျက်လိုက်ဖို့၊ ဒါမှမဟုတ် အပြီးတိုင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ဖို့ အစ္စရေးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နေတန်ညာဟုဟာ လာဘ်စားမှု၊ အဂတိမှု၊ ယုံကြည်မှုကို ချိုးဖောက်မှုတွေအတွက် ၂၀၁၉ မှာ စွဲချက်တင်ခံရပြီး ၂၀၂၀ ပြည့်နှစ်မှာ စတင် တရားရင်ဆိုင်နေရပါတယ်။ ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက် ၃ ခုနဲ့ ကြုံနေတဲ့ နေတန်ညာဟုကတော့ သူဟာ ဘာအမှားအယွင်းမှ ကျူးလွန်မထားဘူးလို့ အခိုင်အမာ ပြောပါတယ်။

ထရမ့်ကတော့ အစ္စရေး အနေနဲ့ နိုင်ငံရဲ့ အထင်ကရ သူရဲကောင်း တစ်ဦးဖြစ်တဲ့ နေတန်ညာဟုအပေါ် စွဲချက်တင်ထားတာတွေကို ပယ်ဖျက်ဖို့၊ ဒါမှမဟုတ် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသွာခွင့် ပြုလိုက်ဖို့ ချက်ချင်း လုပ်သင့်ကြောင်း လူမှုကွန်ရက် မီဒီယာမှာ ရေးသားပြီး တိုက်တွန်းခဲ့ပါတယ်။

နေတန်ညာဟုအတွက် တရားစီရင် စစ်ဆေးနေတာတွေကို ချက်ချင်း ပယ်ဖျက်သင့်ကြောင်း၊ ဒါမှမဟုတ်လည်း သူ့နိုင်ငံအတွက် အများကြီး အလုပ်လုပ်ပေးထားတဲ့ အထင်ကရ သူရဲကောင်း တစ်ဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သင့်ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ဇွန်လ ၂၅ ရက်နေ့က ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေတန်ညာဟုအပေါ် စွဲချက်တွေနဲ့ ပတ်သက်လို့ ဇွန်လ ၃ ရက်နေ့မှာ အပြန်အလှန် လျှောက်လဲချက် တင်သွင်းတာတွေ စတင်ခဲ့ပြီး အဲဒီ လုပ်ငန်းစဉ်ဟာ တစ်နှစ်လောက် ကြာမြင့်နိုင်တယ်လို့ အစ္စရေး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

စည်းမျဉ်းတွေအရ အစ္စရေး သမ္မတ အိုက်ဆက် ဟားဇော့ဂ်ဟာ နေတန်ညာဟုကို ပြစ်ဒဏ်ကနေ ကင်းလွတ်အောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ပေမယ့်လည်း လတ်တလောမှာတော့ အဲဒီလို အစီအစဉ်မျိုး မရှိသေးကြောင်း သတင်းတွေက ဆိုပါတယ်။

ထရမ့်က သူ့ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ်လည်းဖြစ်တဲ့ နေတန်ညာဟုကို စစ်သူရဲ တစ်ဦးလို့လည်း တင်စားခဲ့ပါသေးတယ်။ အမေရိကန်ဟာ အစ္စရေးကို ကူညီ ကယ်ဆယ်ဖူးကြောင်း၊ အခုတော့ အမေရိကန်ဟာ နေတန်ညာဟုကိုလည်း ကူညီ ကယ်ဆယ်ရမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ အဲဒီ အဓိပ္ပါယ်ဟာ အစ္စရေးဖက်က ပါဝင်ကူညီ တိုက်ခိုက်ပြီး အီရန် နျူကလီးယား အဆောက်အအုံတွေကို အမေရိကန်က ဗုံးကြဲ ဖျက်ဆီးခဲ့တာကို ထရမ့်က ရည်ညွှန်းဟန် ရှိပါတယ်။

နေတန်ညာဟု လက်ရှိ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ တရားရေး အကျပ်အတည်းမှာ အမေရိကန်က ဘယ်လို အကူအညီ ပေးနိုင်မလဲ ဆိုတာကိုတော့ ထရမ့်က ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။

သူက နေတန်ညာဟု လက်ရှိကြုံနေရတဲ့ အခြေအနေဟာ ပြိုင်ဘက်တွေရဲ့ နိုင်ငံရေးအရ လုပ်ကြံထိုးနှက်ဖို့ ပစ်မှတ်ထား အားထုတ်မှုမျိုးလို့ ဝေဖန်ထားပါတယ်။ အမေရိကန်မှာ သူကိုယ်တိုင်လည်း တရားရေးအရ စွဲချက်တွေ ကြုံတွေ့ခဲ့ရချိန်မှာ ထရမ့်ဟာ အဲဒီ စကားလုံးကို မကြာခဏ အသုံးပြုခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် နိုင်ငံတွေက ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ဖို့ ကတိပြု လက်ခံခဲ့ကြခြင်းဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခုလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ဗုံးကြဲမှုကြောင့် အီရန် နျူကလီးယား အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးခဲ့တယ်လို့ ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ မရေမရာ အခြေအနေတွေ ကြုံခဲ့ပေမယ့် အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အီရန်နဲ့ အစ္စရေးတို့ကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ဆက်လက် တည်တံ့နေပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် အစ္စရေးရော၊ အီရန်ကိုပါ စိတ်ပျက်မိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

Trending

Facebook