

ကဗျာ
◼️ခွန်းနီအထောက်အထားမဲ့ ကဗျာဆရာတစ်ယောက်ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။ ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်းကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။ ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီတစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။ ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ်အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီးပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။ ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။ အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာပြန်ချိန်မရောက်သေးတာကို နားလည်ရဲ့မဟုတ်လားသံသယတွေမီးပုံထဲ ပစ်ထည့်လိုက်စမ်းပါ။ သောကမှန်ရင်...