နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်နဲ့ မေးမြန်းခန်း
နိုင်ငံရေးအကျဥ်းသားတွေ ထောင်တွင်းမှာ ကျန်ရှိနေသရွေ့ မြန်မာနိုင်ငံဟာ မလွတ်လပ်ဘူးလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယူဆထားပါတယ်။
ဇွန်လ ၁၉ရက်မှာ အသက် ၈၀ ပြည့်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၂၂,၀၀၀ ကျော်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင်တာကို ခံနေရပါတယ်။

Public Service Announcement
၂၀၂၁ စစ်အာဏာသိမ်းမှုဟာ စစ်အုပ်စုကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်သလို စစ်တပ်က ၂၀၀၈ က ပေးထားတဲ့ အာဏာနဲ့ မလုံလောက်လို့၊ ဒီထက်ပိုပြီး အာဏာလိုချင်လို့ ဖြစ်တယ်လို့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ရှုမြင်ပါတယ်။
စစ်အုပ်စု လုပ်ဆောင်ခဲ့တာ၊ လုပ်ဆောင်နေတာတွေက တိုင်းပြည်အတွက် ကောင်းတဲ့လဏ္ခဏာမဟုတ်သလို စစ်တပ်အတွက်လည်း ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ သူက သတိပေးပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီလက်ထက်မှာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ အဆိုးဆုံးအခြေအနေကို မြန်မာပြည်သူလူထု တွေ့ကြုံခံစားနေရပြီး လူ့ငရဲဖြစ်တဲ့ အကျဥ်းထောင်တွေကတော့ အဆိုးတကာ့အဆိုးဆုံးလို သူက ဆိုပါတယ်။
အကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေကို နိုင်ငံတကာက မေ့မထားသင့်သလို မြန်မာပြည်သူတွေကလည်း မေ့မထားသင့်ဘူးလို့ သူက တိုက်တွန်းပါတယ်။
AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကို People’s Spring က သီးသန့်တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ပေးလိုက်ပါတယ်။
