ဇွန် – ၂၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ကွယ်သူးအထူးတပ်ဖွဲ့သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ် ၊ ရွှေကုက္ကိုလ်မြိုင်ဒေသမှာ ဒီနေ့ (ဇွန်လ ၂၉ ရက်) စတင်ဖွင့်လှစ်လိုက်တယ်လို့ BGF နဲ့ နီးစပ်သူတွေထံကသိရပါတယ်။
BGF ကွပ်ကဲရေးဌာနချုပ် အမှတ် (၃) စစ်ဒေသက ကြီးမှုးဖွင့်လှစ်တဲ့ အဲဒီစစ်သင်တန်း ဟာအမှတ်စဉ် ( ၄) ဖြစ်ပြီး သင်တန်းသားဦးရေ ၃၀၀ ဝန်းကျင် တက်ရောက်တယ်လို့သိရပါတယ်။
သင်တန်းမှာတော့ အခြေခံစစ်ပညာ ၊ လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်နည်း ၊ ဒရုန်း နဲ့ စနိုက်ပါ သင်တန်းကိုပါ ထည့်သွင်းသင်ကြားစေတယ်လို့သိရပါတယ်။

Public Service Announcement
BGF ဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ တပ်သားသစ်အင်အားစုဆောင်းတာကို အဆောတလျင် လုပ်ဆောင်လာတာဖြစ်ပြီး တပ်အင်အားကိုလည်းတိုးချဲ့ဖွဲ့စည်းနေပါတယ်။
အထူးသဖြင့် BGF စိုးမိုးရာ လှိုင်းဘွဲ့မြို့နယ်ထဲက ရွာတွေအပြင် ၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်တွေမှာလည်း တပ်သားသစ်စုဆောင်းတာရှိတယ်လို့သိရပါတယ်။
