ဇွန်-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကိုစစ်ကောင်စီကယနေ့ညနေပိုင်းတွင်လေကြောင်းမှ ဗုံးကြဲပြီးနောက်ညပိုင်းတွင်လည်း နောက်တကြိမ်ထပ်မံဗုံးကြဲသည်။
စစ်ကောင်စီက ဇွန် ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့်ပေါင် (၂၅ဝ)ဗုံးနှစ်လုံးကို ကျောက်မဲမြို့၊ ရပ်ကွက် (၁)အားကြဲခဲ့သည်။ထိုနောင် ခြောက်နာ ရီ ဝန်းကျင်သာခြား၍ဇွန် ၂၉ ရက် ည ၈နာရီ၃၈မိနစ်၌ ထပ်မံဗုံးကြဲခြင်းဖြစ်သည်။
“ရူးတော့မယ်။ ခဏခဏ လာကြဲနေတာ။ ပြည်သူကို သတ်နေတဲ့ စစ်တပ်ပဲ”ဟုမြို့ခံတဦးကပြောသည်။

Public Service Announcement
ညနေပိုင်းက ဗုံးကြဲမှုတွင် အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရခဲ့ပြီး နေအိမ် အဆောက်အဦ၁၀လုံး ပျက်စီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ည ၈နာရီ ၅၈မိနစ်၌ စစ်ကောင်စီက ဗုံး ၆ လုံးကြဲချတိုက်ခိုက်သွားပြီးဖြစ်စဉ်ကို ဆက်လက်ထုတ်ပြန်မည်ဟု TNLAက အသိပေးထားသည်။
စစ်ကောင်စီသည် ကျောက်မဲမြို့ကိုဇွန်လ ၂၄ရက်၊ ၂၇ရက် နှင့် ဇွန် ၂၉ ရက်ညအထိ ဗုံးကြဲတိုက်ခိုက်မှုတွင်အရပ်သားငါးဦးသေဆုံးပြီး ၁၆ဦးထက်မနည်း ဒဏ်ရာရရှိထားသည်။နေအိမ် (၅၁)လုံးနှင့် စာသင်ကျောင်း (၂)ကျောင်းပျက်စီးခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLAက သတိပေးထားသည်။
ဇွန်လ နှောင်းပိုင်းကာလ၌ ကျောက်မဲအပြင် TNLA ထိန်းချုပ်ဒေသ မိုးကုတ်၊ နမ္မတူမြို့တို့ကိုလည်း စစ်ကောင်စီက ဗုံးကြဲနေပြီး နောင်ချိုမြို့တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။
