ဇွန်-၂၉၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၂၉)မှာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းက “Freedom from fear” ၊ “ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း”၊ “ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ” ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ယင်းမာပင်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်ကော်မတီကဒေသခံပြည်သူတွေနဲ့အတူစစ်အာဏာရှင်ဆန့်ကျင်ရေးညနေဆည်းဆာသပိတ်ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းကျေးရွာတစ်ရွာမှာလည်းနောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး လူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ဓာတ်ပုံ -စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
