close
Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ နဲ့ ဗြိတိသျှ စာကြည့်တိုက်မှူး ပက်ထရစ်ရှာဟားဘတ်

ကွယ်လွန်သူ အရှေ့တောင်အာရှ ရေးရာ ကျွမ်းကျင်သူ နဲ့ မြန်မာ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူဗြိတိန်အမျိုးသမီးကြီးပက်ထရစ်ရှာဟားဘတ်ရဲ့ အကြောင်းကို သမက်ဖြစ်သူ Gurdian သတင်းဌာန ဂျာနယ်လစ်ကအမှတ်တရ ​ရေးသားဖော်ပြခဲ့ပါတယ်။

ကွယ်လွန်သူ အရှေ့တောင်အာရှ ရေးရာ ကျွမ်းကျင်သူ နဲ့ မြန်မာ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူဗြိတိန်အမျိုးသမီးကြီးပက်ထရစ်ရှာဟားဘတ်ရဲ့ အကြောင်းကို သမက်ဖြစ်သူ Gurdian သတင်းဌာန ဂျာနယ်လစ်ကအမှတ်တရ ​ရေးသားဖော်ပြခဲ့ပါတယ်။

ဂျာနယ်လစ် အဒမ်ရမ်းဆေးက ဟားဘတ် ဖြတ်သန်းခဲ့တဲ့ ဘဝဇာတ်ကြောင်းကို ဇွန်လ ၁၁ ရက်နေ့တုန်းက Guardian သတင်းစာမှာ ဖော်ပြခဲ့တာပါ။ ဟားဘတ်ဟာ ဧပြီလ ၁၆ ရက်နေ့တုန်းက အသက် ၈၁ နှစ် အရွယ်၊ အီဒင်ဘာ့ဂ်မြို့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဟားဘတ်ဟာလန်ဒန်မြို့ရဲ့ဗြိတိသျှစာကြည့်တိုက်မှာအရှေ့တောင်အာရှရေးရာဌာနစာကြည့်တိုက်မှူးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်ထုတ် The Life of Buddha အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ပြုစုရေးသားခဲ့ပါတယ်။

သူပြုစုခဲ့တဲ့ မြန်မာစာပေ ကျမ်းပြုမှတ်တမ်းဟာ သက်ဆိုင်ရာ နယ်ပယ်မှာ ပညာရှင်တွေ အထူးပြု ကိုးကားရတဲ့ စာတမ်းတစ်ခု ဖြစ်ခဲ့ပြီး မြန်မာစာပေ လေ့လာဖို့ သမ္မာကျမ်းစာအဖြစ် ရည်ညွှန်းခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ပညာရှင်ဘဝနဲ့ ဆက်စပ်ပြီးဟားဘတ်ဟာမြန်မာ့ ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ပွန်းသည်မိုက်ကယ်အဲရစ်တို့ အောက်စ်ဖို့ဒ်မှာနေထိုင်ခဲ့ချိန်တုန်းက နှစ်ဦးစလုံးနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

ဟားဘတ်ဟာ မြန်မာကနေ ဗြိတိန်ဆီခိုလှုံရောက်ရှိလာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အကူအညီတွေပေးခဲ့သလို ၁၉၈၉ ကနေ၂၀၁၇ ထိ အတောအတွင်း ပညာရေး ပရဟိတ အသင်းတစ်ခုဖြစ်တဲ့ Prospect Burmaရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

အခုအခါမှာတော့ အဲဒီအသင်းဟာ ဟားဘတ်ရဲ့ နာမည်ကို ဂုဏ်ပြုထည့်သွင်းတဲ့ပညာသင် ထောက်ပံ့ရေး အစီအစဉ်တစ်ခု အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။

လန်ဒန်မှာရှိတဲ့ မြန်မာကျောင်းသူကျောင်းသားတွေကြားမှာတော့ ဟားဘတ်ဟာ အန်တီပက်ဆိုတဲ့ ချစ်စနိုးနာမည်နဲ့ လူသိများပါတယ်။ သူဟာ လန်ဒန်မှာရှိတဲ့ အရှေ့တိုင်းနဲ့အာဖရိကရေးရာ လေ့လာရေး (SAOS) တက္ကသိုလ်မှာ ရှိနေစဉ် အတောအတွင်း မြန်မာစကားကိုလေ့လာသင်ယူခဲ့ပါတယ်။

နောက်တော့အမေရိကန်နိုင်ငံ၊မစ်ချီဂန်တက္ကသိုလ်မှာ ပညာသွားသင်ရင်း ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

၁၉၆၉ ခုနှစ်မှာတော့ဟားဘတ်ဟာ SAOSမှာ ဆုံဆည်းခဲ့တဲ့ မြန်မာနိုင်ငံသား ခင်ပွန်းသည် ဒေါက်တာ ကျင်စွိနဲ့အတူ ရန်ကုန်မှာ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ နေထိုင်ခဲ့ချိန် အတောအတွင်း ကာလတွေမှာရော၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံဆီ ထပ်မံ လာရောက်တဲ့ အလည်အပတ် ခရီးစဉ်တွေ အတောအတွင်းမှာပါ သူဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ ခင်မင် ကျွမ်းဝင်လာခဲ့ပါတယ်။

ဒေါက်တာကျင်စွိ နဲ့ ကွာရှင်းပြီး လန်ဒန်မှာ ပြန်လည် အခြေချခဲ့ပြီးတဲ့နောက် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ သူဟာဗြိတိသျှစာကြည့်တိုက်ကို ချိတ်ဆက်ပြီး စာကြည့်တိုက်မှူးအဖြစ် ၂၃ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ လန်ဒန်မှာအေရီရယ်လ် ဒိုင်ဂရီ နဲ့ တွေ့ဆုံပြီး ၁၉၈၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

ဟားဘတ်ဟာ မြန်မာစာပြု သုတေသန လေ့လာမှုတွေနဲ့ ဒီမိုကရေစီရေးအားထုတ်မှုတွေအတွက် ၂၀၁၇ ခုနှစ်မှာ MBE သူကောင်းဘွဲ့ ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသလိုနောက်ထပ်တစ်နှစ်အကြာမှာတော့ နယ်သာလန်နိုင်ငံ အမ်စတာဒမ် မော်ကွန်းတိုက်ရဲ့ နိုင်ငံတကာ လူမှုသမိုင်းဌာနက သူ့ရဲ့ သုတေသန စာတမ်းတွေကို Patricia Herbert Collection on Burmaဆိုတဲ့ နာမည်နဲ့ မှတ်တမ်းတင် ထားရှိခဲ့ပါတယ်။

ဟားဘတ် ကွယ်လွန်ချိန်မှာ ခင်ပွန်းဖြစ်သူအပြင် သမီးတွေဖြစ်တဲ့ အိုလ်ဂါ၊ ခရစ္စတီ၊ ဂျူးလိယက်တို့အပြင် မြေး ၇ ဦး၊ မြစ် ၆ ဦး ကျန်နေခဲ့ပါတယ်။

ကိုးကား-Guardian

ဆက်စပ်သတင်းများ