close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်တွေ လက်ထဲက ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ အလောင်းကို အစ္စရေးစစ်တပ် ရှာတွေ့

ဟားမားစ် ဦးဆောင်ပြီး အစ္စရေးနယ်စပ်ကို ကျူးကျော် တိုက်ခိုက်ချိန်မှာ အဖမ်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ ရုပ်အလောင်းကို ဂါဇာ ကမ်းမြှောင်ဒေသမှာ ရှာတွေ့ခဲ့တယ်လို့ အစ္စရေးက ကြေညာခဲ့ပါတယ်။

ဟားမားစ် ဦးဆောင်ပြီး အစ္စရေးနယ်စပ်ကို ကျူးကျော် တိုက်ခိုက်ချိန်မှာ အဖမ်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ ရုပ်အလောင်းကို ဂါဇာ ကမ်းမြှောင်ဒေသမှာ ရှာတွေ့ခဲ့တယ်လို့ အစ္စရေးက ကြေညာခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် နက်တာပေါင် ပင်တာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက အစ္စရေး တောင်ပိုင်းကို ဟားမားစ်နဲ့ မဟာမိတ် ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာ အဖမ်းခံခဲ့ရတာပါ။ သူ့ရဲ့ အလောင်းကို ဇွန်လ ၆ ရက်နေ့က ဂါဇာတောင်ပိုင်း၊ ရာဖာဟ်မြို့မှာ ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး တစ်ခုမှာ ရှာတွေ့ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောပါတယ်။

နက်တာပေါင်ဟာ အစ္စရေးမှာ စိုက်ပျိုးရေး လုပ်သားတစ်ဦးအဖြစ် အလုပ်သွားလုပ်နေခဲ့ရင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ ကြားညပ်ခဲ့ရတာပါ။

အလောင်းရဲ့ အခြေအနေအရ သူဟာ အဖမ်းခံရပြီး အစောပိုင်း လတွေမှာ ကတည်းက သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း အစ္စရေးစစ်ဘက် အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ အလောင်း ပြန်မတွေ့ခင်ထိ နက်တာပေါင် သေသလား၊ ရှင်သလား ဆိုတာကို တိတိကျကျ အတည်မပြုနိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း အစ္စရေး စစ်တပ်ဟာ ဂါဇာမှာ အစ္စရေးနွယ်ဖွား အမေရိကန် နှစ်ဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပါတယ်။ နက်တာပေါင်ဟာ ထိုင်းမှာ ကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့ဖို့အတွက် နာအော့ဇ် ဘုံလယ်ယာ စိုက်ပျိုးရေးရွာမှာ အလုပ်လုပ်နေရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးသွားတာဟာ မူဂျာဟေဒင် တပ်မဟာလို့ နာမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အရှင်ဖမ်းမိတဲ့ အကြမ်းဖက်သမား တစ်ဦးကို စစ်ဆေးမေးမြန်းပြီး ရရှိခဲ့တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ သူ့ရဲ့အလောင်းနေရာကို ခြေရာခံမိခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ အလောင်းရှာတွေ့တဲ့ သတင်းအပြီး BBC သတင်းဌာနဟာ နက်တာပေါင်ရဲ့ ဇနီးဆီ ဖုန်းဆက် စုံစမ်းခဲ့ပေမယ့် ဖုန်းမဖြေခဲ့ပါဘူး။ ဒါပေမဲ့ နက်တာပေါင်ရဲ့ သားဖြစ်သူ ငိုကြွေးနေတဲ့ ဓာတ်ပုံတစ်ပုံကို message ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်နဲ့ ပါလက်စတိုင်း မဟာမိတ် လက်နက်ကိုင် တပ်တွေဟာ အစ္စရေး တောင်ပိုင်းကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၁ ဦးကို ဓားစာခံတွေအဖြစ် ဂါဇာပိုင်နက်ထဲ ဖမ်းဆီးသွားခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ဟားမားစ် လက်ထဲမှာ ဓားစာခံ ၅၄ ယောက်လောက် ရှိနေဆဲဖြစ်ပြီး ၃၁ ဦးကတော့ သေဆုံးသွားပြီလို့ ယူဆရပါတယ်။

ဟားမားစ်ရဲ့ ကျူးကျော်မှုကို အစ္စရေးက စစ်အင်အား အလုံးအရင်းနဲ့ လက်တုံ့ပြန်ရာက ဂါဇာစစ်ပွဲ စတင်ခဲ့ပြီး ပါလက်စတိုင်း ၅ သောင်းခွဲ နီးပါးလောက် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ဟားမားစ် ပြောက်ကျားအဖွဲ့ရဲ့ ပြိုင်ဘက် အစုအဖွဲ့ တစ်ခုကို အစ္စရေးက လက်နက် တပ်ဆင်ပေးနေပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန် အစိုးရဆီက နောက်ဆုံး အဆိုပြုလာမှုကို ပယ်ချမှာ ဖြစ်တယ်လို့ ဟားမားစ် ပြောက်ကျားတွေက ပြောပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေက လွှတ်ပေးခဲ့တဲ့ နောက်ဆုံးလက်ကျန် အမေရိကန်သား ဓားစာခံဟာ မိသားစုနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးမှာ နိုင်ငံအသီးသီးဟာ ကိုယ်ကျိုးစီးပွါးကို အခြေခံတဲ့ ရပ်တည်ချက်တွေကို ဦးစားပေးလာကြပြီး ကမ္ဘာကြီးတခုလုံးရဲ့ တည်ငြိမ်တိုးတက်ရေးအကျိုးစီးပွါးအလို့ငှာ အမြော်အမြင်တွေကို မျက်ကွယ်ပြုလာကြပါတယ်။