close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

ကျနော်တို့တခြားတော်လှန်ရေး အဖွဲ့အစည်းကိုနားလည်မှု ၊စည်းလုံးညီညွတ်မှု ဒီထက်ပိုပြီး တည်ဆောက်ရမယ်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို ဒီလပိုင်း အတွင်းဆက်တိုက်သိမ်းယူ​နေပါတယ်။ စစ်​ကောင်စီရဲ့ အဓိက နယ်စပ်ကုန်သွယ်​ရေးစခန်းဖြစ်တဲ့ မြန်မာ-ထိုင်းနယ်စပ်က ထီးခီးနယ်စပ်ကုန်သွယ်​ရေးစခန်းကိုထိန်းချုပ်ထားတဲ့ ထီးခီးစစ်စခန်းကို မေလ ၉ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထီးခီးစခန်းသိမ်းပိုက်ခဲ့မှု၊ဒေသတွင်းစစ်​ရေးအ​ခြေအ​နေ ၊ စစ်အာဏာရှင် ​တော်လှန်ရေးအတွက် KNUတပ်မဟာ(၄)က ရှေ့ဆက်မယ့် အစီအစဥ်တွေကို မြိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကို People’ Spring ကဆက်သွယ်မေးမြန်းထားပါတယ်။

■ KNU တပ်မဟာ(၄)၊မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားနဲ့​မေးမြန်းခန်း

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို ဒီလပိုင်း အတွင်းဆက်တိုက်သိမ်းယူ​နေပါတယ်။ စစ်​ကောင်စီရဲ့ အဓိက နယ်စပ်ကုန်သွယ်​ရေးစခန်းဖြစ်တဲ့ မြန်မာ-ထိုင်းနယ်စပ်က ထီးခီးနယ်စပ်ကုန်သွယ်​ရေးစခန်းကိုထိန်းချုပ်ထားတဲ့ ထီးခီးစစ်စခန်းကို မေလ ၉ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထီးခီးစခန်းသိမ်းပိုက်ခဲ့မှု၊ဒေသတွင်းစစ်​ရေးအ​ခြေအ​နေ ၊ စစ်အာဏာရှင် ​တော်လှန်ရေးအတွက် KNUတပ်မဟာ(၄)က ရှေ့ဆက်မယ့် အစီအစဥ်တွေကို မြိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကို People’ Spring ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး-ထီးခီးစခန်းသိမ်းပိုက်နိုင်မှုက KNU တပ်မဟာ(၄)အတွက် သမိုင်းကြောင်းအရဘယ်လောက်အရေးကြီးတယ်ဆိုတာရှင်းပြ​ပေးပါလား။

Public Service Announcement

Public Service Announcement

ဖြေ-ထီးခီးစခန်းသိမ်းပိုက်နိုင်မှုက KNU တပ်မဟာ(၄)အတွက် သမိုင်းအရဆို အဓိက ကတော့ ကျနော်တို့ ဌာနချုပ်ဟောင်း ပြန်လည်သိမ်းယူတာပေါ့နော်။ အဓိက သမိုင်းဖြစ်စဉ်တခုဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီတနင်္သာရီတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင် ဗမာပြည် အစိုးရ ခေတ်အဆက်ဆက်သော်လည်းကောင်း စစ်အာဏာရှင် ခေတ်အဆက်ဆက်သော်လည်းကောင်း အဲဒီနယ်စပ်တလျောက်မှာ မရှိဘူး။ သူတို့ အုပ်ချုပ်ရေးလည်းမရှိဘူး။ သူတို့ရဲ့ စစ်တပ်လည်းမရှိဘူး။ ကျနော်တို့ ကရင်လူမျိုးတွေ ပြီးတော့ KNU ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်။ ၁၉၉၇ ခုနှစ်မှာ အဲဒီ အာဏာရှင် စစ်တပ်တွေက ထိုးစစ်ဆင်ပြီးတော့ ကျနော်တို့က နယ်မြေတွေကို စွန့်လွှတ်ရတာပေါ့နော်။ နောက်ပိုင်းမှာ သူတို့က ကုန်သွယ်ရေးစခန်းတွေဖွင့်တယ်။ ပြီးတော့ အုပ်ချုပ်ရေးတွေလာချတယ်။ တပ်စခန်းကို လာချတာပေါ့နော်။ အဲဒီအတွက် ကျနော်တို့က အခုလောလောဆယ် ပြန်လည်သိမ်းပိုက်တဲ့အတွက် ကျနော်တို့က KNU ရဲ့ သမိုင်းအရ အရေးကြီးတဲ့ အရေးကြီးတဲ့ဖြစ်တယ်။ပြီးတော့ကရင်လူမျိုးတွေကိုယ့်နေရာ ကိုယ့်ဒေသကိုပြန်လည်ရရှိဖို့ ဝမ်းသာတယ်။သူတို့လည်းပြန်လည်နေထိုင်လို့ရတယ်ပေါ့နော်။

မေး-ထီးခီးစခန်းရတဲ့အတွက်စစ်ရေးအရ၊ နိုင်ငံရေး အရ ဘယ်လိုအားသာမှုကို ဖြစ်စေပါသလဲ။

ဖြေ-ရှေ့ဆက်မယ့် အနာဂတ်ဆိုလည်းပဲ ကျနော်တို့ KNUက တော်လှန်ရေး အခြားအဖွဲ့အစည်းကို အခြေခံဒေသသော်လည်းကောင်းကျနော်တို့ဟာ ရှေ့ဆက်မယ့် အဲဒီ ပန်းတိုင်ကို သွားကြဖို့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့အတွက် ပြီးတော့ စစ်အာဏာရှင် တိုက်ဖျက်ဖို့အတွက်က အခြား တော်လှန်ရေးအဖွဲ့အစည်းကို အထောက်အကူအများကြီးဖြစ်နိုင်တယ်။ပြီးတော့ကျနော်တို့ လက်တွဲပြီး အဲဒီ အာဏာရှင်တိုက်ဖို့ကလည်း အခွင့်အရေး များလာတယ်ပေါ့နော်။

မေး-ထီးခီးစခန်းရဖို့ ဘယ်​လောက်ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပါလဲ ။

ဖြေ- အဲဒီ ထီးခီးစခန်းတိုက်ဖို့က အခက်အခဲတွေရှိတာပေါ့နော်။ ဘာဖြစ်လဲဆိုတော့ ဒီစခန်းက နယ်စပ်မျဉ်းမှာရှိတယ်။ တကယ်ဆိုလို့ရှိရင် ထိုင်းဘက် တခြမ်း ဝင်သွားတာရှိတယ်။ ထိုင်းအာဏာပိုင်တွေလည်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် စကစ စစ်တပ်တွေကို ကူညီတာ သူတို့ကနေ လုပ်ရတာပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ တိုက်တဲ့အချိန်မှာဗုံးသီးတွေထိုင်းဘက်မကျရအောင် အခက်အခဲရှိတယ်။သူတို့ စခန်းမှာလည်း မဟာဗျူဟာအရ တိုက်ဖို့ဟာလည်းခက်တယ်။ ပြီးတော့ ထိုင်းကလည်း ကျနော်တို့ကို ဖိအားပေးတာတွေရှိတယ်။ အဲဒါကြောင့် အခက်အခဲတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေသတ္တိရှိရှိနဲ့ကြိုးစားမှု အားထုတ်တဲ့အတွက်ကြောင့် ကျနော်တို့က တိုက်နိုင်တာပေါ့နော်။

မေး- အရင်က တပ်မဟာ(၄)တပ်မဟာမှူး ဗိုလ်မှူးချုပ်အော်လီဗာလက်နက်မှာ ဆုံးရှုံးခဲ့ရတဲ့ ထီးခီးဒေသကို သားဖြစ်သူ လက်ရှိတပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖိုးလေးလက်ထက်မှာပြန်သိမ်းယူနိုင်ခဲ့တာ​နော်။

ဖြေ-အဲဒါတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ ဌာနချုပ်မှာ လူတဦးတယောက်နဲ့ ဆိုင်တာမဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ ဆိုင်တာပေါ့နော်။ အရင်က စကစ မဟုတ်ဘဲနဲ့ န၀တ၊ နအဖ ခေတ်မှာ သူတို့က အင်အားတောင့်တာပေါ့နော်။ အဲဒီအချိန်မှာ တော်လှန်ရေးအဖွဲ့အစည်း KNUက အဓိက ဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတခုလုံး လူတိုင်း ဒီလိုမျိုး လူတိုင်း ပြည်သူတိုင်း တော်လှန်ရေး လုပ်တာမရှိလို့ အဲဒီအချိန်မှာ စကစက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထက် အင်အားပိုများတာပေါ့နော်။

မေး-လက်ရှိစစ်ရေးအခြေအနေအပေါ်​ ဘာပြောလိုပါလဲ။

ဖြေ-ကျနော်တို့စစ်ရေးစီမံချက်အရကျနော်တို့ သွားရမှာပဲ။ ကျနော်တို့ ပန်းတိုင်ကတော့ မြန်မာနိုင်ငံကို စစ်အာဏာရှင် ဖြုတ်ချဖို့ အမြစ်ဖြတ်ဖို့ ပြီးတော့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့က ကျနော်တို့ကဆက်သွားရမယ့် လက်နက်ကိုင်တော်လှန်ရေးဆက်လုပ်ရမယ်။ ကျနော်တို့တခြားတော်လှန်ရေး အဖွဲ့အစည်းကိုနားလည်မှု စည်းလုံးညီညွတ်မှု ဒီထက်ပိုပြီး တည်ဆောက်ရမယ်။ ကျနော်တို့က အဲဒီ စီမံချက်တွေ အဲဒီ သဘောထားတွေရှိတာပေါ့နော်။

မေး-စစ်ကောင်စီတပ်သားတွေကို​ရော အခုအချိန်မှာ ဘာပြောချင်လဲ။

ဖြေ-စကစ တပ်သားတွေ အတွက်ကျတော့် ကျနော်တို့ အတွေ့အကြုံအရဆိုရင် သူတို့ကို လောလောဆယ် ရှေ့တန်းမှာ အထက်က လူကြီးတွေပို့တယ်။ ဒါပေမဲ့ များသောအားဖြင့် သူတို့က အသေခံပြီးတော့ အသက်တွေ ဆုံးရှုံးတယ်။ ဒါပေမဲ့ ဆုံးရှုံးတဲ့အသက်တွေက ဘာမှ တန်ဖိုးမရှိဘူးနော်။ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး ပြည်သူအတွက်လည်း အကျိုးမရှိဘူးနော်။ များသောအားဖြင့် သူတို့ စခန်းမှာ ထားရှိတဲ့ စစ်စခန်းတွေက ရဲဘော်၊ တပ်မှူး တွေက သူတို့က ခုခံစစ်တွေ ခုခံတာပေါ့။ ဒါပေမဲ့ အထက်လူကြီးက ကူညီနိုင်ဖို့ အဲဒီ စစ်ကူပေးနိုင်ဖို့ လေယာဉ်လာပစ်ကူနိုင်ဖို့အတွက်က မရှိတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်ရဲ့ ခေါင်းဆောင်တွေ အတွက် သူတို့ (အောက်ခြေစစ်သည်) အသက်တွေလည်း အဲဒီလောက်တန်ဖိုးမရှိဘူး။ သူတို့ သေရင်လည်း ဘာမှ တန်းဖိုးမရှိဘူး။ အဲဒီ စစ်တပ်ခေါင်းဆောင်တွေကလည်း ဘာမှ တန်ဖိုးမထားဘူး။ပြီးတော့ များသောအားဖြင့် အတင်းအဓမ္မ စစ်သားတွေစုဆောင်းတာတွေက များသောအားဖြင့် စိတ်မပါတဲ့အဲဒီ လူငယ်တွေများတာပေါ့နော်။ အရပ်သားတွေများတယ်။ ဖြစ်နိုင်ရင် သူတို့ကလည်း တော်လှန်ရေးနယ်မြေရောက်တဲ့အချိန်ထွက်ပြေးလို့ရတယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းနဲ့ ဆက်သွယ်လို့ရတယ်။ အဲဒါမှ သူတို့ အဲဒီလို လုပ်ဆောင်မှစစ်တပ်က ပြိုလဲမှာ။

မေး-KNU တပ်မဟာ(၄)ရော အခြားတပ်မဟာ ​တွေမှာရော အောင်ပွဲတွေ ဆက်တိုက်ရနေတာတွေ့ပါတယ်။ အရင်က တပ်မဟာ(၄) အပါအဝင် KNUကို တချို့က ဝေဖန်ကြတာပေါ့။ ဒီအပေါ် ဘာပြောလိုပါသလဲ။

ဖြေ-တပ်မဟာ(၄)က ကျနော်တို့ကအရင်ကတည်းက စစ်အာဏာရှင်ကိုလက်ခံတာမှမဟုတ်ဘူး။ ကျနော်တို့ ဗဟိုရဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ပေါ်လစီအတိုင်းပဲ ကျနော်တို့က လုပ်ဆောင်နေကြတာ။ ဒါပေမဲ့ ကျနော်တို့ အဲဒီ ပထမဆုံးပိုင်းက စစ်ရေးဖော်ဆောင်မှု နောက်ကျတာသော်လည်းကောင်း၊ နှေးနှေးတာ သော်လည်းကောင်း ဆိုတာက အဲဒါ ဘာဖြစ်လို့လည်းဆိုတော့ အခက်အခဲတော့ရှိမှာပေါ့နော်။အဲဒီ စစ်တိုက်ဖို့က ကျနော်တို့က ပြင်ဆင်မှုတွေအရင်လုပ်ရမှာ။ အထူးသဖြင့်မပြောလိုတော့ဘူး ဘဏ္ဍာရေးရော လူအင်အားရော လိုအပ်တဲ့ လက်နက်ခဲယမ်းရော ပြင်ဆင်မှုရှိရမှာ။ KNU ရဲ့ တပ်မဟာတခုနဲ့ တခု ဆိုသော်လည်းပဲ ဗဟိုချမှတ်တဲ့လုပ်ငန်းစဉ်ကို ကိုယ့်နေရာ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ အခြေအနေကို အကောင်အထည်ဖော်တာဖြစ်တယ်။ ဥပမာ ကျနော်တို့ စခန်းတွေက သိမ်းနိုင်တာ ဆိုရင် ကျနော်တို့က ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျနော်တို့ တပ်မဟာ(၄)နဲ့ တခြား တော်လှန်ရေး အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှုရှိတဲ့အတွက်ကြောင့် အောင်ပွဲရှိတယ်။ အထူးသဖြင့် လူငယ်တွေပေါ့နော်။ များသောအားဖြင့် လူငယ်တွေပေါနော် တော်လှန်ရေးထဲမှာ ဝင်တဲ့လူငယ်တွေများသောအားဖြင့် သဘောထားတာ ကောင်းတယ်။ သဘောထားလည်းကြတယ်။ လူမျိုးဘာသာမခွဲခြားဘဲနဲ့ ကိုယ့်ဒေသ သူ့ဒေသ မခွဲခြားဘဲနဲ့ စစ်အာဏာရှင်တိုက်ထုတ်ဖို့က အဓိက ရည်မှန်းချက်ထားပြီးတော့ ပူးပေါင်းပါဝင်တာ ဖြစ်တဲ့အတွက် ကောင်းတဲ့ အင်အားတခုပဲ ကျနော်မြင်တာပေါ့နော်။ အရင်ကပြောတဲ့ သုံးသပ်ချက်သော်လည်းကောင်း ဝေဖန်မှုသော်လည်းကောင်း အဲဒါတွေကတော့ ကျနော်တို့ အလေးမထားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ များသောအားဖြင့် ဒီဝေဖန်ချက်က အပြုသဘောမဟုတ်ဘူး။ သူတို့က အနုတ်လက္ခဏာနဲ့ ဝေဖန်တာ ။ဘာမှ ကျနော်တို့အတွက်လည်း အကျိုးမရှိတဲ့အတွက် ကျနော်တို့လည်း အလေးမထားပါဘူး။

မေး-စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ဖို့ အခုချိန်ဘာအ​ရေးကြီးဆုံးလဲ။

ဖြေ-ကျနော်တို့မှာ တော်လှန်ရေးလုပ်နေတဲ့အချိန်မှာ ကျနော်တို့က တယောက်နဲ့ တယောက် အသိအမှတ်ပြုခြင်း လူမျိုး တမျိုးနဲ့တမျိုးခွဲခြားဆက်ဆံမှုမရှိဘူး။ အဓိကက သဘောထား တူညီဖို့လိုတယ်။ ဗမာပြည်ကို စစ်အာဏာရှင် အမြစ်ပြတ်ပြီးတော့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တွေတည်ထောင်ဖို့ ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးရရှိဖို့ ပြည်သူလူထုတွေ ငြိမ်ငြိမ်းချမ်းချမ်း ဖက်ဒရယ်စနစ်ကို ရရှိဖို့ အတွက်ဖြစ်တဲ့အတွက် ကျနော်တို့က အဲဒီ စည်းလုံးညီညွတ်မှုပဲ။ စည်းလုံးညီညွတ်မှုရှိရင် တိုက်ပွဲဖော်ဆောင်တဲ့အချိန်မှာ အောင်မြင်မှုတွေ ရှိတာပေါ့နော်။

မေး- စစ်ကောင်စီကနိုင်ငံတစ်ဝန်း ပြည်သူတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေတာမို့ ပြည်သူတွေကို ဘာ​ပြောလိုပါသလဲ။

ဖြေ-ပြည်သူတွေ သတိနဲ့ နေရမယ်။ သူတို့(စစ်ကောင်စီ)ကပြည်သူအရှုံးပေးဖို့လေယာဉ်နဲ့ ခြိမ်းခြောက်တာပါ။ ဒို့ အရှုံးမပေးရင် ဘယ်နည်းသုံးသုံး နောက်ဆုံး သူတို့ ရှုံးမှာပဲ။ ။

ဆက်စပ်သတင်းများ