ဇွန်-၃၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ဘောလခဲမြို့ရှိ စစ်တပ်၏ရေနီပေါက်ဗျူဟာစခန်းကုန်းကိုရရှိပြီဖြစ်ကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က လူထုနွေဦးသို့ ပြောသည်။
မြေပြင်စစ်ရေးသတင်းအချက်အလက်အရ မေလ ၂၂ ရက်တွင် စစ်ကောင်စီ၏ရေနီပေါက်ဗျူဟာ၏ ကာကင်းစခန်းတစ်ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ပြီးနောက် ဆက် လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
“အသေးစိတ်အချက်အလက်မရသေးပေမယ့် ကျွန်တော်သိရသလောက်ရေနီပေါက်ကို ကျော်သွားပြီလို့ပြောလို့ရပါတယ်။ခြံစည်းရိုးထဲမှာပေါ့။တဖြည်းဖြည်းနဲ့မှကျွန်တော်တို့အလုပ်လုပ်နေပါတယ်”ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဘောလခဲ မြို့စစ်ရေးအခြေအနေကို People’s Spring သို့ပြောသည်။

Public Service Announcement
စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင်နိုင်ရန်လက် နက်၊ခဲယမ်းကဲ့သို့ ရုပ်ဝတ္ထုလိုအပ်မှုအချို့ရှိနေ ကြောင်းလည်း ၎င်းကဆက်ပြောသည်။
“ရေနီပေါက်မှာစုစုပေါင်း စကစ အင်အား ၂၀၀ လောက်ရှိတယ်။ကာကင်းက တစ်ခုတည်းမဟုတ်ဘူး။သုံးလေးခုလောက်ရှိတယ်။အဲဒါတွေဆက်သိမ်းမှရေနီပေါက်ကိုရတာ”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်ကလူထုနွေဦးသို့ပြောသည်။
ရေနီပေါက်ဗျူဟာစခန်းကုန်းသိမ်းတိုက်ပွဲတွင် မေလ ၃၀ ရက်အထိ ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။ ရေနီပေါက်ရွာသည် ဘော်လခဲမြို့နှင့် ကပ်လျက်ရှိပြီး သံလွင်မြစ် အနောက်ဖက်ခြမ်းတွင်ရှိသည်။
ဘောလခဲမြို့နယ်၌ စစ်ကောင်စီတပ်စခန်း ငါးခုကို သိမ်းပိုက်ထားပြီးဖြစ်ကာ စစ်သား ၆၀ ကျော်သေပြီး သုံ့ ပန်းအချို့ဖမ်းမိကာ လက်နက်မျိုးစုံ ၄၀နှင့် ခဲယမ်းများ ရရှိသည်ဟု ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့၏ ဧပြီ ၂ ရက် တွင် ကြေညာထားသည်။
စစ်ဘက်သတင်းများအရ ဘောလခဲမြို့ပြင်ပ၌ မိုင်ထမ်းကာကင်းစခန်းကျန်ရှိနေသေးသည်။ဘောလခဲမြို့တွင် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ အမှတ် (၄၂၉) ခြေမြန်တပ်ရင်း (ခမရ ၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇) အပြင် ရှမ်း ပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်းအချို့ အားဖြည့်ထားသည်။
ယခုနှစ် ဖေဖော်ဝါရီလကစ၍ ကရင်နီပြည်နယ်၊ဘောလခဲ မြို့နယ်တွင် တိုက်ပွဲ ပြင်း ထန်လာနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ် ပြန်ခဲ့သည်။ထုတ်ပြန်စာတွင် မြို့နေလူထုသည် အမြန်ဆုံးရွှေ့ ပြောင်းရန်၊ စစ်ကောင် စီနှင့်မပတ်သက်ရန် အပါအဝင် စစ်ကောင် စီတပ်စခန်းအနီးရှိမနေရန် သတိပေးသည်။
