close
Connect with us

Hi, what are you looking for?

Fact-Check

ဖေစ်ဘွခ်တွင်ပျံ့နှံ့​နေ​သော screenshot ဖြင့်စာ ဗိုလ်ချုပ်တာဘုန်းကျော်​ရေးသားခြင်းမဟုတ်

ထိုစာအတုကို Photoshop ဖြင့်ပြုပြင်၍ ​ဖေစ်ဘွခ်တွင် ဖြန့်ချီခဲ့ခြင်းဖြစ်

သတင်းအမှားပိုစ်နှင့် Photoshop ဖြင့်ဖန်တီးထား​​​သော စာအတုကို စတင်ဖြန့်ချီခဲ့​သော​​ဖေစ်ဘွခ်စာမျက်နှာ

ဧပြီ-၁၁၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) နှင့် ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(PSLF/TNLA) တို့ကြားဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ညှိနှိုင်းနေစဉ် PSLF/TNLA အ​ထွေ​ထွေအတွင်း​ရေးမှူးဗိုလ်ချုပ်တာဘုန်းကျော်၏ ဖေစ့်ဘွတ်ခ်အကောင့် ပုံစံကို Photoshop ဖြင့်ပြုပြင်၍ ၎င်းမ​ရေးသောစာများဖြန့်​ဝေ​၍ သတင်းအမှားဖြန့်ချီမှုဖြစ်ပွား​ခဲ့သည်။

ဗိုလ်ချုပ်တာဘုန်းကျော် အသုံးပြုနေသည့် Mai Tea Land အမည်ဖေ့စ်ဘွတ်ခ် အကောင့် ပုံစံတူ ပြုလုပ်ပြီး ဗိုလ်ချုပ်တာဘုန်းကျော် အမှန်တကယ် ရေးသားခြင်းမရှိသည့်စာများကို​ရေးသားသည်ဆိုကာ ၊ ​ စာနှင့်ပုံကို Screenshot လုပ်ထားသည့်ပုံစံဖြစ်​အောင် Photoshop ဖြင့်ပြုပြင်၍ သတင်းအမှားဖြန့်​ဝေ​နေခြင်းဖြစ်သည်။

“မိတ်ဆွေစစ်ဖြစ်ရင် ရှည်ရှည်ဝေးဝေး ဆွေးနွေးစရာ မလိုဘူး။ … ။ကျုပ်တို့ရဲ့ အဝန်းအဝိုင်းထဲက မိတ်ဆွေတို့ ထွက်ခွာပေးရန် ” ဟူ၍ ဗိုလ်ချုပ်တာဘုန်း​ကျော်က KIO ​ခေါင်း​ဆောင်တစ်ဦးဖြစ်​သော ဗိုလ်ချုပ်ဂွန်​မော်၏စာကို တုံ့ပြန်​ရေးသည့်ပုံစံဖြင့် နှစ်ဖက် အထင်အမြင်မှားစေမည့် စာရေးသာကာ အဆိုပါ ရေးသားချက် Screenshot ပြုလုပ်ပြီး သွေးခွဲမှု လုပ်ဆောင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ Screenshot သည် အတုဖြစ်သည်ဟု ကာယကံရှင် ဗိုလ်ချုပ်တာဘုန်းကျော်က ဧပြီ ၁၀ ရက် ညပိုင်း၌ People’s Spring ၏ မေးမြန်းမှုအပေါ် ပြောပြသည်။

အဆိုပါ Screen Shot ပုံစံ သတင်းအမှားဖြန့်​နေ​သောပုံကိုသေချာစစ်​ဆေးသောအခါPhotoshop ဖြင့်ပြုပြင်ထားသည်ကို​တွေ့ရသည်။ အ​ကောင့်အမည်မှာ ပုံမှန်ထက် Bold ဖြစ်​နေခြင်း ၊ ​Mai Tea Land ​ဖေစ်ဘွခ်အ​ကောင့် မျက်နှာပြင်တွင်မရှိ​သော မျှဥ်း (Line )တစ်ခုပို​နေခြင်း ၊အ​ကောင့်အစစ်တွင် ​နောက်ဆုံးတင်ထား​သော ပိုစ်တစ်ခုမပါဘဲ ယင်းမတိုင်ခင်က ပိုစ်ပါ​နေခြင်း စသဖြင့် Photoshop ဖြင့်ပြုပြင်ထား​ကြောင်းသိသာ​စေ​သောအချက်များစွာ​တွေ့ရသည်။

Screen Shot အတုကို ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ ဆိုသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဧပြီ ၉ရက်ညကစတင်ခဲ့သည်ကို တွေ့ရသည်။ ထို​နောက် အဆိုပါစာကို အစစ်ထင်ပြီး ဧပြီ ၁၀ ရက်တွင်ထပ်ဆင့်ဖြန့်​ဝေသူများလာလာသည်။ ဖြန့်​ဝေသူများတွင် ​တော်လှန်​ရေးနှင့်ဆက်စပ်​သောအ​ကောင့်များ​၊​ပေချ်များပင်ပါ​နေသည်ကို​တွေ့ရသည်။

ထိုအပြင် Screenshot အတုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဧပြီ ၁၀ ရက်တွင် ပြန်လည်ဖြန့်ဝေပြီး သွေးခွဲနေမှုများကိုလည်းတွေ့ရသည်။

​ဖေစ်ဘွခ်က စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်နှင့် ပတ်သက်​သော အ​​ကောင့်များ ၊​ပေချ်များ ၊ဂရုများကို ဖြုတ်ချ အ​ရေးယူခဲ့​သည်။သို့သော်လည်းယခု​နောက်ပိုင်းတွင် ​ဖေစ်ဘွခ်က အချက်အလက်စစ်​ဆေး​ပေး​ကာ သတင်းအမှားတိုက်ဖျက်​ပေး​သော လုပ်ငန်းစဥ်များကို ရပ်နားလိုက်သဖြင့် ယခုလပိုင်းအတွင်း​ဖေစ်ဘွခ်တွင် စစ်တပ်နှင့်ပတ်သပ်​သောအ​ကောင့်များ၊​ပေချ်များ၊ဂရုများပိုများလာပြီး သတင်းအမှားဖြန့်​ဝေမှု ၊ဝါဒဖြန့်ချီမှု ၊​နွေဦး​တော်လှန်​ရေးနှင့်ပတ်သက်၍ ​သွေးခွဲ​မှု​များ ပိုမိုများပြားလာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ​အောက်​ခြေတပ်ဖွဲ့ဝင်များကြား ပြဿနာအချို့ ဖြစ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) နှင့် ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(PSLF/TNLA) တို့အကြား ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ဧပြီ ၉ ရက်တွင်စာ​ရေးသား အသိပေးခဲ့သည်။ ထိုစာ​ရေးသားပြီး နာရီပိုင်းအကြာ ဧပြီ ၉ ရက်ညတွင် အထက်ပါကဲ့သို့ စာအတုထွက်​ပေါ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(PSLF/TNLA)နှင့် ဆွေးနွေးပွဲ ပြုလုပ်ရာ ညှိနှိုင်းရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)မှ ဗိုလ်ချုပ်အဆင့် အရာရှိ ဦးဆောင်ပြီး ညှိနှိုင်းလျက်ရှိသည်ဟု KIO/KIA၏ ဧပြီ ၉ရက်ညပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

သတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

သတင်း

အပစ်ရပ်ကြေညာမှုကို နှစ်ဖက်စလုံးက ထုတ် ပြန်ထားသော်လည်း စစ်ကောင်စီက တိုက်ခိုက်မှုစတင်ခဲ့၍ အင်းတော်မြို့ကို တန်ပြန်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဧပြီ ၈ရက်ညပိုင်း သတင်း၌ ဖော်ပြသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာတွင် ယနေ့ (ဧပြီလ ၆ရက်)နံနက်က တိုက်ပွဲပြင်းထန်နေပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ ဗုံးအသုံးပြု လေကြောင်းမှ တိုက်ခိုက်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။