ပဋိပက္ခဖြစ်ပွားနေချိန်ကာလမှာ ဘယ်လိုသတင်းအချက်လက်မျိုးကိုမဆို ဆိုရှယ်မီဒီယာမှာ မျှဝေတဲ့အခါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဗီဒီယိုပဲဖြစ်ဖြစ်၊ massage တိုလေး တစ်ခုပဲဖြစ်ဖြစ်၊ ဓာတ်ပုံတစ်ပုံပဲဖြစ်ဖြစ်၊ ထုတ်ပြန်ချက်စာရွက်စာတမ်းမျိုးပဲဖြစ်ပါစေ Share ခလုတ်နှိပ်ကာနီးတိုင်းဒီအချက်တွေကို သတိရပေးပါ။
- ဒီဆိုရှယ်မီဒီယာပို့စ်က အမှန်အကန်ဟုတ်ရဲ့လား။
- ဒီဆိုရှယ်မီဒီယာပို့စ်က တစ်စုံတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို ထိခိုက်စေနိုင်လား၊အန္တရာယ်ဖြစ်စေမလား။
- သတင်းမှား၊ အကြောင်းအရာမှားတွေကို ဖြန့်ဝေသူဖြစ်သွားနိုင်မလား။
အဲဒီအချက် ၃ ချက်ကို သေချာတွေးပြီးမှ Share ခလုတ်နှိပ်ဖို့ ဆုံးဖြတ်ပါ။ သတင်းတွေဆိုရင်လည်း ယုံကြည်စိတ်ချရတဲ့သတင်းဌာန တစ်ခုမကမှာ ဖော်ပြထားရဲ့လားဆိုတာကိုလည်း ရှာဖတ်ကြည့်သင့်ပါတယ်။
မိမိတို့လူ့အဖွဲ့အစည်းဆီကို မှန်ကန် အရေးပါတဲ့ သတင်းအချက်အလက်တွေစီးဆင်းစေမလား၊ သတင်းမှား ဝါဒဖြန့်ချိရေးနဲ့ အမုန်းစကားတွေ ပိုစီးဆင်းစေမလားဆိုတာ ဆိုရှယ်မီဒီယာသုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားအပေါ်ပဲ မူနေတယ်မဟုတ်ပါလား။
