close
Connect with us

Hi, what are you looking for?

သတင်း

လူ​သေဆုံးထိခိုက်​စေ​သောဖားကန့် ပေါက်ကွဲမှု စစ်တပ်ကအသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု​ဒေသခံသတင်းရင်းမြစ်အချို့​ပြော

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

​ပေါက်ကွဲမှုဖြစ်ပွား​နေစဥ်။ဓါတ်ပုံ-CJ

ဇွန်-၃၊၂၀၂၅။ယောနသံ/People’s Spring

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

မှော်စီစာကျေးရွာတင်အောင်ကြိုင်လုပ်ကွက်အမည်ရကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း ယနေ့(ဇွန်လ ၃ရက်) နေ့လယ်၁နာရီ​ကျော်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

လူ၃၀ဦးထက်မနည်းထိခိုက်ခဲ့ပြီးသေဆုံးသူများလည်းရှိကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို လူမှုကူညီရဲ့အဖွဲ့များကသွားရောက်သယ်ဆောင်ခဲ့ပြီး ဆေးကုသနိုင် ရေးဆောင်ရွက်နေသည်။ထိခိုက်သေဆုံးမှုအရေအတွက်အ​သေးစိပ်ကိုမူမသိရသေးပေ။

Public Service Announcement

Public Service Announcement

လတ်တလောရရှိထားသောသတင်းများအရ ၂ဦးသေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

“ကုမ္ပဏီကယမ်းဂိုဒေါင်ထပေါက်ကွဲတယ်ဆိုပြီး သတင်းတွေတက်နေတယ်။တကယ်ကစစ်တပ်ကအသေခံဒရုန်းနဲ့ပစ်သွားတာပါ။ ဒါကရိုးရိုးတန်းတန်းဖြစ်စဉ်မဟုတ်ပါဘူး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကိုမည်သူကမျှတိတိကျကျပြောနိုင်ခြင်းမရှိသေးပေ။ အလွန်ကျယ်လောင်ပြီးပြင်းထန်သည့်ပေါက်ကွဲသံကြောင့်ဒေသခံများထွက်ပြေးခဲ့ကြပြီး ကျောင်းများလည်းအရေးပေါ်ပိတ်ကာကလေးငယ်များအားမိဘများက အပြေးအလွှားသွားရောက်ခေါ်ဆောင်ခဲ့ကြသည်။

အဆိုပါကွဲမှုအကြောင်းရင်းကိုမသိရသေးဘဲစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီ၏ဝါဒဖြန့်ချိရေးတယ်လီဂရမ်ချန်နယ်များတွင်အထက်ပါပေါက်ကွဲမှုအပေါ် ဝမ်းသာကြောင်းရေးသားမှုများရှိနေသည်။ဖားကန့်သို့ရောက်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းသည်ဇွန် ၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မှောင်စီဆာလုပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီပိုင်တစ်ခုပိုင် မြေသယ်ကား ၂ စီး၊ ဘက်ဟိုးကား ၁ စီးတို့ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ငူမြို့အနီးစစ်ကောင်စီကဇွန်လ ၃ရက် နံနက်အစောပိုင်းမှစတင်ကာ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေ၍ ဒေသခံများစိုးရိမ်ထိတ်လန့်နေသည်။

သတင်း

စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

သတင်း

အဆိုတော်ချမ်းချမ်းကိုယ်စား တော်လှန်ရေးအဖွဲ့တွေဆီ ငွေကြေးထောက် ပံ့နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်တွင်းက အမျိုးသား ၊အမျိုးသမီး ၂ ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းဒေသ ကျောက်စိမ်းလုပ်ကွက်ရှိ ကုမ္ပဏီ တခုအတွင်းရှိ ကား ၂ စီးနှင့် ဘတ်ဟိုး ၁စီးတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောပြသည်။

Facebook