close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး စစ်ကိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၇)မှာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၇)မှာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွာပေါင်းစုံသပိတ်ကော်မတီ၊ အားမာန်သစ်သပိတ်အင်အားစုနဲ့ တော်လှန်ပြည်သူတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ စစ်တပ်ရဲ့ မီးရှို့သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသော အာဇာနည်သူရဲကောင်း ရဲဘော်(၁၀)ဦး ၃နှစ်နဲ့ ၆လပြည့် အလေးနီပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ -စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ​တော်လှန်​ရေးတပ်ပေါင်းစုများထိန်းချုပ်ထားသည့် ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံး၍ ယနေ့ (ဇွန်လ ၇ ရက်) တွင် ထိုးစစ်ဆင်လာသည်။

ဆောင်းပါး

နောင်ချိုမြို့က စျေးသည်တွေ အားထားရောင်းရတဲ့စျေးတစ်ခုဟာ ကံကြီးရွာက စျေးဖြစ်ပါတယ်။ ကံကြီးစျေးဟာ ငါးရက်မှာတစ်ကြိမ်လုပ်တဲ့ ဒေသအခေါ်အဝေါ် စျေးပတ်စျေးဖြစ်ပါတယ်။ ရွှေထည်နဲ့ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် အိမ်သုံးစားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အသီးအရွက်နဲ့ အသားငါးတွေကို ကံကြီးရွာက ငါးရက်မှာတစ်ကြိမ်ပြုလုပ်တဲ့ စျေးမှာ သွားရောက်ရောင်းချကြတာပါ။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိသော်လည်း အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ အ​ရေးပါ​သောစခန်းတစ်ခုဖြစ်သည့် ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ၅ ရက်ဆက်ပြင်းထန်နေပြီး ​တော်လှန်​ရေးတပ်များက စစ်တပ်ထံမှလက်နက်ခဲယမ်းများနှင့် သုံ့ပန်းအချို့ဖမ်းမိထားကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံတိုက်ခိုက်နေသည်။