close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကအင်အားအများအပြားဖြင့် မိုးဗြဲမြို့ကိုထပ်မံထိုးစစ်ဆင်

ကရင်နီ​တော်လှန်​ရေးတပ်ပေါင်းစုများထိန်းချုပ်ထားသည့် ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံး၍ ယနေ့ (ဇွန်လ ၇ ရက်) တွင် ထိုးစစ်ဆင်လာသည်။

တစ်​လေးလုံးစစ်ဆင်​ရေးဖြင့် ​တော်လှန်​ရေးတပ်များက မိုးဗြဲမြို့ကိုသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-KNDF

ဇွန်-၇၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီ​တော်လှန်​ရေးတပ်ပေါင်းစုများထိန်းချုပ်ထားသည့် ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံး၍ ယနေ့ (ဇွန်လ ၇ ရက်) တွင် ထိုးစစ်ဆင်လာသည်။

ယခုနှစ်စပိုင်းကစ၍ မိုးဗြဲ မြို့ကိုပြန်သိမ်းပိုက်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ငါးကြိမ်ထက်မနည်း ထိုးစစ်ဆင်ခဲ့ပြီး မ​အောင်မြင်ဘဲ အကြိမ်ကြိမ်​နောက်ဆုတ်သွားခဲ့ရပြီး ယခုအကြိမ်ထိုးစစ်သည်လည်းပြင်းထန်သည်ဟု မြေပြင်ရဲဘော် အချို့က ဆိုသည်။ ကရင်နီတပ်​ပေါင်းစုက မိုးဗြဲမြို့ကို ၂၀၂၃ နိုဝင်ဘာ ၁၁ ရ်တွင်စတင်သည့် တစ်​လေးလုံးစစ်ဆင်​ရေးတွင်သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

“အင်းအားတော်တော်များတယ်။ရှိသမျှအားသုံးပြီး တက်လာတဲ့ပုံစံမျိုး။ဒီလောက်ပဲ ပြောနိုင်သေးတယ် “ဟု မိုးဗြဲမြို့တွင်ခုခံကာကွယ်နေသည့် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ရေးအခြေအနေကြောင့် ရှမ်း-ကရင်နီနယ်ဒေသရှိ မိုးဗြဲတွင် တော်လှန်ရေးတပ်ပေါင်းစုများသည် မိုးဗြဲလမ်းမကြီးကို ဖြတ်သန်းခွင့်အချိန်ကာလအကန့်အသတ်မရှိပိတ်ထားမည်ဖြစ်​ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ဇွန်လ ၇ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

ထို့ကြောင့်ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဒေသခံပြည် သူလူထုများ ၊ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိုးဗြဲလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ဆက်စပ်သတိပေးသည်။

ကာကွယ်ရေးတပ်များမှ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်ပေးရန် ပါ မေတ္တာရပ်ခံထားသည်။

“စကစ ဘက်က အပြင်းအထန်ထိုးစစ်ဆင်နေတာ ဟုတ်တယ်”ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ် ၁ တာဝန်ရှိသူက လူထုနွေဦးသို့ ဇွန် ၇ ရက်ည ၁၁ နာရီတွင်အတည်ပြုသည်။

စစ်ကောင်စီသည် ကရင်နီပြည်သို့ ဝင်ပေါက်ဖြစ်သော မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် အဓမ္မစု​ဆောင်းထား​သောစစ်သားသစ်များနှင့် PNO ပြည်သူ့စစ်များစွာ အသုံးပြု၍ အပြင်းအထန်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

အင်အား ၆၀၀ ထက်မနည်းသည့် စစ်ကောင်စီ၏ မိုးဗြဲ မြို့ စစ်ကြောင်းအပြင် မိုးဗြဲ-ကုန်းသာ နှင့် ဖယ်ခုံ- ညောင်ရွေမြို့နယ်တို့မှ စစ်ကောင်စီ၏ ဘက်ပေါင်းစုံထိုးစစ်ကို တော်လှန်ရေးအင်အားစုများ​ကလည်း ခုခံကာကွယ်နေခြင်းဖြစ်သည်။

ထုတ်ပြန်ထားသည့် စစ်ရေးအချက်အလက်များအရ ယခုနှစ် မိုးဗြဲ မြို့ တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၀ ဦးကျော်ကျဆုံးထားကာ စစ်ကောင်စီဘက်မှ သေဆုံး သူ ၆၀ ထက်မနည်းရှိပြီး ၎င်းတို့ထံမှ လက်နက် ၂၀ ခန့်ကို သိမ်းဆည်းရရှိထားသည်။

စစ်ကောင်စီအနေဖြင့်မိုးဗြဲမြို့ကိုပြန်လည်ရရှိပါက လွိုင်ကော်နှင့် မိုးဗြဲ မြို့ဆက်ထားသည့် လမ်းမကြီးကို ထိန်းချုပ်ကာ ရှမ်းပြည်တောင်ပိုင်း၎င်း၏ တပ်ကူများကို ကရင်နီပြည်နယ်အတွင်းသို့ အလွယ်တကူ စစ်ကူပို့နိုင်သည့်အခြေအနေရှိလာနိုင်မည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၇)မှာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဆောင်းပါး

နောင်ချိုမြို့က စျေးသည်တွေ အားထားရောင်းရတဲ့စျေးတစ်ခုဟာ ကံကြီးရွာက စျေးဖြစ်ပါတယ်။ ကံကြီးစျေးဟာ ငါးရက်မှာတစ်ကြိမ်လုပ်တဲ့ ဒေသအခေါ်အဝေါ် စျေးပတ်စျေးဖြစ်ပါတယ်။ ရွှေထည်နဲ့ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် အိမ်သုံးစားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အသီးအရွက်နဲ့ အသားငါးတွေကို ကံကြီးရွာက ငါးရက်မှာတစ်ကြိမ်ပြုလုပ်တဲ့ စျေးမှာ သွားရောက်ရောင်းချကြတာပါ။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိသော်လည်း အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။

သတင်း

(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။