close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်တွေ လက်ထဲက နောက်ဆုံးလက်ကျန် အမေရိကန် ဓားစာခံ လွတ်မြောက်လာ

ဟားမားစ် ပြောက်ကျားတွေက လွှတ်ပေးခဲ့တဲ့ နောက်ဆုံးလက်ကျန် အမေရိကန်သား ဓားစာခံဟာ မိသားစုနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

Reuters

ဟားမားစ် ပြောက်ကျားတွေက လွှတ်ပေးခဲ့တဲ့ နောက်ဆုံးလက်ကျန် အမေရိကန်သား ဓားစာခံဟာ မိသားစုနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

အီဒန် အလက်ဇန္ဒားဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တုန်းက အစ္စရေး နယ်စပ်ကို ဟားမားစ် တပ်ဖွဲ့ဝင်တွေ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးမှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရတဲ့နောက် ၁၉ လကြာ ချုပ်နှောင် ခံထားခဲ့ရတာပါ။

နောက်ထပ် အမေရိကန် နိုင်ငံသား ဓားစာခံတွေဟာ အရင်ကတည်းက လွတ်မြောက်သွားပြီး ဖြစ်ပေမယ့် အသက် ၂၁ နှစ်အရွယ် အလက်ဇန္ဒားကတော့ ဆက်လက် ချုပ်နှောင် ခံထားရပြီး အခုမှသာ ဟားမားစ်တွေက သူ့ကို ပြန်လွှတ်ပေးခဲ့တာပါ။

ဒါဟာ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အပစ်အခတ် ရပ်စဲနိုင်ရေး ဟားမားစ်ရဲ့ လိုလားချက်ကို အထောက်အကူ ဖြစ်စေဖို့ အားထုတ်မှု တစ်ခုလို့လည်း ယူဆရပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၁၂ ရက်နေ့တုန်းက အလက်ဇန္ဒား ပြန်လည် လွတ်မြောက်ရေး ကိစ္စကို အဆင်ပြေ ချောမွေ့စေဖို့အတွက် အစ္စရေးဟာ ဂါဇာမှာ စစ်ဆင်ရေး လုပ်ဆောင်နေတာတွေကို နာရီတချို့ ရပ်ဆိုင်းပေးခဲ့ပါတယ်။

ဟားမားစ် ခေါင်းဆောင် တစ်ယောက်ကတော့ အလက်ဇန္ဒားကို ပြန်လွှတ်ပေးခဲ့တာဟာ စိတ်ရင်းကောင်းမွန်မှုကို ပြသဖို့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဖော်ဆောင်နိုင်ရေး အားထုတ်မှုအတွက် ရည်ရွယ်တဲ့ လုပ်ဆောင်ချက်မျိုးလို့ ပြောပါတယ်။

အလက်ဇန္ဒား လွတ်မြောက်လာပြီးတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့မိသားစုဆီ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ မိသားစုရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ထရမ့်ကို ကျေးဇူးတင်ကြောင်း ပါရှိခဲ့သလို ဟားမားစ်တွေ လက်ထဲမှာ ကျန်နေဆဲ ဓားစာခံ ၅၈ ဦး လွတ်မြောက်ရေးအတွက် ထဲထဲဝင်ဝင် အားထုတ် ညှိနှိုင်းဖို့လည်း အစ္စရေး အစိုးရကို တိုက်တွန်းထားတာ တွေ့ရပါတယ်။

၂ လကြာ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်သွားပြီး မတ်လ ၁၈ ရက်နေ့မှာ အစ္စရေးက ဂါဇာ စစ်ဆင်ရေးတွေ တကျော့ပြန် စတင်ခဲ့တဲ့နောက်ပိုင်း အလက်ဇန္ဒားဟာ ဟားမားစ်တွေ လွှတ်ပေးတဲ့ ပထမဆုံး ဓားစာခံလည်း ဖြစ်လာပါတယ်။

မျက်နှာကို ဖုံးကွယ်ထားတဲ့ သူ့ကို ဟားမားစ် အရာရှိတွေက ဂါဇာတောင်ပိုင်း၊ ခန်ယူနစ်မြို့မှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ လက်ထဲ လွှဲပြောင်းပေးခဲ့ပြီး အဲဒီနောက်မှာတော့ အစ္စရေး စစ်တပ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီကနေတဆင့် အစ္စရေး တောင်ပိုင်းမှာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေတဲ့ မိသားစုဆီ အလက်ဇန္ဒားက ပြန်လည် ရောက်ရှိခဲ့တာပါ။

အဲဒီ ဓားစာခံ လွှဲပြောင်းမှု လုပ်ငန်းစဉ် တလျှောက်လုံးမှာ အနှောင့်အယှက်ကင်းကင်း ဖြစ်စေဖို့အတွက် လုံခြုံရေး စင်္ကြံတစ်ခုကို သတ်မှတ်ထားခဲ့ကြောင်း အစ္စရေး စစ်တပ်က ဆိုပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဟားမားစ်တွေဟာ ပြင်းထန်တဲ့ စစ်ရေးနဲ့ နိုင်ငံရေး ဖိအားတွေကြောင့် အလက်ဇန္ဒားကို ပြန်လွှတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပြီး အစ္စရေးဟာ ဂါဇာမှာ စစ်ဆင်ရေးတွေကို ဆက်လက် အရှိန်မြှင့်ဖို့ စီစဉ်ထားပြီး အပစ်ရပ်မယ့် ကိစ္စမျိုး ရှိမလာနိုင်ဘူးလို့လည်း ပြောသွားပါတယ်။

ထရမ့်ဟာ မေလ ၁၃ ရက်နေ့မှာ အရှေ့အလယ်ပိုင်း ဒေသကို လာရောက်မှာဖြစ်ပြီး ထရမ့်ရဲ့ ခရီးစဉ် ပြီးဆုံးချိန်အထိ ဟားမားစ်တွေနဲ့ သဘောတူညီမှု တစ်ခုခု မရခဲ့ဘူးဆိုရင် ဂါဇာက စစ်ဆင်ရေးတွေကို အလုံးအရင်း ချဲ့ထွင်ဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း အစ္စရေးက သတိပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ အဆင်ပြေ ချောမွေ့ခဲ့ကြတယ်လို့ တရုတ်ရော၊ အမေရိကန်ကပါ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂက အပြင်းအထန် သတိပေး ကန့်ကွက်နေတဲ့ကြားက အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု အစီအစဉ်တွေအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတကာ

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို မြေပုံ appထဲမှာ ပြောင်းလဲ ဖော်ပြခဲ့တဲ့အတွက် Googleကို မက္ကဆီကိုက တရားစွဲလိုက်ပါတယ်။

Facebook