close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကိုအမြစ်ဖျက်ဖို့ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိနေပြီလို့မန္တလေးPDFနှိုး​ဆော်

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။

ဇွန်၇၊၂၀၂၅။မေရီ/People’s Spring

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ (၇)ရက်နေ့မှာ၊NUG ၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က “ဓမ္မ နဲ့ အဓမ္မ ကြားမှာ သင်ဘယ်ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်မှာလဲ”ဆိုတဲ့ ပြည်

သူလူထုကို အသိပေးနှိုးဆော်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါလို့ မန္တလေး PDF က နှိုးဆော်ပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်၊ယမ်းကုန်၊တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်ပါတယ်။အာဏာရှင်ကိုအမြစ်ဖျက်ဖို့ပန်းတိုင်ဟာဖြင့် မဝေးတော့ပါဘူး။ဒါ့ကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျနော်တို့နဲ့အတူ ပူးပါင်းပါဝင်အားဖြည့်ပေးကြပါ။”လို့ မန္တလေး PDFက တိုက်တွန်းပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင်၊ မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလားလို့ မန္တလေး PDFက မေးခွန်းထုတ်ထားပါတယ်။

“ပိုက်ဆံပေးနိုင်သူတွေဟာလည်းအချိန်အတိုင်းအတာ တစ်ခုထိပဲ စာရင်းထဲမပါသေးတာပါ။ မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်။”လို့ မန္တလေး PDF က ဆိုပါတယ်။

စစ်မှုထမ်းခေါ်ယူမှုကလည်း အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ တောရော မြို့ပါ မကျန် လူငယ်တိုင်းသတိပြုကြဖို့ မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/မ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်တဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တ​လေးPDF ဟာ ၁၀၂၇ စစ်ဆင်​ရေးနဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ စဥ့်ကူးမြို့နယ်တစ်ခုလုံးက စစ်တပ်စခန်း​တွေကို ဦး​ဆောင်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ၊​နောင်ချို ၊မိုးကုတ်၊မိုးမိတ် ၊သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ​တွေမှာလည်း​တော်လှန်​ရေးတပ်​​တွေနဲ့အတူ ထိုးစစ်ဆင်သိမ်း

ပိုက်ခဲ့ပါတယ်။မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်တပ်က မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်​ကြောင်းထိုးလာလို့ စစ်တပ်ကိုအပြင်းအထန်ခုခံတိုက်ခိုက်​နေတဲ့ ​တော်လှန်​ရေးအဖွဲ့ဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် တော်လှန်ရေးဘက်တော်သားအချင်းချင်းသွေးကွဲစေမည့်စည်းကို ယခု တော်လှန်ရေးသမားများ ကျော်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားသည်။

သတင်း

စစ်အာဏာရှင်များ သက်ဆိုးမရှည်ရန် တော်လှန်ရေးတိုက်ပွဲကို အောင်မြင်အောင် ကျားကုပ်ကျားခဲ ဆက်လက်တိုက်ပွဲဝင်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီက KNDF တည်ထောင်ခြင်း (၄)နှစ်ပြည့်တွင် သတင်းစကားပါး တိုက်တွန်းသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၀)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

သတင်း

​မေ-၂၈၊၂၀၂၅။ People’s Spring အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ ပဋိပက္ခတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း ကြေညာခဲ့ပေမယ့် အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာတဲ့ထိ လူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့...

Facebook