close
Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ (၄)နယ်​မြေကို စစ်ကောင်စီဗုံးကြဲ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၂ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း) မြို့နယ်ကိုစစ်ကောင်စီက ဇွန်လ ၇ ရက်မနက်ပိုင်းတွင်လေကြောင်းမှဗုံးကြဲခဲ့ရာပြည်သူသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီဗုံးကြဲ၍ အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-KNU

ဇွန်-၇၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း) မြို့နယ်ကိုစစ်ကောင်စီက ဇွန်လ ၇ ရက်မနက်ပိုင်းတွင်လေကြောင်းမှဗုံးကြဲခဲ့ရာပြည်သူသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

မြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်‌တောင်ပျောက်ကျေးရွာအုပ်စု၊ကျောက်အိုင်(ကွီးလေး)ကျေးရွာအတွင်းသို့ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုင်တာတစ်စီးဖြင့် ဗုံး(၂)လုံးကြဲချခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲမှုကြောင့် ၁၀နှစ် အရွယ်ကလေးငယ်တစ်ဦးနှင့် ၅၅နှစ်အရွယ်အမျိုးသားတစ်ဦးတို့သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က အသိပေးသည်။ထိုအပြင် နေအိမ်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတိုလေကြောင်းတိုက်ခိုက်ရာ ကျောက်အိုင်ဒေသ ၌ တိုက်ပွဲ ဖြစ်ပွားမှု ရှိမရှိနှင့်ဒေသတွင်းစစ်ရေးအခြေအနေများကိုမေးမြန်းရန် KNU မြိတ်-ထားဝယ် ခရိုင် သို့ ဆက်သွယ်ထားဆဲဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လမှ စ၍တိုက်ပွဲများထပ်မံတိုးမြှင့်ရန်ရှိနေကြောင်း ဇွန် ၁ရက်နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်တိုင်းရင်းသား စောဆဲနေစေးကပြောကြားသည်။

တိုက်ပွဲ တိုးမြင့်လာနိုင်မှုနှင့်အတူပြည်သူများလေကြောင်းအန္တရာယ် ကြုံနေရမှုများလည်းရှိဟု ၎င်းက ဆွေးနွေး‌ပြောကြားခဲ့သည်။

“နေ့တိုင်းကို ကျနော်တို့က နားထောင်နေရတယ်။ လေယာဉ် တက်လာပြီဟေ့ဆို ဗုံးခိုကျင်းထဲ ဆင်းပြေးရတာပေါ့ ။တချို့ ဗုံးခိုကျင်းမလုပ်နိုင်တဲ့အခါကျတော့ချောင်းထဲ မြောင်းထဲ ဆင်းပြေးနေရတဲ့ အခြေအနေတွေရှိတယ်။” ဟု စောဆေဲနေစေးက ပြောကြားသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းအရပ်သားပြည်သူများရှိရာနေရာများကိုလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။မြန်မာ့သမိုင်းတ​လျှောက်လူ​သေဆုံးပျက်စီးဆုံးရှုံးမှူအများဆုံးစစ်ကိုင်ငလျင်လှုပ်အပြီးတွင် စစ်​ကောင်စီကယာယီအပစ်ရပ်​ကြောင်း​ကြေညာပြီး ဗုံးကြဲသတ်ဖြတ်မှုများကို တိုးလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ယနေ့တရက်တည်း ဒီပဲယင်းနှင့် မော်လူးမြို့ရှိ ကျေးရွာစာသင်ကျောင်းကိုလည်း လေကြောင်း တိုက်ခိုက်

သတင်း

သင်္ကြန် ကာလ အတွင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ကျုံဒိုးမြို့အနီးက ကျေးရွာ နှစ်ရွာကို စစ်ကောင်စီလေတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်သည်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါတယ်။

သတင်း

စစ်ကိုင်း​မြေငလျင်ဒဏ်ခံခဲ့ရတဲ့ ​ဒေသတစ်ခုဖြစ်တဲ့မတ္တရာမြို့နယ် ထဲက ရေချောင်းဗိုလ်ကျေးရွာကို စစ်တပ်က ဒီက​နေ့မှာလေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီး၁ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်အုပ်စု၏ အကြမ်းဖက်မှု သဘာ၀ဘေးထက်ပိုများသကဲ့သို့ သဘာ၀ဘေးကို အသုံးချပြီး အာဏာတည်မြဲရေး ကြိုးပမ်းနေမှု သတိပြုရန် AAPP တာဝန်ရှိသူ တုံ့ပြန်

Facebook