close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ICC တရားသူကြီး ၄ ဦးကို ပိတ်ဆို့ အရေးယူမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ တရားသူကြီး ၄ ဦးကို ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

AP

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ တရားသူကြီး ၄ ဦးကို ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်အပေါ် ICCက တရားလက်မဲ့ ပစ်မှတ်ထား ရန်လိုနေတာတွေကို တုံ့ပြန်ဖို့အတွက် အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ မာကို ရူဘီရိုက ဆိုပါတယ်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု အပါအဝင် အစ္စရေး အစိုးရ ထိပ်တန်း အရာရှိတွေကို ICCက ဖမ်းဝရမ်း ထုတ်ခဲ့တာ၊ အာဖဂန် နစ္စတန်မှာ အမေရိကန် စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စုံစမ်းနေတာတွေကို အကြောင်းပြုပြီး ရူဘီရိုက အခုလို တုံ့ပြန်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က ပိတ်ဆို့ အရေးယူဖို့ ရွေးချယ်ထားတဲ့ တရားသူကြီး ၄ ယောက်စလုံးဟာ အမျိုးသမီးတွေပါ။ ယူဂန္ဓာသူ ဆိုလိုမီ ဘာလွန်ဂီ ဘိုဆာ၊ ပီရူး နိုင်ငံသူ လုဇ်ဒယ်လ် ကာမန် အိုင်ဘာနက်ဇ် ကာရန်ဇာ၊ ဘီနင်နိုင်ငံသူ ရိန်နီ အဲဒလစ် ဆိုဖီ အလာပီနီ ဂန်ဆူနဲ့ ဆလိုဗေးနီးယားသူ ဘီတီ ဟိုဟ်လာတို့ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်နေပါတယ်။

ICCကတော့ အမေရိကန်ရဲ့ သဘောထားအတွက် ဝမ်းနည်းမိကြောင်း ကြေညာပြီး ICCရဲ့ လွတ်လပ်တဲ့ ရပ်တည်မှုကို ထိုးနှက်ဖို့ အားထုတ်တယ်လို့ ခံစားရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရေးယူ ပိတ်ဆို့မှု အစီအစဉ်အရ အဲဒီ တရားသူကြီးတွေရဲ့ အမေရိကန်မှာ ရှိနေသမျှ ပိုင်ဆိုင်မှု၊ အကျိုးစီးပွား အားလုံးကို တားမြစ်ပိတ်ပင်ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနဆီ အစီရင်ခံစေရမှာ ဖြစ်ပါတယ်။

နေတန်ညာဟုကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ရူဘီရိုကိုရော၊ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုပါ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ အစ္စရေးရဲ့ အခွင့်အရေးတွေအတွက် မားမားရပ်ပေးခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရူဘီရိုရဲ့ ကြေညာချက်မှာတော့ ICC တရားသူကြီးတွေဟာ အစ္စရေးနဲ့ အမေရိကန်တို့ကို အခြေအမြစ် ကင်းမဲ့ပြီး တရားလက်မဲ့ဆန်တဲ့ ပစ်မှတ်ထားမှုတွေနဲ့ ထိုးနှက်နေတယ်လို့ စွပ်စွဲထားပါတယ်။ နောက်ပြီး တရားသူကြီးတွေရဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်၊ ပြီးတော့ အစ္စရေး အပါအဝင် မဟာမိတ်တွေရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ICCဟာ နေတန်ညာဟုနဲ့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့်တို့ကို ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲပြီး မနှစ်တုန်းက ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ဟာ ဖေဖော်ဝါရီလတုန်းကလည်း ICCရဲ့ ရှေ့နေချုပ် ကာရင်မ် ခန်း အပါအဝင် အရာရှိ တချို့ကို လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုတယ်လို့ စွပ်စွဲပြီး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမှတ်(၃၃)ခြေလျင်တပ်မအဖွဲ့အစည်း ၃ခုနှင့် စစ်ကောင်စီဝင်၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကနေဒါက ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့(မတ်လ ၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

အမေရိကန် အစိုးရရဲ့ နိုင်ငံရပ်ခြား စီးပွားရေး ပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို တာဝန်ယူ ကြီးကြပ်တဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက MOGEနဲ့ ဆက်စပ်ပြီး အမေရိကန်ရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု တချို့ကို ဒီဇင်ဘာ ၁၅ ရက်မှာ စတင် ကန့်သတ် ပိတ်ဆို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် မြန်မာသံရုံးရော၊ MOGEကပါ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Facebook