ဧပြီ ၂၄၊ ၂၀၂၅။ သော်မွန်/People’s Spring
အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၂၅ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် လက်ရှိ နိုင်ငံရေးအကျဥ်းသား၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ပေးအပ်မယ်လို့ ဧပြီ ၂၂ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို လာမယ့် မေလ ၂၄ရက်မှာ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပသွားဖို့ စီစဥ်ထားပါတယ်။

Public Service Announcement
ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုဖြစ်ပေါ်လာပုံ၊ ပြည်သူ့ဂုဏ်ရည်ဆုတွေ ဘယ်လိုရွေးချယ်ကြလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ရွေးချယ်ပေးအပ်ရသလဲ စတဲ့အကြောင်းအရာတွေကို People’s Spring က ပြည်သူ့ဂုဏ်ရည်အသင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝဏ္ဏကို ဆက်သွယ်မေးမြန်းထားပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ နွေဦးတော်လှန်ရေးပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေကို ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုတွေအဖြစ် ရွေးချယ်ပေးအပ်ခဲ့ပါတယ်။
