close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ဆိုင်းတောင်ရွာရှိစက်သုံးဆီဆိုင်တွင်ဆီသို​လှောင်ကန်မီးလောင်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှ စက်သုံးဆီဆိုင်တစ်ဆိုင်၏ ခြံဝန်းထဲမှ ဆီသို​လှောင်ကန်မှာယ​နေ့ မနက်မီးလောင်ခဲ့သည်။

စက်သုံးဆီဆိုင် မီး​လောင်​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ

ဇွန်-၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှ စက်သုံးဆီဆိုင်တစ်ဆိုင်၏ ခြံဝန်းထဲမှ ဆီသို​လှောင်ကန်မှာယ​နေ့ မနက်မီးလောင်ခဲ့သည်။

ဇွန်လ ၃၀ရက် နံနက် ၁၀နာရီခန့်၌ မီးလောင်နေခြင်းဖြစ်ပြီး လောင်ကျွမ်းအားကောင်းခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“စက်သုံးဆီဆိုင်ဆိုတော့ မီးထိန်းဖို့မလွယ်ဘူးဖြစ်နေတယ်။ဘေးအိမ်တွေလည်း ပြာယာခပ်နေပြီ”ဟု ၎င်းကဇွန် ၃၀ ရင် နံနက် ၁၀ နာရီ​ကျော်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

ထပ်မံရရှိ​သောသတင်းအရစက်သုံးဆီဆိုင်ဝင်းအတွင်းဆီသိုလှောင်ကန် မီးလောင်ခြင်းဖြစ်ပြီး ၁၀နာရီ ၅၀မိနစ်ခန့်မှစ၍ မီးထိန်းနိုင်ပြီဟု ‌ဒေသခံအချို့ကပြောသည်။

ဆိုင်းတောင်ရဲစခန်းကို KIA၊KPDF ပူးပေါင်းတပ်ကက၂၀၂၄ခုနှစ် ဇူလိုင်လတွင် တိုက်ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားခြင်းဖြစ်သည်။ ဖားကန့်မြို့နယ်အတွင်း လက်ရှိရောက်နေ သောစစ်ကောင်စီတပ်စစ်ကြောင်းသည် ဆိုင်းတောင်ရွာသို့ ဦးတည်လာနိုင်ကြောင်းလည်း ဒေသခံစစ်ရေးသတင်းရေမြစ်များက သုံးသပ်ထားသည်။ ဆိုင်းတောင်ရွာမှ စက်သုံးဆီဆိုင်မီးလောင်ရသည့်အကြောင်းအရင်းကို မသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်အတွင်း တောင်ကမ်းပါးယံပဲ့ကျပြီးကျောက်ရှာနေသူနှစ်ဦးပြုတ်ကျကာ တစ်ဦး သေဆုံးခဲ့သည်။

သတင်း

ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်​ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့အနီးတွင် ယ​နေ့ညနေပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေကြောင်းဒေသခံ အချို့က ပြောသည်။

သတင်း

ရေမဆေးသမားအချို့က တောင်းကမ်းပါးယံကိုကြိုးဖြင့်ခိုဆင်းပြီး ကယ်ဆယ်ခဲ့ကြခြင်းဖြစ်

Facebook