close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပြည်သူ့စစ်ယူနီဖောင်းဝတ်ထားသူတဦးပါလူသုံးဦးက ဆိုင်ကယ်လု

မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပစ္စည်းပို့ဆောင်သူ(Delivery)သမားတစ်ဦးရဲ့ ဆိုင်ကယ်ကို ပြည်သူ့စစ်ယူနီဖောင်းဝတ်ထားသူတစ်ဦးပါ ၃ဦးက လုယက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လုယူခံလိုက်ရတဲ့ ဆိုင်ကယ်ကို လုယူမခံရခင်က တွေ့ရစဥ်

ဇွန်-၃၀၊၂၀၂၅။ ရှိန်း/People Spring

မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းက ပစ္စည်းပို့ဆောင်သူ(Delivery)သမားတစ်ဦးရဲ့ ဆိုင်ကယ်ကို ပြည်သူ့စစ်ယူနီဖောင်းဝတ်ထားသူတစ်ဦးပါ ၃ဦးက လုယက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၅နာရီလောက်က ပြည်ကြီးတံခွန်မြို့နယ်ဘက်ကို ပစ္စည်းသွားယူဖို့ ထွက်လာချိန် ၆၉လမ်းနဲ့ သိပ္ပံလမ်း(၁၀၁)အရောက်မှာ လူငယ် ၃ဦးက စစ်ဆေးဖို့ရှိလို့ဆိုပြီး ဆိုင်ကယ်ကို ရပ်ခိုင်းခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်လိုင်စင်တို့ကို ထုတ်ပြခိုင်းပြီးတဲ့နောက်မောင်းပြေးသွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တာဝန်ကျ စစ်ဆေးတယ်ထင်ပြီး စစ်ဆေးခံလိုက်တာပါ”လို့ ဆိုင်ကယ်လုယက်ခံရသူက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

လုယက်သူ ၃ဦးမှာ တစ်ဦးသာ ပြည်သူ့စစ်ယူနီဖောင်းအပြည့်အစုံဝတ်ထားတယ်လို့ ဆိုပါတယ်။

လုယက်ခံရတဲ့ဆိုင်ကယ်ဟာ ဆိုင်ကလုန်းအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ ဆိုင်ကယ်လုယက်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပြီး တကြိမ်မှ တရားခံဖမ်းမိခြင်းမျိုး မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာပြည်အထက်ပိုင်း မွမွကြေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး ၃ လပြည့်ပါပြီ။ ၃ လ အလွန်မှာ မန္တလေးမြို့ ဘာတွေဖြစ်နေပြီလဲ။ ဘာတွေပြောင်းလဲသွားပြီလဲ။ ကြည့်ကြရအောင်ပါ။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ မြနန္ဒာစျေးအရှေ့မှာ သစ်သီးဝယ်နေတဲ့ ကလေးငယ်ရဲ့ ဆွဲကြိုးကို အမျိုးသမီး သုံးဦးက လုယက်သွားတဲ့ ဖြစ်စဉ် မနေ့ (ဇွန်လ ၂၆ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က ညဘက် လမ်းပေါ်ထွက်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ပြန်လည် ဖမ်းဆီးလာကြောင်းမြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးကရွှေဆိုင်တချို့အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook