close
Connect with us

Hi, what are you looking for?

သတင်း

ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲက ထိုင်းဘက်ထွက်ပြေးတဲ့စစ်သားတွေကိုထိုင်းစစ်တပ်က မြဝတီမြို့စောင့်တပ်ထဲ ပြန်ပို့

မြန်မာ-ထိုင်းနယ်စပ်က ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားတဲ့ စစ်သား ၆၀ကျော်ကို ထိုင်းစစ်တပ်က မေလ ၂၈ရက်​နေ့မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့တယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲမှ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသော စစ်သား​တွေနဲ့ အခြားနယ်စပ်စခန်းသိမ်းတိုက်ပွဲ​တွေကထိုင်းဘက်ထွက်​ပြေးတဲ့စစ်သား​တွေကိုတွေ့ရစဉ်။ ဓာတ်ပုံ − khaosod

◾️BGFရဲ့ဗိုလ်မှူကြီးမုတ်သုန်ထိန်းချုပ်မှုအောက်ရှိ (၁၆)ဂိတ်က ပြန်ပို့နေဟုဆို

မေ ၂၉၊၂၀၂၅/People’s Spring

မြန်မာ-ထိုင်းနယ်စပ်က ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားတဲ့ စစ်သား ၆၀ကျော်ကို ထိုင်းစစ်တပ်က မေလ ၂၈ရက်​နေ့မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့တယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲမှ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသော စစ်သား​တွေနဲ့ အခြားနယ်စပ်စခန်းသိမ်းတိုက်ပွဲ​တွေကထိုင်းဘက်ထွက်​ပြေးတဲ့စစ်သား​တွေကိုတွေ့ရစဉ်။ ဓာတ်ပုံ − khaosod

ဘလယ်ဒိုတပ်စခန်းကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၂ဦးကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန် ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေ စခန်းသိမ်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံထဲကို ထွက်ပြေးပြီး ပြန်ပို့တာတွေလုပ်ရင် အဲဒီ (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ပြည်သူ့ကာကွယ်ရေတပ်မတော်(PDF) ရဲဘော်တွေဟာ မြန်မာ − ထိုင်းနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်တိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့ မေလ ၂၃ရက်က ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းသိမ်း တိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးပြီး ငါးရက်အကြာမှာဘဲ ထိုင်းစစ်တပ်က (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။

“၂၇၅ထဲကို ပြန်ပို့တာ။ စကစတွေ ပြန်ပို့တိုင်း ၁၆ဂိတ်ကနေ ကူးနေကြပဲ”လို့ကရင်စစ်ရေးသတင်းရင်းမြစ်က People’s Spring ကိုပြောပါတယ်။မေလ ၂၇ရက်မှာလည်း စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီး သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူလာခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား ၆၂ဦးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၈ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ၂၈ဦးက ထိုင်းနိုင်ငံထဲကို ပြန်လည်ထွက်ပြေးခဲ့ကြပါတယ်။

ဒါ့အပြင်မေလ ၂၈ရက်ညဦးပိုင်းမှာလည်းနယ်စပ်က ဝေါ်လေမြို့နားက ကနဲလေးစစ်ကောင်စီတပ်စခန်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရာမှာလည်း စစ်ကောင်စီတပ်သား ၅၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးခဲ့ကြပြန်ပါတယ်။

နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတဲ့အခါ စစ်ကောင်စီတပ်သားတွေကထိုင်းနိုင်ငံထဲကို မကြာခဏထွက်ပြေးနေကြပါ။ ထိုင်းစစ်တပ်က ထိန်းသိမ်းပြိး ရက်တပတ်ကြာတဲ့အခါ သူတို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတာပါ။

ထိုင်းဘက်ထွက်​ပြေးတဲ့ စစ်သား​တွေကို အဲဒီလမ်း​ကြောင်းက​နေ မြဝတီမှာရှိတဲ့ ခလရ (၂၇၅)ကိုပဲပို့​ပေး​နေတဲ့အတွက် အဲဒီတပ်ရင်းမှာ အင်အားစုစု​ပေါင်း ၅၀၀ ​ကျော်ရှိလာပြီး စစ်​ကောင်စီက စစ်​ကြောင်းပြန်ထိုးဖို့အမိန့်​ပေးထားတယ်လို့သတင်းရရှိပြီး KNU တပ်မဟာ ၆ က​တော်လှန်​ရေးအဖွဲ​တွေသတိထားကြဖို့ စစ်​ရေးရင်းမြစ်တဦးက​ သတိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ကနဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

သတင်း

ထိုင်း -မြန်မာ ကုန်သွယ်ရေး အာရှလမ်းမကြီးပိတ်ထားချိန်မှာ ယာယီအသုံးပြုနေရတဲ့လမ်းတွေထဲက အရေးပါတဲ့ ၁၀၁၈ ဒေါနတောင်ပေါ်လမ်းကြောင်းကို ကရင့်နယ်ခြားစောင့်တပ် (BGF) က တစ်လကြာပိတ်သွားဖို့ စီစဉ် နေတယ်လို့ BGF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

လူကုန်ကူးသူ တရုတ်နိုင်ငံသား ၆ဦးကိုလည်း ပြန်ပို့ရန်စီစဉ်ထားဟု BGFပြော

သတင်း

တရုတ်အစိုးရက တရုတ်နိုင်ငဲသားများနေရပ်ပြန်ခေါ်ယူမှုကို ရက်နားထားရာမှ မတ် ၆ တွင်ပြန်စပြီး သုံးရက်အတွင်း ၁,၄၀၀ကျော်ခေါ်မည်ဟုဆို