close
Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်ပေါ် ၁၀၁၈ လမ်းပိုင်းကို ခေတ္တပိတ်ထားဖို့ BGF စီစဉ်

ထိုင်း -မြန်မာ ကုန်သွယ်ရေး အာရှလမ်းမကြီးပိတ်ထားချိန်မှာ ယာယီအသုံးပြုနေရတဲ့လမ်းတွေထဲက အရေးပါတဲ့ ၁၀၁၈ ဒေါနတောင်ပေါ်လမ်းကြောင်းကို ကရင့်နယ်ခြားစောင့်တပ် (BGF) က တစ်လကြာပိတ်သွားဖို့ စီစဉ် နေတယ်လို့ BGF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

BGF ထိန်းချုပ်ထားတဲ့ ၁၀၁၈ လမ်းပိုင်းကိုတွေ့ရပုံ (ဓာတ်ပုံ - Htain Lin Myo)

ဧပြီ – ၂၃ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ထိုင်း -မြန်မာ ကုန်သွယ်ရေး အာရှလမ်းမကြီးပိတ်ထားချိန်မှာ ယာယီအသုံးပြုနေရတဲ့လမ်းတွေထဲက အရေးပါတဲ့ ၁၀၁၈ ဒေါနတောင်ပေါ်လမ်းကြောင်းကို ကရင့်နယ်ခြားစောင့်တပ် (BGF) က တစ်လကြာပိတ်သွားဖို့ စီစဉ် နေတယ်လို့ BGF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

၁၀၁၈ ဒေါနတောင်ပေါ်လမ်းကို လမ်းပိုင်းပြုပြင်ဖို့ဆိုပြီး လာမယ့်ရက်ပိုင်းက စတင်ကာ ခေတ္တ ပိတ်သွားဖို့ စီစဉ်နေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်း – မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာ အဓိက ကျတဲ့ အာရှလမ်းမကြီးမှာ တိုက်ပွဲတွေ ဖြစ်ပြီးနောက် လမ်းပိုင်းပြတ်တောက်သွားတာပါ။

Public Service Announcement

Public Service Announcement

အာရှလမ်းမကြီးဟာ ကော့ကရိတ်မြို့နဲ့ မြဝတီမြို့ ကိုဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။

အာရှလမ်းမကြီးကိုအသုံးပြုမရချိန်မှာ ဒေါနတောင်တန်းကို ဖြတ်ဖောက်ထားတဲ့ ယခင်တောင်ပေါ်လမ်းဟောင်း၊ ၁၀၁၈ လမ်း ၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်(သေ့ကတေ)လမ်းတို့ကို ကုန်စည်စီးဆင်းသယ်ယူပို့ဆောင်ရေးနဲ့ သွားလာရေးအတွက် အသုံးပြုနေတာပါ။

အဲဒီလမ်းပိုင်းတွေမှာ ဒေါနတောင်ပေါ်လမ်းဟောင်းဟာ ကတ္တရာလမ်းဖြစ်ပေမယ့် ကားတစ်စီးသာသာပဲ သွားလာလို့ရသလို ကျန်တဲ့ ၁၀၁၈ လမ်း ၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်(သေ့ကတေ)လမ်းတွေကတော့မြေသားလမ်းဖြစ်ပါတယ်။

ဒါကြောင့်မိုးတွင်းမှာသွားလာရေးခက်ခဲနိုင်တယ်လို့ သိရပါတယ်။

၁၀၁၈ လမ်းနဲ့ ကြက်ဥတောင်(သေ့ကတေ) လမ်းပိုင်းတွေကို စစ်ကောင်စီတပ် လက်အောက်ခံ BGF က ထိန်းချုပ်ထားပြီး ထို့ကော်ကိုးလမ်း လမ်းပိုင်းကိုတော့ အပစ်ရပ်ထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC ) က စိုးမိုးထားတာဖြစ်ပါတယ်။

၁၀၁၈ လမ်းကို ခေတ္တပိတ်လိုက်ရင်တော့ ကျန်တဲ့ ကြက်ဥတောင်(သေ့ကတေ) လမ်းနဲ့ ထို့ကော်ကိုးလမ်း တွေကို အသုံးပြုနိုင်ဦးမှာပါ။

လမ်းပိုင်းခေတ္တပိတ်မယ့် အကြောင်းနဲ့ပတ်သက်ပြီး BGF ပြောရေးဆိုခွင့်ရှိသူထံဆက်သွယ်ပေမယ့်အဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်ပြီး တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းအပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိကာ ကော့ကရိတ်မြို့နယ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်နှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာ ဒေါနတောင်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေရာ အောင်ဇေယျစစ်ကြောင်း အထိနာပြီး ဖရိုဖရဲဖြစ်နေသည်ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လူကုန်ကူးသူ တရုတ်နိုင်ငံသား ၆ဦးကိုလည်း ပြန်ပို့ရန်စီစဉ်ထားဟု BGFပြော

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဝန်းကျင်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDFနှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက ထိုးစစ်ဖြင့် စတင်တိုက်ခိုက်နေကြောင်း အဆိုပါဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။

Facebook