close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့ကို သစ္စာဖောက်ရင် သက်ဆင်က ထိုင်းဘုရင်ကို မကောင်းပြောထားတာတွေ ဖွင့်ချမယ်လို့ ဟွန်ဆန်းခြိမ်းခြောက်

တစ်ချိန်က ညီရင်းအစ်ကို ဆက်ဆံရေးမျိုး ရှိတယ်လို့ ကိုယ်တိုင် ညွှန်းဆိုခဲ့ဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ သူ့ကို သစ္စာဖောက်ခဲ့ပါတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ အဲဒီအတွက်လည်း သက်ဆင်က ထိုင်းဘုရင်ကို သစ္စာဖောက်တာ အပါအဝင် ဆိုးရွားတဲ့ ကိစ္စတွေ လုပ်ခဲ့တဲ့အကြောင်း သူက ဖော်ကောင်ပြန်လုပ်ရလိမ့်မယ်လို့ ဟွန်ဆန်းက သတိပေးခဲ့ပါတယ်။

AFP

တစ်ချိန်က ညီရင်းအစ်ကို ဆက်ဆံရေးမျိုး ရှိတယ်လို့ ကိုယ်တိုင် ညွှန်းဆိုခဲ့ဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ သူ့ကို သစ္စာဖောက်ခဲ့ပါတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ အဲဒီအတွက်လည်း သက်ဆင်က ထိုင်းဘုရင်ကို သစ္စာဖောက်တာ အပါအဝင် ဆိုးရွားတဲ့ ကိစ္စတွေ လုပ်ခဲ့တဲ့အကြောင်း သူက ဖော်ကောင်ပြန်လုပ်ရလိမ့်မယ်လို့ ဟွန်ဆန်းက သတိပေးခဲ့ပါတယ်။

ဟွန်ဆန်းဟာ ဝန်ကြီးချုပ် ရာထူးကို သားဖြစ်တဲ့ ဟွန်မာနတ်ဆီ လွှဲပြောင်းပေးထားပေမယ့် ကမ္ဘောဒီးယားမှာ နိုင်ငံရေး ဩဇာ ကြီးကြီးမားမား ဆက်လက် ပိုင်ဆိုင်ထားသလို လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကိုလည်း ရယူထားပါတယ်။ သူဟာ သက်ဆင်ရဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပေမယ့်လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ထိုင်း-ကမ္ဘောဒီးယားက နယ်စပ် ပြဿနာကို အကြောင်းပြုပြီး နှစ်ဖက်ကြားမှာ တင်းမာတဲ့ အက်ကြောင်းတွေ ဖြစ်ပေါ်နေပါတယ်။

မကြာသေးခင်ကလည်း နယ်စပ်ကိစ္စနဲ့ ပတ်သက်လို့ သက်ဆင်ရဲ့ သမီးဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က ဟွန်ဆန်နဲ့ အလွတ်သဘော ဖုန်းဆက် ဆွေးနွေးတဲ့ အသံဖိုင် ပေါက်ကြားခဲ့ပြီး နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အဲဒီ အသံဖိုင်ထဲမှာ ဖေထောင်ထန်က ထိုင်းစစ်တပ်ကို ပုတ်ခတ်တဲ့ သဘောမျိုး ပြောဆိုမိတာကြောင့် ရာထူးကနေ နုတ်ထွက်သင့်တယ်ဆိုတဲ့ ဖိအားပေးမှုတွေနဲ့ပါ ကြုံနေရပါတယ်။ ဟွန်ဆန်ကတော့ အဲဒီအသံဖိုင်ကို သူက ဖွင့်ချလိုက်တာ မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာတော့ ဟွန်ဆန်ဟာ ဖရာဗီဟီရာ ဒေသမှာ နယ်စပ်တင်းမာမှုတွေကြောင့် နေရပ်စွန့်ခွာလာတဲ့ ကမ္ဘောဒီးယား စစ်ရှောင်တချို့နဲ့ သွားရောက် တွေ့ဆုံရာမှာ သက်ဆင်ကို ဦးတည်ပြီး တိုက်ရိုက် ဝေဖန်ထိုးနှက်တဲ့ မှတ်ချက်စကားမျိုး ပြောခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ကို တစ်ဖက်က စပြီး သစ္စာဖောက်တာမျိုးကိုပဲ အဖြစ်ခံလိုက်ဖို့ အမြဲတမ်း တွေးခဲ့ကြောင်း၊ ဘာကြောင့်လဲဆိုတော့ သူက စပြီးသစ္စာဖောက်တာမျိုး မလုပ်ချင်လို့ဖြစ်ကြောင်း၊ အခုတော့ သက်ဆင်ရဲ့ မိသားစုဟာ သူတို့ရဲ့ နိုင်ငံကို သစ္စာဖောက်ဖို့ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို ထုတ်ပြောသင့်နေပြီလို့ သူခံစားမိလာကြောင်း ဟွန်ဆန်းက ဆိုပါတယ်။ ဒါဟာ ကနဦး သတိပေးမှု ဖြစ်ကြောင်း၊ သက်ဆင်အနေနဲ့ ကိုယ့်သမီးကို ဆုံးမ သွန်သင်သင့်ကြောင်း၊ အဲဒီလိုပဲ သက်ဆင်ရဲ့ သားသမီးတွေကလည်း သူတို့ရဲ့ ဖခင်နဲ့ တခြားသူတွေအကြောင်း နားလည်ဖို့လိုကြောင်း ဟွန်ဆန်းက ပြောပါတယ်။

နောက်ပြီး ရှီနာဝတ်ထ် မိသားစုဝင်တွေအပေါ်မှာ သူက ဘာအကြွေးမှ တင်မနေဘဲ သက်ဆင်တို့ မိသားစု ထွက်ပြေးလာတဲ့အချိန် ကမ္ဘောဒီးယားမှာ ခိုလှုံခွင့် ပေးခဲ့တဲ့အတွက် သက်ဆင်ကသာ သူ့ကို ကျေးဇူးကြွေး ရှိနေတာလို့လည်း ဟွန်ဆန်းက ဆိုပါတယ်။

သူက အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားက ဆက်ဆံရေး အနိမ့်အမြင့် အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး အကျေအလည် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း၊ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ငြိမ်းချမ်းမှုကို လိုလားတဲ့ နှစ်ဖက်နိုင်ငံသားတွေဟာ အဲဒီ ဆက်ဆံရေးရဲ့ သဘောတရားကို နားလည်ဖို့ လိုကြောင်း၊ သူက ကိုယ်ထိလက်ရောက် ကူညီဖူးတဲ့ မိသားစု တစ်ခုကနေ ဆင်းသက်လာတဲ့ ဝန်ကြီးချုပ် တစ်ယောက်ဟာ အခုလို ကိစ္စတွေကို ပြဿနာ ရှာလာလိမ့်မယ်လို့ မထင်ခဲ့မိကြောင်းလည်း ဟွန်ဆန်းက ပြောပါတယ်။

သူက သက်ဆင်အနေနဲ့ ဆက်ပြီး စိတ်ကြီးဝင်နေမယ်ဆိုရင် အရင်က သက်ဆင်သူ့ကို ဘာတွေ ပြောခဲ့သလဲ ဆိုတာတွေ အကုန်လုံး ဖွင့်ချမှာဖြစ်ကြောင်း၊ အဲဒီထဲမှာ ထိုင်းဘုရင်ကို သက်ဆင် စော်ကားခဲ့တဲ့ အကြောင်းတွေလည်း ပါကြောင်း ဟွန်ဆန်းက ဆိုပါတယ်။ သက်ဆင်ရဲ့ သမီးက ဝန်ကြီးချုပ် ဖြစ်နေသလို သူ့သားကလည်း ဝန်ကြီးချုပ်တစ်ဦး ဖြစ်ကြောင်း၊ ကလေးတွေကို စည်းကမ်းလိုက်နာအောင် သင်ပေးဖို့ လိုကြောင်း၊ သက်ဆင်အနေနဲ့ သူဟာ လူလည်ကျလို့ရတဲ့သူ တစ်ယောက်လို့ ထင်ရင် မှားသွားမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအပေါ် သူက ဘာအကြွေးမှ မရှိကြောင်းလည်း ဟွန်ဆန်းက မှတ်ချက်ပေးသွားပါတယ်။

တစ်ချိန်ကတော့ ဟွန်ဆန်းနဲ့ သက်ဆင်ဟာ အရမ်းရင်းနှီးသူတွေ ဖြစ်ခဲ့ပါတယ်။ သက်ဆင်နဲ့ တခြားထိုင်းဝန်ကြီးချုပ်ဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ သူ့ညီမ ယင်လက်ခ် ရှီနာဝတ်ထ်တို့ဟာ ဟွန်ဆန်းရဲ့အိမ်မှာ နေထိုင်ခဲ့ကြဖူးပါတယ်။

ဟွန်ဆန်းက ထိုင်းရဲ့ ဝန်ကြီးချုပ်သစ် တစ်ယောက်ဟာ လက်ရှိ အငြင်းပွားမှုတွေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းလာနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ နယ်စပ်ကိစ္စ မူဝါဒတွေကို ထိုင်းအစိုးရထဲမှာ ထိထိရောက်ရောက် ဘယ်သူက ကိုင်တွယ်နေသလဲ ဆိုတာတောင် မသိတော့ဘူးလို့လည်း ဟွန်ဆန်းက ဝေဖန်ခဲ့ပါတယ်။

ထိုင်းမှာ တကယ့် အာဏာရှိတဲ့ အစုအဖွဲက ဘယ်သူလဲဆိုတာ နားမလည်တော့ကြောင်း၊ စစ်တပ်လား၊ နိုင်ငံရေးပါတီ တစ်ခုလား၊ ပါတီနောက်ကွယ်မှာ ရှိနေတဲ့ တစ်ယောက်ယောက်လား၊ ဝန်ကြီးချုပ်လား ဆိုတာကို မသိနိုင်ကြောင်း၊ ကိစ္စတွေကို တကယ်တမ်း ဖြေရှင်းဖို လိုလားတဲ့ ဝန်ကြီးချုပ်တစ်ဦး ထိုင်းမှာ တာဝန်ယူမှသာ ဒီပြဿနာတွေ ပြေလည်မယ်လို ကမ္ဘောဒီးယားအနေနဲ့ နားလည်ထားကြောင်းလည်း ဟွန်ဆန်းက ပြောကြားသွားပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ပြုထားတာကို ပြန်လည် ပိတ်ပင်ဖို့ အစိုးရက စီစဉ်နေတဲ့နောက် ဒေါ်လာ ၁ ဘီလီယံကျော်လောက် တန်ဖိုးရှိတဲ့ ဆေးခြောက် ထုတ်လုပ် ရောင်းချမှု စီးပွားရေး လုပ်ငန်းအတွက် နောက်ဆက်တွဲ မရေရာမှုတွေ ကြုံလာနိုင်ခြေ ရှိနေပါတယ်။

ဆောင်းပါး

ဆေးခြောက်ကိုတရားဝင်ရှုရှိုက်လို့ရနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာလက်ဖက်ရည်ကို မှောင်ခိုဝယ်သောက်ရတယ်လို့ပြောရင် ယုံရခက်ခက်ပါ။ ထိုင်းနိုင်ငံ အနောက်ဘက်စွန်းပိုင်းက နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့တနေရာမှာ ခုရက်ပိုင်းမှာတော့ လက်ဖက်ရည်ကို မှောင်ခိုဝယ်သောက်နေရပါတယ်။

နိုင်ငံတကာ

ညွန့်ပေါင်း အစိုးရထဲက နုတ်ထွက်သွားပြီးတဲ့နောက် ကွန်ဆာဗေးတစ် အင်အားစုတွေဟာ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖယ်ရှားနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။