close
Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးကို PDF နှင့် KNLA ပူးတွဲဖော်ဆောင်

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးထက်မနည်းသေဆုံး၊ စစ်သုံ့ပန်း(၂၂)ဦးနှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ

ဇွန်-၂၆၊ ၂၀၂၅။ People’s Spring

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ယနေ့တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ထုတ်ပြန်သည်။

အမှတ်(၂) စစ်ဒေသခွဲ(JOC)၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့ပူးပေါင်း၍ စစ်ဆင်ရေးဖော်ဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှာ အထိအခိုက်များစွာဖြင့် ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၂)ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်နက်မျိုးစုံ (၂၈)လက်နှင့်ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ(၂၅) တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊တပ်ရင်း(၉)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဂျနီဗာကွန်ဗန်းရှင်း(Geneva Conventions)နှင့်အညီ စနစ်တကျ ထိန်းသိမ်းထားကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်းသေဆုံး ရဲအုပ်ပါအဝင် ၃ဦး ဖမ်းမိ၊ လက်နက် ၁၆လက်ရ

သတင်း

ထိုင်းတွင် ဗီဇာသက်တမ်းလွန်၍ ဖမ်းဆီးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီထံ လွှဲပေးလိုက်သည့် လူငယ်(၄)ဦးသည် စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ ထိကပလယ် တပ်စခန်းမှ ထွက်ပြေးသည့် စစ်သားများကို KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ဟုကရင်သတင်းရင်းမြစ်တဦးက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ်အဖြစ် ၂ နှစ်ခန့်အ​ခြေစိုက်ခဲ့ဖူး​သော မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦး​ဆောင်​သောပူး​ပေါင်းတပ်က ဇွန်၂၂ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ယ​နေ့သည်။