ဇွန်-၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring
မိုးကုတ်မြို့တွင် PDFနှင့် TNLAအယောင်ဆောင်ပြီး ဓားပြတိုက်နေသည့် အဖွဲ့ကို TNLAရဲတပ်ဖွဲ့ က ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦး သေဆုံးပြီး သုံးဦးဖမ်းမိကာ ဆက်လက် စစ်ဆေးနေသည်။
ဇွန် ၂၅ ရက် ည ၁၂ နာရီခန့်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေဘုံသာရပ်ကွက်မှ အိမ်တစ်အိမ် ဓားပြတိုက်ခံရစဉ် TNLAရဲတပ်ဖွဲ့ကသွားရောက်ဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟုဒေသခံအချို့ကပြောသည်။
“ဓါးပြတွေကိုဖမ်းမိတယ်။မိုးကုတ်မှာဓါးပြတိုက်တာ ခဏခဏဖြစ်နေတာ။PDFလိုလိုTNLAလိုလိုနဲ့လုပ်နေတာပါ”ဟုဒေသခဲတစ်ဦးကပြောသည်။

Public Service Announcement
ဇွန် ၂၅ ရက်ညက ပစ်ခတ်မှုသည် တိုက်ပွဲကဲ့သို့ ပြင်းထန်ခဲ့ပြီး နာရီဝက်ကျော် ကြာခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။
“ဓါးပြအဖွဲ့ကသေနတ်ကောင်းကောင်းတွေပါလာတယ်။တစ်ယောက်သေဆုံးတယ်။သုံးယောက်အရှင်မိထားတယ်။TNLAတဦးလည်းကျသွားတယ်”ဟုTNLAနှင့်နီးစပ်သည့်ဒေသခံကပြောသည်။
ပစ္စတို ၄ လက်၊ ကျည်များ နှင့် TNLA ယူနီဖောင်း အချို့ကိုလည်းသိမ်းဆည်းနိုင်ခဲ့သည်ဟုသိရသည်။ရွှေဘုံသာမှာဓားပြအဖွဲ့ကိုTNLAအဖွဲ့ဝိုင်းဖမ်းရာကနေ အပြန်အလှန်ပစ်ခတ်
“ခေါင်းဆောင်ကတော့သေသွားတယ်တယ်။နာမည်ဖျက်လုပ်စားတိုက်နေတယ့်အဖွဲ့လို့သိရတယ်ဗျ”ဟု ဒေသခံတဦးကပြောသည်။
ဇွန် ၂၂ ရက်ကလည်းမိုးကုတ်မြို့တောင်တွန်းရွာတွင်TNLA ယူနီဖောင်းဝတ်အမျိုးသားသုံးဦးက ဓားပြတိုက်သွားခဲ့သည်။
မိုးကုတ်မြို့ကို TNLA၊ PDFနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင် ၂၄ရက်တွင် သိမ်းယူခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် TNLAတို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည်။
