close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ဖုတ်ဖရမြို့ ၊ ထိုင်းပြန်စစ်သား​များနဲ့ ၁၆ ဂိတ်

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နားက ဖုတ်ဖရမြို့လေးဟာ ရေတံခွန်တွေ၊ ပန်းခြံတွေနဲ့ သာယာလှပ ပါတယ်။ ဘေးပတ်လည်မှာလည်း တောင်တန်းတွေ ကာရံထားပါတယ်။ မဲဆောက်မြို့က ထိုင်းနိုင်ငံသားတွေအပြင် မဲဆောက်ရောက်မြန်မာတွေလည်း ရေတံခွန်တို့ ပန်းခြံတို့ အလည်အပတ်သွားရင် ဖုတ်ဖရကို သွားလေ့ရှိပါတယ်။

DEE/People’s Spring

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နားက ဖုတ်ဖရမြို့လေးဟာ ရေတံခွန်တွေ၊ ပန်းခြံတွေနဲ့ သာယာလှပ ပါတယ်။ ဘေးပတ်လည်မှာလည်း တောင်တန်းတွေ ကာရံထားပါတယ်။ မဲဆောက်မြို့က ထိုင်းနိုင်ငံသားတွေအပြင် မဲဆောက်ရောက်မြန်မာတွေလည်း ရေတံခွန်တို့ ပန်းခြံတို့ အလည်အပတ်သွားရင် ဖုတ်ဖရကို သွားလေ့ရှိပါတယ်။

အဲဒီဒေသဟာ မြန်မာဘက်မှာ တိုက်ပွဲ​တွေဖြစ်တဲ့နယ်စပ်မျဉ်းနဲ့ နီးတာကြောင့် ထိုင်းစစ်တပ်ကကျန်​ဒေသ​တွေထက် လုံခြုံ​ရေးမြှင့်ထား​လေ့ရှိပါတယ်။ ဖုတ်ဖရမှာထိုင်းစစ်တပ်စခန်းတွေများစွာရှိပါတယ်။

သာယာလှပတဲ့ ဖုတ်ဖရကို ဒီလပိုင်းအတွင်းမှာမြန်မာစစ်သား​တွေ မကြာခဏသွား​နေကြပါတယ်။

Public Service Announcement

Public Service Announcement

ဖုတ်ဖရကိုာသွားပြီး တပါတ်​လောက်ရှိရင် မြန်မာနိုင်ငံကို ပြန်ကြပါတယ်။ ဒါ​ပေမယ့် သူတို့သွားတာက အပန်းဖြေ ခရီး​တော့မဟုတ်ပါဘူး။ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တဲ့အတွက် ဖုတ်ဖရထဲကို အမောသောကောပြေးဝင်သွားရတာပါ။

နယ်စပ်ဒေသမှာရှိတဲ့ တပ်စခန်းတွေကို KNLA ဦး​ဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်တဲ့အခါ စစ်ကောင်စီတပ်သားတွေက အလွယ်တကူပဲ ထိုင်းနိုင်ငံထဲကို ပြေးဝင်နေတာပါ။

ဒါ့ကြောင့် ဖုတ်ဖရတဖက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်က စစ်သားတွေကို ထိုင်းပြန်စစ်သားတွေလို့ အဲဒီဒေသက ဒေသခံတွေက စနှောက်ခေါ်နေပါတယ်။

“သူတို့ကိုဘယ်လိုနာမည်ပေးရမလဲ။ ထိုင်းပြန်စစ်သားတွေလား။ သေမှာကြောက်လို့ ထွက်ပြေးတဲ့ နိုင်ငံခြားပြန် စစ်သားတွေလားပေါ့”လို့ စစ်ကောင်စီတပ်သားတွေ ထိုင်းဘက်ထွက်ပြေးနေတာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ခံတစ်ဦးက သူရဲ့အမြင်ကို ပြောပါတယ်။

ဖုတ်ဖရရဲ့တဖက်ခြမ်းမှာတော့လက်တလောမှာ သေနတ်သံတွေ၊လက်နက်ကြီးသံတွေ၊လေကြောင်းကနေ ဗုံးကြဲသံတွေနဲ့ ဆူညံနေတဲ့ သေဘောဘိုး၊ရွှေအေးမြိုင်၊ ဥကရစ်ထ၊ထီးကပလယ်၊ ဝေါ်လေနဲ့ ကနဲလေးတပ်စခန်း စသဖြင့် နယ်စပ်တ​လျှောက် စစ်တပ်စခန်း​တွေ များစွာရှိခဲ့ပါတယ်။

​မေလ နဲ့ ဇွန်လမှာ​တော်လှန်​ရေး ပူး​ပေါင်းတပ်​တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် စစ်တပ်စခန်း​တွေ တစ်ခုပြီး တခုဆက်တိုက်ကျလာတာ အခုဆိုရင် ဥကရစ်ထစခန်း၊ဝေါ်လေဗျူဟာ နဲ့ တိသဲလယ် ကာကင်းစခန်းတို့ပဲ ကျန်ရှိပါ​တော့တယ် ။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေ ပူးပေါင်းပြီးနယ်စပ်ကတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေတာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲတွေက စစ်သားတွေဟာ နယ်စပ်မျှဥ်းကို​ကျော်​ပြီးဖုတ်ဖရထဲကို ထွက်ပြေးနေတာဖြစ်ပါတယ်။

မေလနဲ့ ဇွန်လအတွင်းမှာ အဲဒီစခန်းသိမ်းတိုက်ပွဲတွေကနေ စစ်သား ၃၀၀ ​ကျော်ဟာ ဖုတ်ဖရထဲကို ပြေးဝင်ခဲ့တာကို People’s Spring ကစု​ဆောင်းထားတဲ့အချက်အလက်​တွေအရသိရပါတယ်။

စစ်ကောင်စီတပ်က စစ်သားတွေဟာ တခြားဒေသ ချင်ပြည်နယ် နယ်စပ်ဒေသက တိုက်ပွဲတွေမှာ အိန္ဒိယနိုင်ငံ နဲ့ ကချင်ပြည်နယ် နယ်စပ်ကတိုက်ပွဲတွေမှာ တရုတ်နိုင်ငံ နဲ့ ရခိုင်ပြည်နယ် နယ်စပ်က တိုက်ပွဲတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို အသီး

သီးထွက်ပြေးကြပါတယ်။ကရင်ပြည်နယ် နယ်စပ်ဒေသက စစ်သားတွေကလည်း သူတို့စခန်း​တွေကို​တော်လှန်​ရေးအဖွဲ့​တွေကလိုက်တိုက်လို့ စခန်း လက်လွှတ်ရ​တော့မယ်ဆိုရင် ထိုင်းကိုပဲ ပြေးကြပါတယ် ။

လောလောလတ်လတ်ကိုပဲ ဇွန်လ ၂၂ရက် ညနေပိုင်းမှာ ထီးကပလယ်စခန်းကနေ တပ်ရင်းမှူးဦး​ဆောင်ပြီး စစ်သား( ၆၀) ဝန်းကျင်ဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့ ထွက်ပြေးသွားခဲ့ပါတယ်။ဒါ​ပေမယ့် အဲဒီအဖွဲ့ဟာ ဇွန်လ ၂၃ရက်နေ့လယ်ပိုင်းအထိ ထိုင်းနိုင်ငံထဲကို မရောက်သေးပါဘူး။

“ပြေးတဲ့ စကစတွေ ဒါပေမယ့် ထိုင်းဘက်တော့မရောက်သေးဘူး။ တော်လှန်ရေးအဖွဲ့တွေက လိုက်ရှင်းနေတယ်။ မီလောက်မှာပါ။ ဒါပေမယ့် စကစတွေကလည်း လမ်းတလျှောက် မိုင်းတွေထားခဲ့တယ်ကြားတယ်။ သူတို့ကို ထိုင်းဘက်ကလည်းကြိုစောင့်နေတယ် သိရတယ်။ သူတို့မှာ ဒဏ်ရာရသူတွေလည်းပါတော့ သိပ်မရောက်နိုင်ဘူး။ ခုထိတော့ ရောက်တယ်မကြားသေးဘူး”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ထီးကပလယ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၉ရက်က စတင်တိုက်ခိုက်ပြီး ဇွန် ၂၂ ရက်မှာ သိမ်းပိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်က မြန်မာ − ထိုင်း နယ်စပ်မျဉ်းအနီးက သေဘောဘိုးတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ အမှတ်(၃)စစ်ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ဟာ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးသွားခဲ့တာပါ။ အဲဒီအဖွဲ့ဟာ ဇွန်လ ၈ရက်မှာ ၂၇၅တပ်ရင်းထဲကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၆၂ဦးကို လည်း မေလ ၂၈ရက်မှာ နယ်စပ်ဂိတ်ဖြစ်တဲ့ (၁၆)ဂိတ်ကနေ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းထဲကို ပြန်ပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ရက်က ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းသိမ်း တိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၆၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးပြီး ငါးရက်အကြာမှာဘဲ ထိုင်းစစ်တပ်က (၁၆)ဂိတ်ကနေ ပြန်ပို့ခဲ့ပါတယ်။

မေလ ၂၇ရက်မှာလည်း စစ်ကောင်စီတပ်သား ၆၂ ဦးဟာ ထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီး သေဘောဘိုးဗျူဟာတပ်စခန်းကိုစစ်ကူလာခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား ၆၂ဦးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၂၈ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ၂၈ဦးက ထိုင်းနိုင်ငံထဲကို ပြန်လည်ထွက်ပြေးခဲ့ပါသေးတယ်။

ဒါ့အပြင် မေလ ၂၈ရက်လည်း နယ်စပ်က ဝေါ်လေမြို့နားကကနဲလေးစစ်ကေင်စီတပ်စခန်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရာမှာလည်း စစ်ကောင်စီတပ်သား ၅၂ဦးဟာ ထိုင်းနိုင်ငံထဲကို ထပ်မံထွက်ပြေးခဲ့ပါသေးတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ထိုင်းစစ်တပ်က ထိန်းသိမ်းပြီး တစ်ပါတ်ကြာတဲ့အခါ သူတို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးနေတာပါ။ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ−၂၇၅တပ်ရင်းထံ ပြန်လွှဲပေးတာပါ။ အခုဆို ၂၇၅ထဲမှာ ထိုင်းပြန်စစ်သားရော အရင်ရှိတဲ့စစ်သား​တွေ​ရောဆိုရင် စစ်သားစုစု​ပေါင်း ၆၀၀ လောက်အထိ ရှိနေပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်သားတွေကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန် ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေ ပြန်ပို့နေတာလို့ ဆိုပါတယ်။ စခန်း​တွေအတိုက်ခံရလို့ထိုင်းနိုင်ငံထဲကို ထွက်ပြေးတဲ့စစ်သား​တွေဟာ ပြန်ပို့ရင် (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။

နယ်စပ်စည်းမျဉ်းနားက တပ်စခန်းတွေက စစ်သားတွေဟာ ထိုင်းနိုင်ငံကိုသွားဖို့ အခွင့်အရေးတော့ သိပ်မရှိတော့ပါဘူး။ဒါ​ပေမယ့် အခုဆိုရင် KNU တပ်မဟာ ၆ ဂွင်ထဲမှာဥကရစ်ထစခန်း၊ ဝေါ်လေဗျူဟာ၊ တိသဲလယ် ကာကင်းစခန်းနဲ့ ခမရ ၂၇၅ တပ်ရင်းတို့ပဲကျန်ပါ​တော့တယ်။

အဲဒီထဲက ဥကရစ်ထကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ဖြတ်တောက်ထားနေပြီဖြစ်ပါတယ်။ ဥကထရစ်ထနဲ့ ဝေါ်လေဗျူရင်ပြီးရင် မြို့စောင့်တပ် ၂၇၅ဟာ ခြံထဲကကြက် ဖြစ်သွာပြီးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အားလုံးသိမ်းပြီးသွားရင် နောက်ဆုံးထွက်ပြေးတဲ့သူတွေ ပြန်ဝင်စရာနေရာမရှိတော့ဘူး”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

Trending

Facebook