close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ တော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင်-၂၂၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ တော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုအလေးပြုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေကို ဝမ်းနည်း ကြေကွဲစွာ အလေးပြုရင်း “အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက်” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” ၊ “စစ်အာဏာရှင်စနစ် အလိုမရှိ အလိုမရှိ” ၊ “အရေးတော်ပုံမုချအောင်ရမည်”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဒေသခံပြည်သူတွေနဲ့ ပြည်သူ့အားမာန်သပိတ် ရဲဘော်တွေက စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၁)မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ကြဖို့ ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့မှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇူလိုင် ၂၀)မှာစစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်း၊ မကွေးနှင့် တင်္နသာရီတိုင်းတို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ပြီး ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၇)မှာ စစ်အာဏာရှင် တော်လှန်ရေး လူထုသပိတ် ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။