close
Connect with us

Hi, what are you looking for?

ဆောင်းပါး

​တောင်​ပေါ်က​မျှော်​နေသူ​တွေ

မော်တော်ကားဖြင့်နှစ်နာရီခွဲခန့်မောင်းနှင်ပြီးနောက် ကားလမ်း မပေါက်တော့သောနေရာလေးတစ်ခုသို့ တစ်နာရီကျော်ကြာကိုဆက်နောင်တို့ခြေကျင် ခရီးဆက်ရသည်။

ရဲ​ခေါင်/People’s Spring

မော်တော်ကားဖြင့်နှစ်နာရီခွဲခန့်မောင်းနှင်ပြီးနောက် ကားလမ်း မပေါက်တော့သောနေရာလေးတစ်ခုသို့ တစ်နာရီကျော်ကြာကိုဆက်နောင်တို့ခြေကျင် ခရီးဆက်ရသည်။

ကျဥ်းမြောင်း စိုစွတ်လှသည့် တောင်တက်၊တောင် ဆင်းလမ်း နှင့် အထုပ်များ​ကြောင့် ​ဖြေး​ဖြေးချင်းသွားရ​သော်လည်း လမ်းခရီးကျွမ်းကျင်သည့်အဖော်များကြောင့်ထိုနေရာသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။

မိုးရာသီတွင် ​တော​တောင်တစ်ခုလုံးစိမ်းစို၍ လှပ​သောထို​နေရာကို သူအ​ပျော်ခရီးထွက်ခဲ့ခြင်းမဟုတ်သလို ​မိဘဆွေး​မျိုး​တွေရှိ၍ သွားခဲ့ခြင်းလည်းမဟုတ်ပါ။

Public Service Announcement

Public Service Announcement

စားစရာရှားပါး၍ တစ်ရက်လျှင်ထမင်းတစ်နပ်သာစားရသဖြင့် အကူအညီတောင်းခံလာသော ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိသည့် ဖယ်ခုံမြို့နယ် တောင်ကမ်းပါးယံဘေးမှ စစ်ဘေးရှောင်စခန်းကိုသူ​ရောက်​နေခြင်းဖြစ်သည်။

ထိုစစ်ဘေးရှောင်စခန်း၌ ရှိသူများသည်ပင် လောင်း၊ ဖယ်ခုံ မှ ဒေသခံများဖြစ်ပြီး စစ်တပ်နှင့် PNO/PNA ပြည်သူ့စစ်တို့က ​ဒေသခံများ၏အိမ်များမီးရှို့၊ လူသတ် အကြမ်းဖက်ကာစစ်​ကြောင်းထိုး​သောကြောင့်နေရပ်စွန့်ခွာထွက် ပြေးလာရခြင်းဖြစ်သည်။

လူဦးရေ ၅၀၀ ကျော်ရှိသည့် စစ်ရှောင်စခန်းတွင် ရက်​ပေါင်းများစွာတိမ်း​ရှောင်ထွက်​ပြေးလာရသဖြင့်စားနပ်ရိက္ခာ​ဆေးဝါး စ​သောအ​ခြေခံအ​ရေး​​ပေါ်​ဆေးဝါးမှာပြတ်လပ်လာသည်။ အသက်ရှင်သန်​ရေးးအတွက် ဆန် နှင့် ဆီပြတ်လပ်မှုမှာသူ့တို့အတွက် အကြီးမားဆုံးအခက်အခဲဖြစ်လာသည်။

ပို၍ ဆိုးသည်က ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းကိုဇွန်လဆန်းကစ၍စစ်တပ်နှင့် PNO/PNAပြည်သူ့စစ်တို့က အင်အားထောင်ချီ၍ စစ်ကြောင်းထိုးလာခြင်းကလည်း အကူအညီတောင်းခံနိုင်သည့် ကွင်းဆက်ပြတ်​တောက်ခဲ့ရသည်။

​နောက်ဆုံးတွင်ကြုံနေရသော အခက်အခဲများကို စစ်ရှောင်ပြည်သူအချို့ကအတိုကောက် JFK ဟု​ခေါ်သည့် Jobs For Kayah အဖွဲ့ရှိရာသို့ အကူအညီ တောင်းခံခဲ့သည်။ JFK သည် ရှမ်းပြည်တောင်ပိုင်း နှင့် ကရင်နီပြည်နယ် ရှိ စစ်ဘေးရှောင်ပြည်သူများကို တက်စွမ်းသ​ရွေ့ကူညီနေသည့် အဖွဲ့ဖြစ် သည်။

စစ်ရှောင်ပြည်သူများအတွက် ယာယီနေထိုင်နိုင်ရေး တဲ မှစ၍ အခြေခံစားနပ်ရိက္ခာများကို တစ်နိုင်တစ် ပိုင် လှူဒါန်းလိုသူများ၏စေတနာ ငွေကြေးကိုစု၍ JFK က တဆင့်ခံ ကူညီနေခြင်းဖြစ်သည်။ ကိုဆက်နောင်သည်လည်းထိုအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေသည်။

“သူတို့ အရမ်းပျော်ကြတယ်။မနက်ကတည်းက လမ်းလျှောက်လာပြီး ကားလမ်းရတဲ့နေရာအထိလာစောင့်နေကြတာ”ဟု ကိုဆက်နောင်က အကူအညီစောင့်ဆိုင်းခဲ့သော စစ်ရှောင်ပြည်သူများ၏ ပုံရိပ်အချို့က ပြောပြသည်။

တစ်ဦးလျှင် နှစ်ပြည်နှုန်းစာဝေမည့်ဆန်အိတ်က​လေးများ၊စားဆီ၊ ရိက္ခာအခြောက်အခြမ်းများ အပါ အဝင် ကလေးများအသုံးပြုရန် စာရေးကိရိယာနှင့် အာဟာရ အစား အသောက်တစ်နပ်စာအတွက် JFK က စုစုပေါင်းကျပ်သိန်း ၁၀၀ နီးပါးတန်ဖိုးရှိ အ​ရေး​ပေါ် စား​သောက်ကုန်များဝယ်လာခြင်းဖြစ်သည်။သို့​သော် ထိုပမာဏသည် စစ်​ရှောင်စခန်း၏တစ်ပါတ်စာအတွက်သာရိက္ခာဖူလုံနိုင်ဖွယ်ရှိသည်။

ထို​ကြောင့် စစ်ရှောင်စခန်းမှပြည်သူများသည်အကူအညီများဆက်လက်လိုအပ်​နေဦးမည်ဖြစ်သည်။

ကုန်စည်စီးဆင်းမှုပြတ်​တောက်ခြင်း နှင့် ကုန်စျေးနှုန်းကြီးမားခြင်းကလည်း စစ်ရှောင်အရေးကူညီသူများနှင့် စစ်ဘေးသင့်ပြည်သူများအပေါ် တိုက်ရိုက်သက်ရောက်မှုဖြစ်နေသည်။

“စစ်ဘေးရှောင်နေရသူတွေကို ရေရှည်ထောက်ပံ့ကူ ညီနိုင်ဖို့အပိုင်းတွေမှာ စားနပ်ရိက္ခာ၊ပညာရေး၊ကျန်း မာရေး တွေက ပြည်ပနဲ့ နိုင်ငံတကာရဲ့အကူ အညီတွေလိုနေတယ်ဆိုတာထက်ပိုပြီးလိုနေတယ်”ဟု ကရင်နီပြည်နယ်၌ စစ်ရှောင်အရေး ကူညီနေသည့် မအက်စတာက ရှင်းပြသည်။

ခရီးဝေးပြီး သွားလာရခက်ခဲမှုကြောင့် အကူအညီအထောက်အပံ့ အနည်းငယ်သာ ရရှိသည့် စစ်ရှောင်စခန်းများစွာရှိနေသေးကြောင်းလည်း သူမ က ဆက် ပြောသည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ ဇွန်လ တ တိယပတ်က ထုတ်ပြန်ချက်တွင် ဖယ်ခုံ၊မိုးဗြဲ မြို့အပါအဝင် လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဖား ဆောင်း၊ရှားတော၊မယ်စဲ့နှင့် ဘောလခဲ မြို့တို့မှာပင် စစ်ရှောင်ပြည်သူနှစ်သိန်းရှစ်သောင်းကျော်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၅ သန်းဝန်းကျင်ရှိ ကြောင်း ကုလ သမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိ နှိုင်းရေးရုံး UNOCHA ကဇွန်လကုန်တွင်ထုတ်ပြန် ထားသည်။သို့​သော်​မြေပြင်တွင် အဆိုပါစာရင်းထက်ပိုများသည်။

ပြည်တွင်း နေရပ်စွန့်ခွာရွှေ့ပြောင်း ရသူများတွင်စစ်တပ်စစ်ကြောင်းထိုး၍ အကြိမ်ကြိမ် ရွှေ့ပြောင်းနေရသူများကို ထည့်သွင်းပါက ပြည် တွင်းစစ်ရှောင်ရသူသည် ငါးသန်းထက်မနည်းရှိ ကြောင်း စစ်ရှောင်အရေးကူညီသူအချို့က ခန့်မှန်း သည်။

နိုင်ငံတစ်ဝန်းနယ်မြေ အစုံတိုက်ပွဲများ ဖြစ်လာသဖြင့် စစ်ရှောင်ရသူတိုးလာ​သော်လည်း တစ်ဖက်တွင်နိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှု အကူအညီများ လျော့နည်းရှားပါးလာချိန်ဖြစ်သဖြင့် စစ်ရှောင်ပြည်သူများအတွက်ကြီးမား​​သောစိန်ခေါ်မှုဖြစ်လာသည်။ထို​​ကြောင့် ကုလသမဂ္ဂလက်​အောက်ခံအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာမှအကူအညီ​ပေး​သောအဖွဲ့များမှာ စစ်​ကောင်စီခွင့်ပြုမှ ၊စစ်​ကောင်စီခွင့်ပြု​သော​ဒေသမှပြည်သူများကိုသာ ကူညီနိူင်​သောအ​ခြေအ​နေကို ​ဖောက်ထွက်နိုင်ပါမှ ​မြေပြင်တွင် အ​ရေး​ပေါ်အကူအညီလိုအပ်​နေ​သောစစ်​ဘေး​ရှောင်ပြည်သူများကိုပိုမိုကူညီနိုင်မည်ဖြစ်ပါသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​နွေဦး​တော်လှန်​ရေးကာလ တ​လျှောက်တွင် ပြည်သူအချင်းချင်းကူညီမှုမှာ စစ်​ဘေး​ရှောင်တို့အတွက်အဓိကဖြစ်ခဲ့သည်။သို့​သော် စစ်အုပ်စုအာဏာသိမ်းသည်မှာလေးနှစ်​ကျော်လာပြီး နိုင်ငံမှာ ဘက်​ပေါင်းစုံကျဆင်း​နေ​ချိန်တွင် စစ်တပ်​၏ ဖိနှပ်မှုများ​ကြောင့်ပြည်သူများမှာပိုမိုကြပ်တည်းလာပြီး ကူညီနိုင်မှုလျော့ကျလာ​နေသည်။

ထိုအ​ခြေအ​နေအရပ်ရပ်က စစ်​ဘေး​ရှောင်ပြည်သူများအတွက် အသက်ရှုကြပ်စရာဖြစ်​နေ​တော့သည်။အာဏာလုထား​သောစစ်အုပွစု​ခေါင်း​ဆောင် က စစ်​ဘေး​ရှောင်များကို အကူအညီ​ပေးမည်ဟု ​ပြောထား​သော်လည်း လက်​တွေ့တွင် နိုင်ငံတစ်ဝန်း ဗုံးပတ်ကြဲ ၊စစ်​ကြောင်းထိုး၍ ဗုံးဆန် အ​မြောက်ဆန်များကိုသာ ​ပေး​​ဝေ​နေသည်။ထို​ကြောင့် စစ်​ရှောင်ပြည်သူများအတွက် အားကိုးစရာမှ ပြည်သူအချင်းချင်းသာဖြစ်​နေ​တော့သည်။

နောက်တစ်ခေါက် မျှော်နေမည် ဆိုသော စစ်ရှောင်စခန်းဆီက အားကိုးတကြီး​ပြောလာ​သော စကားအတွက် ကိုဆက်နောင်တွင်အဖြေမရှိခဲ့။

“အဲဒီအသံတွေကြားတော့ မချင့်မရဲ ပြုံးပြနှုတ် ဆက်ခဲ့ရတယ်”ဟု သူကရင်ဖွင့်ပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ လေးနှစ်အရွယ်ကလေး အပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

သတင်း

ချင်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုကြားက စစ်ရေး ပဋိပက္ခကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ လောက်ဟာ အိန္ဒိယ နိုင်ငံဖက်ခြမ်း၊ မီဇိုရမ် ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းဌာန NDTV က​ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်းအတွင်းအင်အားအများအပြားဖြင့်စစ်ကြောင်းထိုးလာ​သောစစ်တပ်​ကြောင့်ကမ္မမြို့မှ ​ဒေသခံပြည်သူများထွက်​ပြေးတိမ်း​​ရှောင်​နေကြရပြီး အကူအညီများစွာလိုအပ်​​နေသဖြင့်ကူညီပေးကြရန် ပခုက္ကူမြို့နယ်လူသားချင်းစာနာထောက်ထားရေးတာဝန်ခံနှင့် ကျောင်းသားတပ်တော်(ABSDF) တာဝန်ရှိသူက ပြောသည်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်ကျော်အကြာ အခုဇွန်လအတွင်းမှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အ​မွေအနှစ်စာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပုဂံ၊ညောင်ဦးဒေသမှာ တိုက်ပွဲအချို့ဖြစ်နေပြီး စစ်တပ်က ဒေသတစ်ခုလုံးနီးပါးကို တင့်ကားတွေသုံးပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရပါတယ်။