ဇူလိုင်-၁၇၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၇)မှာ စစ်အာဏာရှင် တော်လှန်ရေး လူထုသပိတ် ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ရွှေရေကြည်စစ်ကြောင်းတို့က စစ်အာဏာရှင် တော်လှန်ရေးသပိတ်တွေ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေ ပူးပေါင်းပြီး “အကြမ်းဖက်စစ်တပ် ကျဆုံးရေး၊ အာဏာသိမ်းစစ်တပ် ကျရှုံးရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း ကျေးရွာများသပိတ်က ဦးဆောင်ပြီး မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
