ဇူလိုင်-၂၀၊၂၀၂၅။သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့မှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇူလိုင် ၂၀)မှာစစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုက”အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ဆက်ချီတက်”ဘန်နာစာသားကို ကိုင်စွဲပြီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး” ၊ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြ”၊ “စစ်အာဏာရှင်စနစ် ကျရှုံးရေး”၊ “အာဇာနည်မျိုး သေရိုးမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
ဘုတလင်မြို့နယ်မှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ(ဘုတလင်မြို့နယ်) – ABYPU က “စစ် (၃ ) စစ်ကို အမြစ်ဖြတ်ကြ အာဇာနည်ဟာ ကိုးဦးမက” ခေါင်းစဉ်နဲ့ စာတန်းများချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင် တော်လှန်ရေး လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းတောင်သပိတ်
