close
Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ်ပကဖဘဏ္ဍာရေးတာဝန်ခံ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး​သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘဏ္ဍာရေးတာဝန်ခံသည်အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဇူလိုင်-၂၂၊၂၀၂၅။‌ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘဏ္ဍာရေးတာဝန်ခံသည်အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ်ပကဖ ဘဏ္ဍာရေးတာဝန်ခံကိုတူးသည်ဇူလိုင်လ၂၁ရက်ညက ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး သတ်ဖြတ်မှုကျူး

လွန်သူကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ ညတွင်းချင်းဖမ်းဆီးခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးနဲ့ မဆိုင်ဘူး။ လူမှုရေးကိစ္စကနေဖြစ်တာ။သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာ။တရားခံကိုလည်းဖမ်းထားတယ်”ဟုဒေသတွင်းမှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကိုတူးသေဆုံးမှုနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ်ပကဖထံ ဆက်သွယ်သော်လည်း ဖုန်းလိုင်းအခက်ခဲကြောင့် အဆက်အသွယ်မရရှိသေးပေ။

ထို့အပြင်အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ကာကွယ်​ရေးဝန်ကြီးဌာ မှတာဝန်ရှိသူထံဆက်သွယ်ရန်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေး​ပေ။

ကိုတူးသည် လူမှုရေးကိစ္စကြောင့် ခိုက်ရန်ဖြစ်ပွားပြီးသေဆုံးခဲ့ကြောင်းကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်ငါးဦးထက်အမနည်းက အတည်ပြုပြောဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သင်္ဘောနစ်မြုပ်မှုရုပ်သံပြသ၊စစ်သား ၅ ဦးသေ၂၁ ဦးထိခိုက်ဒဏ်ရာရဟု NUGထုတ်ပြန်

သတင်း

စစ်သားနှင့် ပျူ ၄ဦး​သေဆုံးပြီး ​သေနက် ၃ လက်သိမ်းဆည်းရရှိ​ကြောင်းထုတ်ပြန်

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ကွက်လေလံနှင့်ပတ်သက်၍ မျှတမှုမရှိဟုဆိုကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဒေသခံများက ဆန္ဒပြနေသည်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတခု စီးနင်းခံရကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံး