close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဝင်ခွင့်အတွက် မောင်နှမနှစ်ဦး ထိပ်တိုက် ပြိုင်ဆိုင်၊ ညီမ အနိုင်ရ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ် အထက်လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးပွဲမှာ မောင်နှမ အရင်းနှစ်ယောက် ပြိုင်ဘက်အဖြစ် ထိပ်တိုက် တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ် အထက်လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးပွဲမှာ မောင်နှမ အရင်းနှစ်ယောက် ပြိုင်ဘက်အဖြစ် ထိပ်တိုက် တွေ့ဆုံခဲ့ကြပါတယ်။

ဖလော်ရီဒါ ပြည်နယ်ရဲ့ ဒီမိုကရက်တစ် ပါတီ အသိုက်အဝန်းမှာတော့ အခုအခြေအနေဟာ ထူးဆန်းတဲ့ ပြိုင်ဆိုင်မှု ဖြစ်ခဲ့ပြီး မောင်နှမ နှစ်ယောက်ရဲ့ မိခင်ကတော့ သမီးငယ်ဖက်ကို ယိမ်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်ဖြစ်သူဟာ အသက် ၄၅ နှစ်အရွယ် သမီး လာဗွန် ဘရိုင်စီ ဒေးဗီးစ်ရဲ့ မဲဆွယ်မှု မန်နေဂျာအဖြစ် တာဝန်ယူပေးခဲ့တာကြောင့်ပါ။

မဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာတော့ လာဗွန်ကပဲ စုစုပေါင်း ထောက်ခံမဲ ၄၂ ရာခိုင်နှုန်းထိ ရရှိပြီး အနိုင်ရသွားပါတယ်။ သူ့ရဲ့ အစ်ကိုဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် ရန်းဒေါ့ဖ် ဘရိုင်စီ ဒေးဗီးစ်ကတော့ ယှဉ်ပြိုင်သူ ပါတီဝင် ၄ ယောက်ထဲမှာ ထောက်ခံမဲ ၁၂ ရာခိုင်နှုန်းသာရပြီး နောက်ဆုံးနေရာ ချိတ်ခဲ့ပါတယ်။ အခုတော့ လာဗွန်ဟာ ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု အထက်လွှတ်တော် အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့် ရလာတော့မှာပါ။

သူဟာ စက်တင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကျရင် ပြည်နယ် အထက်လွှတ်တော် အမတ်နေရာအတွက် အနိုင်ရမယ်လို့လည်း ရေပန်းစားနေပါတယ်။ သူတို့မိသားစုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးဖြစ်သူ ဂီရယ်လ်ဒင်း သွမ်ဆန်ဟာ အဲဒီ နေရာမှာ တာဝန်ယူနေရင်း ပြီးခဲ့တဲ့နှစ်က ကွယ်လွန်ခဲ့ပါတယ်။ အခုတော့ လစ်လပ်နေတဲ့ နေရာအတွက် လာဗွန်က အစားထိုး တာဝန်ယူလာနိုင်မယ့် သဘောပါပဲ။

Public Service Announcement

Public Service Announcement

ကွယ်လွန်သူ သွမ်ဆန်ရဲ့ မိသားစုတွေကလည်း ပါတီတွင်း အားပြိုင်မှုမှာ လာဗွန်ကိုပဲ ထောက်ခံခဲ့ကြပါတယ်။ လာဗွန်က သူဟာ သွမ်ဆန်လက်ထက်မှာ ကြိုးစား အကောင်အထည် ဖော်ခဲ့တဲ့ တရားမျှတမှု၊ တိုးတက်မှုနဲ့ ပြည်သူကို အလုပ်အကျွေးပြုမှု လမ်းစဉ်တွေကို လက်ဆင့်ကမ်းသွားမယ်လို့ ပြောပါတယ်။

အရေးနိမ့်ခဲ့သူ အစ်ကိုဖြစ်တဲ့ ရန်းဒေါ့ဖ်ကတော့ သူ့ရဲ့ မဲဆွယ်မှုတွေ အတွင်းမှာ မိခင်နဲ့ ညီမအကြောင်း မပြောခဲ့ဘဲ ဖလော်ရီဒါ အလယ်ပိုင်းမှာ နိုင်ငံရေး နယ်ပယ်ထဲ နှစ်ပေါင်း ၃၀ ကျော် လှုပ်ရှားခဲ့တဲ့ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံလိုတဲ့ အကြောင်းသာ အသားပေးခဲ့ပါတယ်။ ဒါပေမဲ့ သူက ညီမဖြစ်သူက သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နာကျင်ပြီး စိတ်ပျက်မိတယ်လို့တော့ ဆိုပါတယ်။

လာဗွန်ကတော့ ရလဒ်အရ အစ်ကိုဖြစ်သူအပေါ် အသာစီး ရခဲ့တဲ့ အခြေအနေအပေါ် မီဒီယာတွေက မေးမြန်းတဲ့အခါ သတိကြီးကြီး ရှောင်တိမ်းသွားခဲ့ပါတယ်။

မောင်နှမ နှစ်ဦးကြားမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အမြင်ကွဲပြားမှုတွေကတော့ အရင်ကတည်းက ရှိနှင့်နေခဲ့ပါတယ်။ ဥပမာ အရင်က သွမ်ဆန်နဲ့ ရန်းဒေါ့ဖ်တို့ ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ကြဖူးတဲ့ အခါမှာလည်း လာဗွန်ဟာ အစ်ကိုဖြစ်သူအစား မိသားစု မိတ်ဆွေဖက်ကသာ ထောက်ခံ အားပေးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Trending

Facebook