ဇွန်-၂၄၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့ နှင့် ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၄)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည်ရွှေရေကြည်သပိတ်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ညနေဆည်ဆာသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
အလားတူယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုံးကြ” ၊ “တရားမဝင် ရွေးကောက်ပွဲ အလိုမရှိ”၊ “Freedom from fear” စာသားတွေနဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
