close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အ​မေရိကန်က အီရန်ရဲ့နျူကလီးယားစီမံကိန်းသုံးခုကို ဗုံးကြဲ၊ တိုက်ခိုက်မှု​အောင်မြင်တယ်လို့ ထရမ့်​ကြေညာ

အ​မေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အ​မေရိကန်ရဲ့ ဗုံးကြဲ​လေယာဥ်​​တွေက အီရန် နျူကလီယား စီမံကိန်းသုံးခုကို​ အောင်မြင်စွာဗုံးကြဲခဲ့တယ် လို့သူ့ရဲ့လူမှုကွန်ယက်က​နေ စ​နေ​နေ့ည(အ​မေရိကန်စံ​တော်ချိန်) မှာကြေညာလိုက်ပါတယ်။

Reuters

■အီရန်-အစ္စ​ရေး စစ်ပွဲထဲကို အ​မေရိကန်တိုက်ရိုက်ပါဝင်လာတာဖြစ်

■ဗုံးကြဲပြီး​နောက် ငြိမ်းချမ်း​ရေးအတွက်အချိန်​ရောက်ပြီလို့ ထရမ့်​ပြော

ဇွန်-၂၂၊၂၀၂၅၊People’s Spring

အ​မေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အ​မေရိကန်ရဲ့ ဗုံးကြဲ​လေယာဥ်​​တွေက အီရန် နျူကလီယား စီမံကိန်းသုံးခုကို​ အောင်မြင်စွာဗုံးကြဲခဲ့တယ် လို့သူ့ရဲ့လူမှုကွန်ယက်က​နေ စ​နေ​နေ့ည(အ​မေရိကန်စံ​တော်ချိန်) မှာကြေညာလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အ​မေရိကန်ဗုံးကြဲ​လေယာဥ်​တွေဟာအီရန်ရဲ့ နျုကလီယားစီမံကိန်း​တွေဖြစ်တဲ့ ဖော်ဒို ၊ နထန်ဇ် ၊ အစ်ဖာဟန် တို့ကို ဗုံးကြဲခဲ့တာပါ။

Getty Images

ဒါဟာ အစ္စ​ရေး-အီရန် စစ်ပွဲထဲကို အ​မေရိကန်က တိုက်ရိုက်ပါဝင်လာတာဖြစ်ပါတယ်။

အီရန်ရဲ့ပင်မ နျူကလီးယား စီမံကိန်းဖြစ်တဲ့ ဖော်ဒိုကို အဓိကပစ်မှတ်ထားပြီး အပြည့်အဝဗုံးကြဲခဲ့တာဖြစ်ပြီး အခုအခါမှာ ဗုံးကြဲ​လေယာဥ်​တွေဟာ အီရန်​လေပိုင်နက်အပြင်​ရောက်ပြီး ဘေးကင်းစွာအိမ်ကို ပြန်လာ​နေကြပြီလို့ ထရမ့်က​​ရေးသားထားပါတယ်။​

အမေရိကန်စစ်သည်​တော်​ကြီးတွေကို ဂုဏ်ပြုပါတယ်။ ဒီအလုပ်ကို ကမ္ဘာပေါ်မှာ တခြားဘယ်စစ်တပ်ကမှ မလုပ်နိုင်ပါဘူးလို့လည်း အ​မေရိကန်သမ္မတက ဆိုပါတယ်။

အခုက​တော့ ငြိမ်းချမ်း​ရေးအတွက်အချိန်​ရောက်ပြီလို့ အီရန်ရဲ့ နျူကလီးယားစီမံကိန်း​တွေကို ဗုံးကြဲပြီး ထရမ့်က​ပြောပါတယ်။

AP

ဒါဟာ အစ္စရေး-အီရန် ပဋိပက္ခမှာအမေရိကန်က စစ်ရေးအရ ဝင်ပါ၊ မပါကို သမ္မတ ဒေါ်နယ်လ်ထရမ့်က နှစ်ပတ်လောက် အချိန်ယူ စောင့်ကြည့်မယ်လို့ အမေရိကန် အစိုးရက​ပြောပြီး ၂ ရက်အကြာမှာ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ထရမ့်က ​အ​သေးစိတ်မ​ပြော​ပေမယ် ​ဖော်ဒိုနျူကလီးယားစီမံကိန်းဟာ ​မြေ​အောက်မှာ အခိုင်အမာတည်​ဆောက်ထားတာမို့ အမေရိကန်ရဲ့ အစွမ်းအထက်ဆုံးဘန်ကာဖျက်ဗုံး(Bunker buster)တွေကို အသုံးပြုကြဲချမှဖျက်ဆီးနိုင်မယ်လို့ စစ်​လက်နက်သု​တေသီတွေက ​ပြောကြပါတယ်။

Reuters

စစ်လက်နက်ရေးရာ သုတေသီတွေက ဖော့်ဒိုရဲ့ ခိုင်မာလှတဲ့ တည်ဆောက်ပုံအရ အဲဒီနေရာကို ဖျက်ဆီးဖို့ဆိုရင် ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ Bunker buster ဗုံးတွေကသာ စွမ်းဆောင်နိုင်မယ်လို့ သုံးသပ်ထားကြတာပါ။ ဒါ​ကြောင့် GBU-57လို့ခေါ်တဲ့ ဧရာမ ထိပ်ဖူးတပ် Bunker buster ဗုံးတွေကို အမေရိကန်ရဲ့ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကနေ ကြဲချဖွယ် ရှိတယ်လို့လည်းသူတို့က ခန့်မှန်းထားပါတယ်။

အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် စစ်တပ်က ဝင်ပါလာမယ်ဆိုရင် ပြင်ဆင်လို့မရနိုင်တဲ့အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် အစိုးရ အဓိပတိ အယာတိုလာအလီခါမေနီကအရင် အပါတ်ကပဲ ကပြောကြားခဲ့ပါတယ်။ ခါမေနီ ကိုယ်တိုင်က ပြောဆိုတာ မဟုတ်ဘဲ သူ့ရဲ့ ကြေညာချက်ကို အီရန် အစိုးရ သတင်းဌာနရဲ့ သတင်းတင်ဆက်သူ တစ်ဦးက ဖတ်ကြားသွားရာမှာ အမေရိကန် စစ်တပ်ရဲ့ ဘယ်လိုပုံစံနဲ့ ပါဝင်စွက်ဖက်မှုမျိုးကမဆို ပြန်ပြင်လို့ မရတဲ့ ထိခိုက်မှု အကျိုးဆက်တွေ ကြုံလာစေမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ကိုးကား-The White House ၊ The New York Times၊ Reuters ၊ CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန် လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှု အခန်း (situation room)ထဲကနေ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို အမေရိကန်က ဗုံးကြဲခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေဟာ ထူးကဲတဲ့ စစ်ရေးအောင်မြင်မှုတစ်ခု ဖြစ်လာခဲ့တယ်လို့ အမေရိကန် ပြည်သူတွေဆီ လိပ်မူတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသထဲမှာရှိတဲ့ အမေရိကန် အားလုံးဟာ အီရန်အတွက် တရားဝင် ပစ်မှတ်တွေ ဖြစ်လာပြီလို့ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)က ကြေညာခဲ့ပါတယ်။