close
Connect with us

Hi, what are you looking for?

သတင်း

ထိကပလယ်ကထွက်​ပြေးစစ်သား​တွေကို ​တော်လှန်​ရေးအဖွဲလိုက်လံတိုက်ခိုက် ၁၄ ဦး​သေ၊ ၄ဦးဖမ်းမိ၊ တပ်ရင်းမှူးအပါအဝင် ၄၂ ဦးထိုင်းထွက်​ပြေး

မြန်မာ−ထိုင်းနယ်စပ်အနီး ထိကပလယ်တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင် စစ်သား ၆၀ကို တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ရာ ၁၄ ဦးသေဆုံးပြီး လေးဦးအရှင်ဖမ်းမိခဲ့တယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-​ပေးပို့

ဇွန်-၂၄၊၂၀၂၅/People’s Spring

မြန်မာ−ထိုင်းနယ်စပ်အနီး ထိကပလယ်တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင် စစ်သား ၆၀ကို တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ရာ ၁၄ ဦးသေဆုံးပြီး လေးဦးအရှင်ဖမ်းမိခဲ့တယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တပ်ရင်းမှူးအပါအဝင် ကျန် ၄၂ဦးက​တော့ထိုင်းနိုင်ငံအတွင်း ထွက်ပြေးဝင်ရောက်သွားတယ်လို့ ၎င်းကဆက်ပြောပါတယ်။

“၄၂ယောက်ထိုင်းဘက်ရောက်တယ်။ ၄ယောက်အရှင်မိတယ်။ သေနတ် ၁၅လက်ရတယ်။ ကျန်တာမသာဘဲ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၂ရက်က တော်လှန်ရေးတပ်တွေ ထိကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ရာ ထိုင်းနိုင်ငံအတွင်း မဝင်ရောက်မီ နယ်စပ်တနေရာမှာ ဝိုင်းထားနိုင်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ်အဖြစ် ၂ နှစ်ခန့်အ​ခြေစိုက်ခဲ့ဖူး​သော မြန်မာ-ထိုင်းနယ်စပ်ရှိ ထိကပလယ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦး​ဆောင်​သောပူး​ပေါင်းတပ်တွေက ဇွန်၂၂ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ဇွန် ၂၃ရက်မှာ ထုတ်ပြန်ထားပါတယ်။

KNUအနေနဲ့ မာနယ်ပလော ဌာနချုပ်က ဆုတ်ခွာရပြီးနောက် ထိကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလu စတင်ကာဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့ရာ (၂) နှစ်မပြည့်မီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရတာလို့ ဖော်ပြထားပါတယ်။အဲဒီစခန်းကို ၂၈ နှစ်အကြာ ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်မှာ ပြန်လည်ရယူနိုင်ခဲ့တာလို့ KNUက ဖော်ပြပါတယ်။

KNLAနဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ခိုက်ခဲ့​တာလို့လည်း အသိ​ပေးထားပါတယ်။

ထိကပလယ်စခန်းသိမ်းပိုက်နိုင်ပြီဖြစ်လို့ မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်တလျှောက်မှာ ဝေါ်လေဗျူဟာ၊ ဥကရစ်ထစခန်းနဲ့ တိသဲလယ်ကာကင်းစခန်းတို့သာ ကျန်ပါတော့တယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းတွင် ဗီဇာသက်တမ်းလွန်၍ ဖမ်းဆီးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီထံ လွှဲပေးလိုက်သည့် လူငယ်(၄)ဦးသည် စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းမှ အချုပ်သားလွတ်မြောက်မှုနှင့်ပတ်သက်၍ ရဲများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးရာ ရဲနှစ်ဦးသေဆုံးပြီး သုံးဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ဒေသခံနှင့် တပ်တွင်း သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ကျေးရွာများသို့ဝင်ရောက်ကာတစ်ရွာတစ်ရွာထွက်၍ရွာစဥ်လှည့်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံပြည်သူများက လူထုနွေဦးသို့ပြောသည်။

သတင်း

မြန်မာ−ထိုင်းနယ်စပ်အနီးကထီးကပလယ်တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင်စစ်သား ၆၀ ခန့်ဟာ ထိုင်းနိုင်ငံကိုမရောက်သေးဘဲ နယ်စပ်တနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီး​နေတယ်လို့လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Trending

Facebook