close
Connect with us

Hi, what are you looking for?

သတင်း

KIO ထိန်းချုပ်နယ်မြေရှိ KTV၊ နိုက်ကလပ်နှင့် ဘားများ ပိတ်ရန်အမိန့်ထုတ်

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိ KTV၊ နိုက်ကလပ် နှင့် ဘားများအားလုံးကိုရက်အကန့်အသတ်မရှိပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။

KIO က ကချင်ဘာသာဖြင့် ထုတ်ပြန်​သော အမိန့်ကိုတွေ့ရစဥ်။ဓါတ်ပုံ-File Photo

ဇွန်-၂၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိ KTV၊ နိုက်ကလပ် နှင့် ဘားများအားလုံးကိုရက်အကန့်အသတ်မရှိပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။

ကချင်ဘာသာဖြင့်ဖော်ပြထားသည့်အဆိုပါအမိန့်စာကိုဇွန်လ၂၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါး ပပျောက်နှိမ်နင်းရေးပေါ်လစီအရ ပိတ်တာဖြစ်ပါတယ်” ဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို အမြဲတမ်းဖမ်းဆီးနေသကဲ့သို့ KTV၊ နိုက်ကလပ်နှင့် ဘားတို့မှတဆင့်ပေါ်ပေါက်လာနေသည့် မူးယစ်ဆေးနှင့်ဆက်နွယ်သည့် ပြဿနာများ ကိုင်တွယ်နိုင်ရန် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

“အခုKTV ၊နိုက်ကလပ်၊ဘားတွေမှာကတော့ မူးယစ်ဆေးဝါးမျိုးစုံပေါ့သူတို့ သုံးစွဲပြီးမှ လူငယ်လူရွယ်တွေ နောက်အိမ်ထောင်သည်တွေက အစ အမျိုးသား၊အမျိုးသမီးတွေအားလုံး အဲဒီမှာ ပျော်ပါးပြီးမှ အကျင့်စာရိတ္တ ပျက်ပြားတာတွေ ငွေရေး၊ ကြေးရေး ပြဿနာပေါ်တာတွေအများကြီးရှိတယ်။ ဒါကြောင့် ကျနော်တို့ ထိန်းသိမ်းနိုင်ဖို့အတွက် အခုလိုမျိုး KTV တို့ နိုက်ကလပ်၊ ဘားတွေကို ပိတ်ခိုင်းတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူကရှင်းပြသည်။

ရက်အကန့်အသတ်နှင့်ပတ်ခြင်းမျိုးမဟုတ်ဘဲ KIO ထိန်းချုပ် နယ်မြေအားလုံး အတွက် အကျုံးဝင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်ရာ မြို့ကြီးများနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာနယ်မြေအချို့၌လည်း KTV၊ နိုက်ကလပ်၊ ဘား၊ အလုံပိတ် DJခန်း၊ ဟိုင်းခန်း စသည့် အမည်မျိုးစုံဖြင့် နေရာများစွာရှိကြပြီးမူးယစ်ဆေးဝါးမျိုးစုံ ရောင်းဝယ် သုံးစွဲ‌ရာနေရာများအဖြစ်ရှိ​နေသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ရန်ကုန် ၊မန္တ​လေး အပါအဝင် စစ်တပ်ထိန်းချုပ်ရာမြို့ကြီးများတွင် KTV ၊ ဘား ၊ကလပ်တို့၌ မူးယစ်​ဆေးဝါးပြသာနာပိုကြီးလာပြီး ထိုလုပ်ငန်းများကို စစ်တပ် နှင့်နီးစပ်သူအများစုကလုပ်ကိုင်ကြ​ကြောင်းရန်ကုန်မြို့ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက​ပြောသည်။ စစ်​ကောင်စီကလည်း လူငယ်များကို​တော်လှန်​​ရေး ၊နိုင်ငံ​ရေးတွင် စိတ်မဝင်စား​​စေရန် ထို​နေရာများကို အထူးအခွင့်အ​ရေး​ပေးသကဲ့သို့ ဖန်တီး​ပေးထား​သောအ​ခြေအ​နေမှာ မူးယစ်​ဆေးပြသာနာများပိုကြီး​လာစေသည်ဟုဆိုသည်။စစ်တပ်က၎င်းတို့ထိန်းချုပ်ရာ​ဒေသများမှလူငယ်များကို စစ်မှုထမ်းရန် အဓမ္မစစ်မှုထမ်း​စေ​သော်လည်း KTV ၊ဘား ၊ကလပ် ၊ ရှိုးပွဲများသို့သွား​ရောက်​ပျော်​ပါးသူများကိုမူ ​ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်းမရှိသည်ကိုကြည့်၍စစ်တပ်၏ရည်ရွယ်ချက်ကိုသိနိုင်​ကြောင်းအထက်ပါအမျိုးသားက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံသားတွေက ငှားရမ်းထားပြီး တရားမဝင် ဘားတွေ၊ ကာရာအိုကေတွေနဲ့ တခြားဖျော်ဖြေရေး လုပ်ငန်းတွေ ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်နယ်မြေက HAPPY BAR KTV &CLUB ဆိုင်နေရာကို စီးနင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံက အမိုးပြိုကျခဲ့ရာ နိုက်ကလပ်ရဲ့ အပျက်အစီးပုံအောက်မှာ ရုပ်အလောင်းတွေ ထပ်မံ တွေ့ရှိလာခြင်းနဲ့အတူ အသေအပျောက်ဟာ ၂၂၀ ကျော်ထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ နိုက်ကလပ် တစ်ခုရဲ့ အမိုးပြိုကျမှုကြောင့် လူ ၈၀ နီးပါး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌအား အဖွဲ့​၏စည်းမျဉ်းဥပဒေချိုးဖောက်သည့်အတွက် တာဝန်မှထုတ်ပယ်လိုက်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။