close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒိုမီနီကန် နိုက်ကလပ် ပြိုကျမှုမှာ အသေအပျောက်က ၂၂၀ ကျော်ထိ တိုးလာ

ဒိုမီနီကန် နိုင်ငံက အမိုးပြိုကျခဲ့ရာ နိုက်ကလပ်ရဲ့ အပျက်အစီးပုံအောက်မှာ ရုပ်အလောင်းတွေ ထပ်မံ တွေ့ရှိလာခြင်းနဲ့အတူ အသေအပျောက်ဟာ ၂၂၀ ကျော်ထိ မြင့်တက်လာခဲ့ပါတယ်။

AP

ဒိုမီနီကန် နိုင်ငံက အမိုးပြိုကျခဲ့ရာ နိုက်ကလပ်ရဲ့ အပျက်အစီးပုံအောက်မှာ ရုပ်အလောင်းတွေ ထပ်မံ တွေ့ရှိလာခြင်းနဲ့အတူ အသေအပျောက်ဟာ ၂၂၀ ကျော်ထိ မြင့်တက်လာခဲ့ပါတယ်။

မေလ ၈ ရက်နေ့ အရုဏ်တက် အချိန်လောက်တုန်းက မြို့တော် ဆန်တို ဒိုမင်ဂိုမှာရှိတဲ့ Jet Set နိုက်ကလပ်မှာ ပြည်တွင်း နာမည်ကျော် တီးဝိုင်းတစ်ခု ဖျော်ဖြေပြီး လူတွေ စည်ကားနေချိန် ရုတ်တရက် အမိုးပြိုကျခဲ့တာပါ။ အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း အသေအပျောက် ၇၉ ဦးလို့ ကနဦး စာရင်း ထုတ်ပြန်ခဲ့ပေမယ့် ဧပြီ ၁၀ ရက်နေ့ ညပိုင်းထိ အရောက်မှာတော့ ၂၂၁ ဦးထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။

ထုထည် ကြီးကြီးမားမား အချပ်လိုက် ပြုတ်ကျခဲ့တဲ့ အမိုးအပျက်အစီးတွေအောက် ပိမိသေဆုံးသူတွေရော၊ ဆေးရုံရောက်ပြီးမှ ဒဏ်ရာပြင်းလို့ သေဆုံးသူတွေကြောင့်ပါ အသေအပျောက် စာရင်းက တိုးလာတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

လူ့အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရတဲ့ အဲဒီဖြစ်စဉ် ဘာကြောင့် ကြုံတွေ့ခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒိုမီနီကန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဟိုမာရို ဖစ်ဂါရိုအာက အစိုးရဟာ ဖြစ်စဉ် အသေးစိတ်ကို စုံစမ်း ဖော်ထုတ်ဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ စုပေါင်းထားတဲ့ အဖွဲ့တစ်ခုကို တာဝန်ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးပုံအောက်မှာ ပိတ်မိပြီး အသက်ရှင်သူ ၂၀၀ နီးပါးလောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ဖျော်ဖြေပွဲ ကျင်းပခဲ့တဲ့ အဆိုတော် ရူဘီပီရက်ဇ်နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတစ်ဦးလည်းဖြစ်၊ မေဂျာလိဂ် ဘော့စ်ဘော အားကစားသမားဟောင်းလည်းဖြစ်တဲ့ အော့တေဗီယို ဒိုတဲလ်တို့ ပါဝင်ခဲ့ပါတယ်။

ဧပြီ ၁၀ ရက်နေ့တုန်းက ပီရက်ဇ်ရဲ့ နာရေး အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ဒိုမီနီကန် သမ္မတ လူးဝစ် အဘီနာဒါကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ နိုက်ကလပ် တစ်ခုရဲ့ အမိုးပြိုကျမှုကြောင့် လူ ၈၀ နီးပါး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

လုပ်ငန်းလိုင်စင်ကို အကြောင်းပြခြင်းသည် ဆိုင်များကို ဖျော်ဖြေရေးလိုင်စင်လုပ်ဆောင်ရန် ဖိအားပေးခြင်းဖြစ်နိုင်ကြောင်း ကမာရွတ်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

နိုင်ငံတကာ

မြို့ခံမီးသတ် တပ်ဖွဲ့ဟာ နိုက်ကလပ်မီးကို ငြှိမ်းသတ်ဖို့အတွက် နာရီပေါင်း အတော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ မီးကျည်သေနတ် ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမျိုးသားကတော့ လောလောဆယ် အဖမ်းခံထားရပါတယ်။

သတင်း

တန်ဆောင်မုန်းလပြည့်နေ့တစ်ရက်တည်း မဟုတ်ဘဲ အခြားရက်များတွင်လည်း လိုက်နာရန် လိုအပ်ကြောင်း Brave Eagles မှတာဝန်ရှိသူက အကြံပြုသည်။