ဒိုမီနီကန် နိုင်ငံမှာ နိုက်ကလပ် တစ်ခုရဲ့ အမိုးပြိုကျမှုကြောင့် လူ ၈၀ နီးပါး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
မေလ ၈ ရက်နေ့ အရုဏ်မတက်ခင် မနက်အစောပိုင်းတုန်းက ဒိုမီနီကန် နိုင်ငံရဲ့ မြို့တော် ဆန်တို ဒိုမင်ဂိုမှာရှိတဲ့ နိုက်ကလပ်ရဲ့ အမိုး ရုတ်တရက် ပြိုကျခဲ့ပြီး လူအများအပြားကို ပိမိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ အသေအပျောက် ၇၉ ဦး အတည်ပြု တွေ့ရှိထားပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး တစ်ဦးလည်းဖြစ်၊ မေဂျာလိဂ် ဘေ့စ်ဘော ကစားသမားဟောင်းလည်းဖြစ်တဲ့ အော့တေဗီယို ဒိုတဲလ်လည်း ပါဝင်ခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဒိုတဲလ်ကို အပျက်အစီးတွေအောက်က ဆွဲထုတ်ပြီး ဆေးရုံဆီ ပို့ဆောင်ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
Jet Set နိုက်ကလပ်မှာ နိုင်ငံကျော် အဆိုတော် အဆိုတော် ရူဘီ ပီရက်ဇ်ရဲ့ ဖျော်ဖြေပွဲကြောင့် လူတွေ စည်ကားနေချိန် အခုဖြစ်ရပ်နဲ့ ကြုံခဲ့ရတာပါ။ ပီရက်ဇ်လည်း အပျက်အစီးပုံအောက်မှာ ပိတ်မိနေခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

Public Service Announcement
ကယ်ဆယ်ရေး အဖွဲ့ဝင် ၄၀၀ လောက်ဟာ အပျက်အစီးတွေကြားမှာ နောက်ထပ် ပိတ်မိနေသူတွေကို ရှာဖွေနေပြီး အသေအပျောက်က လက်ရှိထက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။ တစ်ဖက်မှာလည်း အသက်ရှင်လျက် ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။
အဆောက်အအုံ အမိုး ဘာကြောင့် ပြိုကျသလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ပီရက်ဇ်ရဲ့ တီးဝိုင်းအဖွဲ့ထဲက အသက်ရှင် လွတ်မြောက်လာသူ တစ်ယောက်က သူဟာ ရုတ်တရက်မှာတော့ ငလျင်လှုပ်တယ်လို့ ထင်ခဲ့မိတယ်လို့ ပြောပြပါတယ်။
ဒိုမီနီကန် သမ္မတ လူးဝစ် အဘီနာဒါက ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ဆောင်ရွက်ပေးကြဖို့ သက်ဆိုင်ရာ ဌာနအသီးသီးဆီ ညွှန်ကြားထားပါတယ်။
ကိုးကား: CNN
https://media.cnn.com/api/v1/images/stellar/prod/2025-04-08t164740z-2130041565-rc2mtdahhp6y-rtrmadp-3-dominican-republic-nightclub.jpg?c=16×9&q=h_833,w_1480,c_fill
