close
Connect with us

Hi, what are you looking for?

သတင်း

ထိန်းသိမ်းထားသည့် ကာကွယ်ရေးရဲဘော် ၆ဦးနှင့် ကျောက်မဲခရိုင်ပကဖအဖွဲ့ဝင် ဒေါ်ရီဆွေကို TNLA ပြန်လွှတ်ဟုဆို

တအာင်းတပ်မတော်(TNLA)ထိန်းသိမ်းထားသည့် ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော် ၆ဦးနှင့် ကျောက်မဲခရိုင်ပကဖအဖွဲ့ဝင် ဒေါ်ရီဆွေကို ယနေ့ ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။

ဇွန်-၂၇၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းသိမ်းထားသည့် ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော် ၆ဦးနှင့် ကျောက်မဲခရိုင်ပကဖအဖွဲ့ဝင် ဒေါ်ရီဆွေကို ယနေ့ ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။

ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော် ၆ဦးနှင့် ကျောက်မဲခရိုင်ပကဖအဖွဲ့ဝင်၊ ကျောက်မဲမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတာဝန်ခံ ဒေါ်ရီဆွေကို TNLA က ကျောက်မဲမြို့၌ ဇွန်လ ၁၇ ရက်က ထိန်းသိမ်းခဲ့ပြီး ၁၁ရက်အကြာ ယနေ့ ဇွန်လ ၂၇ရက်တွင် ပြန်လွှတ်ပေးလိုက်ခြင်းဟု TNLAနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” မေးမြန်းစရာရှိလို့ ထိန်းသိမ်းထားခဲ့တာလို့ သိရပါတယ်။ ပြန်လွှတ်လိုက်ပါပြီဗျ။ ဒီကနေ့ ပြန်လွှတ်ပေးလိုက်တာပါ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အသေးစိတ်အခြေအနေကို သိရှိရန် TNLA ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဒေါ်ရီဆွေနှင့် ရွှေဘိုမှ ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကြိုတင်သတိပေးခြင်းမရှိခဲ့၍ ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဟု သိရသည်။

“နားလည်မှုလွဲတဲ့သဘောလို့ထင်ပါတယ်။ လုံခြုံရေးအရ မေးမြန်းစရာရှိတာမေးမြန်းတဲ့သဘောပါ”ဟု ကျောက်မဲမြို့ခံတစ်ဦးကပြောသည်။

ထိန်းသိမ်းခဲ့စဉ်ကရော ယခု ပြန်လွှတ်သည်သည်ဆိုသည့် သတင်းကိုပါ TNLAက ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ TNLAအနေဖြင့် ဒေသခံများအား လိုအပ်သော အသိပေးခြင်းမျိုးပြုလုပ်ရန် မြို့ခံအချို့က မှတ်ချက်ပြုသည်။

ကျောက်မဲမြို့ကို TNLAနှင့် PDFများက ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၄ သြဂုတ်လတွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးပိုင်းကို TNLAက ဆောင်ရွက်နေသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် ကျောက်မဲမြို့ကို လေကြောင်းဗုံးကြဲမှုများမကြာခဏပြုလုပ်နေသည်။

ယနေ့ နံနက် အစောပိုင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲသွားရာ အရပ်သား ၁ဦးသေဆုံးခဲ့သည်။ ဇွန်လ ၂၄ရက် ညနေကလည်း ကျောက်မဲမြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက်(၇)ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချရာ အရပ်သား ၄ဦး သေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့သည်။ လုံခြုံရေးသတိပေးချက်များကိုလိုက်နာရန်နှင့် လေကြောင်းရန်သတိပြုကြရန် TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ