close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ​မိုးကုတ်မြို့အပါအဝင် ​ဒေသအများအပြားကို ဗုံးပတ်ကြဲ

စစ်ကောင်စီတပ်သည် ယမန်နေ့(​မေ-၃)ညနေမှ ညပိုင်းအထိ မန္တလေး၊ စစ်ကိုင်း၊မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အနည်းဆုံး ၉ မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်အချို့အပါအဝင်အရပ်သားသေဆုံးမှုများရှိခဲ့သည်။

မိုးကုတ်မြို့ အနောက်ပိုင်းဆင်ခွါကျေးရွာ တောင်ပေါ်ကျောင်းအား စစ်​ကောင်စီကမေ ၃ရက်ညတွင် ​ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

​မေ-၄၊၂၀၂၅။ကဖေး/People’s Spring

စစ်ကောင်စီတပ်သည် ယမန်နေ့(​မေ-၃)ညနေမှ ညပိုင်းအထိ မန္တလေး၊ စစ်ကိုင်း၊မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အနည်းဆုံး ၉ မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်အချို့အပါအဝင်အရပ်သားသေဆုံးမှုများရှိခဲ့သည်။

“တောက်လျှောက်ကြဲတာဗျ။မြို့တွေကအရပ်သားနေထိုင်ရာနေရာတွေကို ကြဲတာ။ သေဆုံးတာတွေ ရှိနေပြီး နောက်ထပ်လေကြောင်းသတင်းတွေကြောင့် ဒဏ်ရာရတွေ၊သေဆုံးသူတွေရဲ့အခြေအနေကို မသိနိုင်သေးဘူးဗျ”ဟုမန္တလေးတိုင်း၊သပိတ်ကျင်းမြို့မှ ကာကွယ်ရေးရဲ‌ဘော်တစ်ဦးကပြောသည်။

​မေ ၄ ရက်နံနက် ၇နာရီအထိရရှိထားသောသတင်းများအရ စစ်ကောင်စီတပ်က မန္တလေးတိုင်အတွင်းရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ စစ်ကိုင်းတိုင်းမှ ကောလင်း၊ မကွေးတိုင်းမှ စလင်း၊ ထီးလင်း၊ ရှမ်းပြည်နယ်မှ နောင်ချို၊ကချင်ပြည်နယ်မှ ဖားကန့်မြို့တို့ကို လေကြောင်းမှ ဗုံးကြဲခဲ့‌ကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

​မေ ၃ ရက်​နေ့ ည ၉ နာရီ ၄၈ မိနစ်တွင်မိုးကုတ်မြို့အားစစ်​ကောင်စီက ထပ်မံဗုံးကြဲခဲ့သည်။ မိုးကုတ်မြို့အနောက်ပိုင်းဆင်ခွာရွာဘုန်းကြီးကျောင်းကိုထိမှန်ခဲ့သည်။ကနဦးရရှိ​သောသတင်းအရအဆိုပါ ဗုံးကြဲမှုတွင် လူထိခိုက်​သေဆုံးမှု မရှိ​ပေ။

“စစ်ကောင်စီက မစားရတဲ့အမဲ သဲနဲ့ပက်နေပြီ။ကြဲလိုက်ရင် အရပ်သားနေရာချည်းပဲ”ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်မြို့နှင့် ​နောင်ချို ၊မိုးမိတ် ၊သီ​ပေါ ၊​​ကျောက်မဲမြို့တို့သည် စစ်​ကောင်စီကတရုတ်အကူအညီဖြင့် TNLA ကိုဖိအား​ပေးပြီး ပြန်​တောင်းနေ​သောမြို့များဖြစ်သည်။ ဧပြီ လကုန် ကူမင်းအစည်းအ​ဝေးတွင် စစ်​ကောင်စီက အဆိုပါ မြို့ ၅ မြို့အား​တောင်းဆို​မှု အ​ပေါ် TNLA က သ​ဘောမတူခဲ့​ကြောင်းသတင်းထုတ်ပြန် ပြီး​နောက် စစ်​ကောင်စီက မိုးကုတ်မြို့ကိုဆက်တိုက်ဗုံးကြဲ​နေသည်။ စစ်​ကောင်ဝီဝါဒဖြန့် တယ်လီဂရန့်နှင့် စစ်တပ်​ထောက်ခံ​သော ​ဖေစ်ဘွခ်​ အ​ကောင့်များက ဗုံးကြဲခြင်းမှာ မြို့သိမ်း​အောင်ပွဲရ ရဲ​ဘော်များကိုသ​ပြေပန်းဖြင့်ကြိုဆို၍ ၊ ​တော်လှန်​ရေးအဖွဲ့များနှင့်ပက်သက်​သော​ကြောင့် စသဖြင့်​ရေးသားဝါဒဖြန့်​နေကြသည်။

မိုးကုတ်မြို့ အနောက်ပိုင်းဆင်ခွါကျေးရွာ တောင်ပေါ်ကျောင်းအား စစ်​ကောင်စီကမေ ၃ရက်ညတွင် ​ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

စစ်ကိုင်းတိုင်း ၊ကောလင်းမြို့နယ်တွင်လည် ​မေ၃ ရက်ညတွင် ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးနှင့်ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ်၂ တပ်ရင်း သတင်းထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်မှဝါးဘိုးကုန်းရွာ၊ ကောလင်းမြို့နယ်မှ ချောင်းနားဆေးရုံ နှင့်ဥက္ကံစာသင်ကျောင်းအနီး လေကြောင်းတိုက်ခိုက်မှုတို့တွင် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဗုံးကြဲသည့်မြို့နယ်များအနက်ဖားကန့်မြို့နှင့်နောင်ချိုမြို့၌သာ တိုက်ပွဲဖြစ်နေပြီး ကျန်ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပေ။ ဗုံးကြဲရာတွင် Y12နှင့် ဂျက်ဖိုက်တာကို အဓိက အသုံးပြုခဲ့သည်။ စလင်းမြို့အား ဗုံးကြဲတိုက်ခိုက်မှု၌ Y12လေယာဉ်ဖြင့် နာရီဝက်ခန့်အတွင်း ဗုံး၆၀ ကျော်ကြဲချသွားကြောင်း ဒေသခံများကပြောသည်။

ဗုံးကြဲမှုကြောင့် ထိခိုက်မှုများအား အသေးစိတ်မသိရှိရသေးပေ။စစ်ကောင်စီသည် အရပ်သားပြည်သူများအားဦးတည်၍ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်‌ နေသောကြောင့် လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုကြရန် ​တော်လှန်​ရေးတပ်ဖွဲ့များက သတိပေးနေကြသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုမှတ်တမ်းများ၊ ဗုံးကြဲသည့်လေယာဉ်မှူးများ၏ကိုယ်ရေးအချက်အလက်များအား အသေးစိတ်စိစစ်ရယူထားသလို အဆိုပါအချက်အလက်များရရှိရေးအတွက် အရပ်ဖက်အဖွဲ့စည်းများကလည်း အကူအညီပေးကြရန် အညာဒေသမှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက အကူအညီတောင်းထားသည်။

(မိုးကုတ်မြို့ အနောက်ပိုင်းဆင်ခွါကျေးရွာ တောင်ပေါ်ကျောင်းအား စစ်​ကောင်စီကမေ ၃ရက်ညတွင် ​ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို သတ်ဖြတ်ပြီးကျေးရွာများ မီးရှို့နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပါတီထောင်ရွေးကောက်ပွဲဝင်မည့် ကိစ္စကို စိတ်ကူးပင် မယဉ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်(Kenton)က ပြောကြားသည်။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးအပြီးမှာ ​တော်လှန်​ရေးတပ်​တွေ နဲ့ စစ်​ကောင်စီတို့က ယာယီအပစ်ရပ်တယ်လို့အသီးသီး​ကြေညာခဲ့​ပေမယ့် ​​မြေပြင်မှာ​တော့တိုက်ပွဲ​တွေပိုပြင်းထန်လာတဲ့အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ် ။

နိုင်ငံတကာ

တောင်ဆူဒန် နိုင်ငံမှာ ဆေးရုံတစ်ခုနဲ့ စျေးတစ်ခုကို ဗုံးကြဲခံရပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်စည်းမခြား ဆရာဝန်များ (MSF)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာသို့ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

Facebook