close
Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၄)ထံ စစ်သား ၃ဦးအလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)ထံသို့ စစ်ကောင်စီတပ်သား ၃ဦး အလင်းဝင်လာကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားကပြောသည်။

KNU တပ်မဟာ(၄)မှတာဝန်ရှိသူနှင့်အလင်းဝင်စစ်သားသစ်ကို​တွေ့ရစဥ်။ဓါတ်ပုံ- KNU တပ်မဟာ(၄)

ဇွန်-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)ထံသို့ စစ်ကောင်စီတပ်သား ၃ဦး အလင်းဝင်လာကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားကပြောသည်။

ဇွန်လ ၂၁ ရက်တွင်KNUလက်အောက်ခံကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ရင်း(၇)၊တပ်ခွဲ(၃)ထံသို့စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများယူလာပြီးလက်နက်ချ အလင်းဝင်ခဲ့သည်ဟု ၎င်းကပြောသည်။

ဇွန်လ၆ ရက်ကလည်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၁၀)ထံသို့စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်လာကြောင်း ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီလူတွေကများသောအားဖြင့် လူငယ်တွေ ၂၀ ကျော်ကျော် အရွယ်တွေ။ သူတို့က တပ်သားသစ်စုဆောင်းရေးမှာ ပါလာတဲ့စစ်သားတွေ လူငယ်တွေပေါ့။” ဟု ပဒိုစောအယ်နားက ပြောသည်။

တပ်ရင်း(၁၀)ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများအနေဖြင့်လက်နက် မပါလာဟုသိရ သည်။ တပ်ရင်း(၁၀)သည်ထားဝယ်မြို့နယ်အတွင်းရှိပြီး KNDO တပ်ရင်း(၇)သည် ပုလောမြို့နယ်၌ ရှိသည်ဟုထားဝယ်ခရိုင်ကရင်လူငယ် ခေါင်းဆောင်တဦးဖြစ်သည့် စောအယ်ထီးကော်က ပြောသည်။

“KNUက သူတို့တွေကို ဆုငွေတို့ ဘာတို့ ပေးတာတော့ရှိတယ်။ ဘယ်လောက်လဲ မသိဘူး။ လက်နက် ပါလာတဲ့ အတိုင်းအတာတခုအနေနဲ့ပေါ့။” ဟု စောအယ်ထီးကော်က ပြောသည်။

လက်ရှိ KNU တပ်မဟာ(၄)နယ်မြေ ဧရိယာ အများစု စစ်ရေးငြိမ်နေကြောင်း၊ တနင်္သာရီမြို့နယ်တွင်မူ စစ်ကောင်စီတပ် ထိုးစစ်ကြောင့် တိုက်ပွဲများ ရှိနေကြောင်း ၎င်းက ပြောသည်။

“စကစက မောတောင်နယ်စပ်ကို ပြန်ထိန်းချုပ်ဖို့အတွက် တနင်္သာရီနဲ့ မောတောင်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးကို သူတို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေထိုးနေတာတော့ရှိတယ်။ ဒါပေမဲ့ သူတို့ စစ်ကြောင်း အပေါ်ကို တက်လို့မရသလို အောက်ကိုလည်း ပြန်လာလို့ မရတဲ့အပိုင်းတွေရှိတယ်။”ဟုစောအယ်ထီးကော်က ပြောသည်။

စစ်ကောင်စီသည် တနင်္သာရီ -မောတောင် လမ်းကြောင်း ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေသည်မှာ နှစ်ဝက်ကျော်ကြာပြီဖြစ်ပြီး သိန်းခွန်ရွာအနီးတိုက်ပွဲများ ပြင်းထန်ကာ ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေသည်။ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများလည်း အဆိုပါဒေသကို ပြုလုပ်လျက်ရှိသည်ဟု တပ်မဟာ(၄) နယ်မြေရှိ တော်လှန်ရေးပူးပေါင်းတပ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏လက်အောက်တွင်အဖိနှိပ်ခံနေထိုင်းခြင်းမပြုဘဲ တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ထွက်ပြေးလာကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထံ အလင်းဝင်လာသည့် စစ်သားများက စစ်​ကောင်စီလက်​အောက်မှစစ်သားများအားတိုက်တွန်းသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းထံသို့စစ်ကောင်စီတပ်သား ၁၈ဦးထက်မနည်းအလင်းဝင်ခဲ့ကြောင်းမြိတ်ခရိုင် အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးကပြောကြားသည်။

သတင်း

စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသူ နှစ်ဦးက ကပစထုတ် ကျည် ၈၀၀နီးပါး၊ သေနတ်၂လက်နှင့် ခဲယမ်းအချို့ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံသို့ အလင်းဝင်လာသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ စစ်ရေးတင်းမာနေစဉ် တညောင်တိုက်နယ်စခန်းမှူးသည် စလင်းပကဖထံ အလင်းဝင်ခဲ့သည်။