close
Connect with us

Hi, what are you looking for?

သတင်း

စလင်းတွင် ဒုရဲမှူးတစ်ဦး ပကဖထံ အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ စစ်ရေးတင်းမာနေစဉ် တညောင်တိုက်နယ်စခန်းမှူးသည် စလင်းပကဖထံ အလင်းဝင်ခဲ့သည်။

ဇွန်-၁၆၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ကျေးရွာအချို့၌ စစ်ရေးတင်းမာနေစဉ် တညောင်တိုက်နယ်စခန်းမှူးသည် စလင်းပကဖထံ အလင်းဝင်ခဲ့သည်။

ဒုရဲမှူးအဆင့်ရှိ အဆိုပါ စခန်းမှူး အလင်းဝင်လာကြောင်းကို စလင်းပကဖက ယနေ့(ဇွန်လ ၁၆ရက်)ညနေ၌ သတင်းထုတ်ပြန်ထားသည်။ အလင်းဝင်ရောက်ပြီး တရားသောဘက်သို့အတူပူးပေါင်းခဲ့သူဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

အဆိုပါစခန်းမှူးသည် စလင်းမြို့နယ်မှူးရုံးတွင် ဒု-မြို့နယ်မှူးအဖြစ် ၂နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ဇွန်လအစောပိုင်းတွင် တညောင်တိုက်နယ်စခန်းမှူးအဖြစ် ပြောင်းရွှေ့လာသူဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏လက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ အလင်းဝင်လာသူဖြစ်ပြီး စလင်းမြို့နယ်အတွင်းကျန်ရှိသော စစ်ကောင်စီလက်ခံ စစ်တပ်သားများနှင့် ရဲတပ်များအနေဖြင့်လည်း ပြည်သူနှင့်အတူပူးပေါင်းရန် စလင်းပကဖက တိုက်တွန်းထားသည်။

လက်နက်ခဲယမ်းများဖြင့်အလင်းဝင်ရောက်ပါက ထိုက်တန်သောဆုကြေးငွေ ချီးမြှင့်မည်ဟု အသိပေးထားသည်။

စလင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလမှစတင်၍ တိုက်ပွဲများ ပိုပြင်းထန်လာခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ နေအိမ်မီးရှို့မှုများကြောင့် ဂွေးကုန်းကျေးရွာ၊ စနေချောင် ကျေးရွာတို့၌ ပျက်စီးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

သတင်း

စစ်ကိုင်းတံတားပေါ်ပြည်သူ၂၀ဦးအစုလိုက်ပေါ်တာဆွဲခံရစဉ် ပါဝင်ခဲ့သူလည်းအလင်းဝင်

သတင်း

သေနတ်တစ်လက်နှင့် ခဲယမ်းများယူလာ၍ သိန်း ၅၀ ချီးမြှင့်ခံရ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။