close
Connect with us

Hi, what are you looking for?

သတင်း

စစ်သားများ အာဏာရူးအောက်တွင် အဖိနှိပ်ခံမနေကြဘဲ ထွက်ပြေးကြရန် KNU နှင့် KIAထံ အလင်းဝင်လာသူများ တိုက်တွန်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏လက်အောက်တွင်အဖိနှိပ်ခံနေထိုင်းခြင်းမပြုဘဲ တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ထွက်ပြေးလာကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထံ အလင်းဝင်လာသည့် စစ်သားများက စစ်​ကောင်စီလက်​အောက်မှစစ်သားများအားတိုက်တွန်းသည်။

Screenshot

“ခင်ဗျားတို့ အဲဒီမှာ ရှိနေသရွေ့ သေတွင်းထဲကို တရက်မဟုတ်တရက် အမြန်ဆုံးပို့ကြမှာ”

—တပ်သား သုတစိုး

ဇွန်-၂၂၊၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏လက်အောက်တွင်အဖိနှိပ်ခံနေထိုင်းခြင်းမပြုဘဲ တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ထွက်ပြေးလာကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထံ အလင်းဝင်လာသည့် စစ်သားများက စစ်​ကောင်စီလက်​အောက်မှစစ်သားများအားတိုက်တွန်းသည်။

ကရင်ပြည်နယ်၊ အောင်ဇေယျစစ်​ကြောင်းမှ ထွက်ပြေးလာပြီး KNU/KNLAထံ အလင်းဝင်လာသည့် ခမရ(၃၃၈)မှစစ်သားသစ်ထက်မြဝင်းနှင့် ကချင်ပြည်နယ်ဗန်းမော်စစ်မြေပြင်မှ KIAထံအလင်းဝင်လာသည့်တပ်မ(၈၈)လက်အောက်ခံ ခမရ(၄၁၅) မှစစ်သား သူတစိုး တို့က တပ်တွင်း၌ ကျန်နေသည့် စစ်ကောင်စီတပ်သားများကိုထိုကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တပ်သားထက်မြဝင်းသည် စစ်​ကောင်စီက အဓမ္မ စစ်သားစုဆောင်း၍ တပ်တွင်းရောက်ရှိလာသူဖြစ်ပြီး စစ်ကောင်စီတပ်တွင်း၌ အနိုင်ကျင့်မှုကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်းပြောသည်။

Public Service Announcement

Public Service Announcement

“ကျနော်သူငယ်ချင်းတွေကိုတော့ဒီဘက်(တော်လှန်ရေးတပ်များရှိရာ)ထဲကိုလာစေချင်တယ်။ဘာကြောင့်လဲဆိုတော့ အာဏာရူးအောက်မှာဘာမှမဟုတ်ဘဲ ဖိနှိပ်ခံပြီး နေမယ့်အတူတူ ဒီဘက်အထဲက အလင်းဝင်ရောက်ဖို့ ပြောချင်တယ်”ဟု တပ်သား ထက်မြဝင်းက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်သကဲ့သို့အလင်းဝင်လာသူများကို တော်လှန်ရေးဘက်ကသတ်ဖြတ်သည် ဆိုသည်မှာလုံး၀မဟုတ်ကြောင်း၊ စစ်ကောင်စီကသာ လက်အောက်ငယ်သားများ ကို မငဲ့ဘဲ ပြည်သူလူထုကို နင်းပြီး စစ်ကောင်စီ အရာရှိများ အကျိုးအတွက် အသုံးချနေခြင်းဖြစ်ကြောင်း တပ်သား ထက်မြဝင်းက ပြောသည်။

“ကျနော်တို့ပြည်သူကိုနင်းတာပေါ့ဗျာ။ သူတို့သွားမယ့်လမ်းကြောင်းအတွက်ကျနော်တို့ကို နင်း၊ လမ်းခင်းပြီးသွားတဲ့ပုံစံမျိုး။ အဲဒီလို နင်းပြီးသွားတယ်။…။ပြည်သူလူထုကို ဘာမှမဟုတ်ဘဲနဲ့အခု ကြည့်ကြည့်လိုက် ပေါ်တာဆွဲတယ် ညှင်းပမ်းနှိပ်စက်တယ် ဘာမှမဟုတ်ဘဲ ပြည်သူလူထု တွေကိုလည်းသူ့ဟာသူအပြင်မှာနေနေတဲ့ မိသားစုဘ၀လေးတွေလည်း ဖျက်ဆီးတယ်”ဟုထက်မြဝင်းက ပြောသည်။

ထိုအပြင် ဗန်းမော်စစ်မြေပြင်မှ KIAထံ အလင်းဝင်လာသည့် တပ်သား သုတစိုးကလည်း စစ်ကောင်စီတပ်သည် တပ်သားများ ထွက်မပြေးစေရန်တပ်တွင်းသတင်းမှား​ပြော၍ဝါဒဖြန့်ထားသည်ဟုပြောသည်။

“ကျနော်တို့ ခေါင်းထဲ ရိုက်ထည့်ထားတာကတော့ မင်းတို့ အလင်းမဝင်နဲ့ ထွက်မပြေးနဲ့တဲ့။ ထွက်ပြေးတာနဲ့ မင်းတို့ ငါတို့ လက်ကသာလွတ်မယ်ဟိုဘက် အဖွဲ့အစည်းထဲရောက်သွားလို့ရှိရင် PDF ပဲမိမိ ၊ KIA အဖွဲ့အစည်းပဲမိမိ မိတာနဲ့ မင်းတို့ကို လည်လှီးသတ်မှာတို့၊ အစာငတ်ရေငတ်ထားပြီးသတ်မှာတို့ ပြီးတော့ လိုချင်တဲ့ သတင်းအချက်အလက်မေးပြီး မင်းကို သတ်ပစ်မှာတို့ အဲဒီလို အမျိုးမျိုး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး တပည့်တို့ကို ခြောက်ထားတာပေါ့” ဟု ၎င်းက ပြောသည်။

လက်တွေ့တွင် စစ်ကောင်စီဝါဒဖြန်ထားသကဲ့သို့မဟုတ်ဘဲ များစွာ ကွာခြားကြောင်း၊ KIA ဘက်က ကောင်းမွန်စွာ ဆက်ဆံကြောင်းဆက်ပြောသည်။

“တပ်မှာကျန်ခဲ့တဲ့ကျနော့်ရဲ့ညီအကို ရဲဘော်တွေ ကို ပြောချင်တာ တခုက အဲဒီ စစ်ခွေးတွေလက်အောက်မှာ ဆက်ပြီး တာဝန်မထမ်းဆောင်ပါနဲ့ မလုပ်ပါနဲ့။ ဂျပုမင်းအောင်လှိုင်အတွက် လုံး၀ အလုပ်မလုပ်ကြပါနဲ့ လို့ ကျနော်ပြောချင်ပါတယ်။ စစ်ခွေးတွေလက်အောက်မှာ ရှိနေတဲ့ ညီအကိုတွေ ရဲဘော်တွေ အကုန်လုံး အဲဒီ ခွေးဂျပုရဲ့လက်

အောက်မှာ ဆက်ပြီး တာဝန်မထမ်းဆောင်ကြပါနဲ့ လွတ်ရာကျွတ်ရာကို အမြန်ဆုံးပြေးကြပါလို့ ကျနော်ပြောချင်တယ်။ ခင်ဗျားတို့ အဲဒီမှာ ရှိနေသရွေ့ သေတွင်းထဲကို တရက်မဟုတ် တရက်အမြန်ဆုံးပို့ကြမှာ။အဲဒီစစ်ခွေးတွေနဲ့ လွတ်မယ့်နေရာကို တက်နိုင်သမျှ အမြန်ဆုံးပြေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု တပ်သား သုတစိုးက ပြောကြားသည်။

စစ်ကောင်စီတပ်သည် လူငယ်များကို အဓမ္မ စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးချလျက်ရှိရာ ယင်းအနက်ကချင်ပြည်နယ် ဗန်းမော်စစ်မြေပြင်နှင့် ကရင်ပြည်နယ် အောင်ဇေယျ စစ်ဆင်ရေးသို့ ရောက်ရှိသည့် စစ်ကောင်စီတပ်သားများစွာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ရာအလင်းဝင်သူများ၏ထွက်ဆိုချက်ကို KNUနှင့် KIA တို့က လူမှုကွန်ရက်မှတဆင့် မကြာခဏ ထုတ်ပြန်ပေး​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မြဝတီမြို့​တောင်ဘက် နယ်စပ်တွင် ​စစ်တပ်၏ဝေါ​လေဗျူဟာ၊ ဥကရစ်ထစခန်း၊တိသဲလယ်ကာကင်းစခန်းတို့သာသိမ်းရန်ကျန်

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းထံသို့စစ်ကောင်စီတပ်သား ၁၈ဦးထက်မနည်းအလင်းဝင်ခဲ့ကြောင်းမြိတ်ခရိုင် အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးကပြောကြားသည်။

သတင်း

စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသူ နှစ်ဦးက ကပစထုတ် ကျည် ၈၀၀နီးပါး၊ သေနတ်၂လက်နှင့် ခဲယမ်းအချို့ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံသို့ အလင်းဝင်လာသည်။

သတင်း

ပြည်ထောင်စုထဲ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သေချာဟု KNU ထပ်မံအသိပေး