close
Connect with us

Hi, what are you looking for?

သတင်း

မကွေး၊ စစ်ကိုင်းနှင့် ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုများပြုလုပ်

မကွေး၊ စစ်ကိုင်းနှင့် ဖားကန့်မြို့နယ်တွင် သပိတ်အင်အားစု၊ ဒေသခံပြည်သူများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့် လူထုသပိတ်လှုပ်ရှားမှုများကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

ဇွန်-၁၉၊၂၀၂၅။ သုည/People’s Spring

မကွေး၊ စစ်ကိုင်းနှင့် ဖားကန့်မြို့နယ်တွင် သပိတ်အင်အားစု၊ ဒေသခံပြည်သူများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့် လူထုသပိတ်လှုပ်ရှားမှုများကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် လူထုတိုက်ပွဲကော်မတီနှင့် ပြည်သူများ ပူးပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် မြောက်ခြမ်းသပိတ်အင်အားစုက ”အမေစုနဲ့တကွတပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသားကိုင်ဆောင်ဆောင်ပြီး ဒေသခံပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်၊ ပန်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်တွင်လည်း သပိတ်အင်အားစုက ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်လူထုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။

ကလေးမြို့နယ်တွင်လည်း ဒေသခံပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နှင့်အတူ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ကြွေးကြော်တောင်းဆိုခဲ့သည်။

ကနီမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင်လည်း ဒေသပြည်သူများက “ငါတို့သည်ဒေါ်အောင်ဆန်းစုကြည်များ” စာသားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်နှင့် လူထုသပိတ် ချီတက် ဆန္ဒပြခဲ့ကြသည်။

ရွှေဘိုမြို့နယ် သပိတ်အင်အားစုကလည်း “Happy birthday အမေစု” ၊ “ဒေါ်အောင်ဆန်းစုကြည်နှင့်တပြည်လုံးလွတ်မြောက်ဖို့ဆက်ရုန်းကြ” စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့်အတူ ပန်းသပိတ်ကို ပူးပေါင်းဖော်ဆောင်ခဲ့သည်။

ဖားကန့်မြို့နယ်တွင်လည်း ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ သပိတ်အင်အားစုများ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀)နှစ်ပြည့် မွေးနေ့ အခမ်းအနားအား ပြုလုပ်ခဲ့ပါသည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြရန်လည်း သပိတ်အင်အားစုများက တိုက်တွန်းခဲ့သည်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ပခုက္ကူလူထုသပိတ်၊ ရွှေဘိုသပိတ်၊ ဖားကန့်သပိတ်

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ​မှော်စီစာရွာအနီးဇွန်လ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများခဲ့ပြီး သေဆုံးသူများထဲတွင် တပ်မ(၃၃) မှ စစ်ဦးစီးမှူး (ဒုတိယတန်း)-ဂျီတူး ဗိုလ်မှူးဖြိုးသက်ဇော်လည်း ပါဝင်ခဲ့ဟု စစ်ရေး သတင်းရင်းမြစ်အချို့က ​ပြောသည်။

သတင်း

မန္တလေးမြို့ လူစည်ကားရာစျေးတစ်ခုတွင် သပိတ်အင်အားစုက လူငယ်များ ဦးဆောင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ လူထုလှုပ်ရှားမှုကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

မြန်မာပြည်သူအားလုံး လွတ်မြောက်ချိန်တန်ပြီ၊ တော်လှန်ရေး အလုပ်များဗျူဟာမြောက်လုပ်ရန် တိုက်တွန်း

ဆောင်းပါး

ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်နှစ်မွေးနေ့ဟာ စစ်အုပ်စုရဲ့ အာဏာသိမ်းမှု ရက်ပေါင်း ၁,၆၀၀ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာသိမ်းစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တစ်ဦးကို တရားလက်လွတ် မတရားဖမ်းဆီးချုပ်နှောင်ထားတာရက်ပေါင်း ၁,၆၀၀ ပြည့်မြောက်တဲ့​နေ့လည်း ဖြစ်ပါတယ်။