close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး၊ စစ်ကိုင်းနဲ့ ကရင်ပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို လူထုဆန္ဒပြ

မန္တလေး၊ စစ်ကိုင်းနဲ့ ကရင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်နှစ် မွေးနေ့အကြို လူထုဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၁၈၊ ၂၀၂၅။ သုည/People’s Spring

မန္တလေး၊ စစ်ကိုင်းနဲ့ ကရင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်နှစ် မွေးနေ့အကြို လူထုဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဒေသခံပြည်သူတွေ စုပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်နှစ်မွေးနေ့အကြို လှုပ်ရှားမှုအဖြစ် “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသားနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံကျောင်းသားပြည်သူတွေနဲ့အတူ ပူးပေါင်းကာ သပိတ်တရားဟောပြောခြင်းတွေ ပြုလုပ်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့်အတူ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်း​ဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ၅/အရတ အရာတော်လူထုသပိတ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းဦးဆောင်ကာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့်မွေးအထိမ်းအမှတ်အကြိုအဖြစ် “ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ရုန်းကြ” ဘန်နာစာတန်းကိုင်စွဲကာ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် တစ်နေရာမှာလည်း သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အကြို ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်းနဲ့ ဖမ်းဆီးထားသောနိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး တောင်းဆိုကာ အကျဥ်းကျနေသူတွေအတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ပေါ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆိုင်းဘုတ်ကို ဒေသပြည်သူတွေက စုပေါင်းစိုက်ထူ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကလေးမြို့နယ်သပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

မတ်လ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်း ငလျင်ကြီးအတွင်း နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့ဆုတောင်းစကားများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရည်မွန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များက ဆုတောင်းစကား ပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

သတင်း

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိရပ်ကွက်တချို့မှာရေမီတာများပြတ်တောက်နေဆဲဖြစ်ကြောင်းမြို့ခံ​တွေကပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရောက်ရန် တစ်ရက်အလိုတွင် မွေးနေ့ ဆုတောင်း ဗီဒီယို ဖိုင် ရှစ်သောင်းပြည့်ပြီဖြစ်‌ ကြောင်း ယင်းကမ်ပိန်းကိုလုပ်‌ ဆောင်သည့် Suu 80 Birthday Campaign က အသိပေးထားသည်။