close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ကုစားဖို့ ဖြစ်နိုင်ခြေတိုင်းကို တောင်ကိုရီးယား ဆန်းစစ်နေတယ်လို့ဆို

ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ကုစားဖို့ ဖြစ်နိုင်ခြေ နည်းလမ်း မှန်သမျှကို ဆန်းစစ်လေ့လာနေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

Reuters

ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ကုစားဖို့ ဖြစ်နိုင်ခြေ နည်းလမ်း မှန်သမျှကို ဆန်းစစ်လေ့လာနေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားဖက် တစ်ဦးချင်း သွားရောက် လည်ပတ်မှု ခရီးစဉ်တွေကို ခွင့်ပြုပေးသွားဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာချိန်မှာ ပြန်လည်သင့်မြတ် ပေါင်းစည်းရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ကုစားဖို့ ဖြစ်နိုင်သမျှ အခြေအနေ အားလုံးကို စဉ်းစားနေတယ်လို့ သူက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ လောလောဆယ်မှာ အသေးစိတ် ရှင်းမပြနိုင်သေးကြောင်း ကူဗြောင်ဆမ်က ဇူလိုင် ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ သူကိုယ်စားပြုတဲ့ ဝန်ကြီးဌာနဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို တာဝန်ယူ ကိုင်တွယ်နေတာပါ။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်နည်းပညာ စမ်းသပ်မှုတွေကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကို ကြုံတွေ့နေရပေမယ့် တစ်ဦးချင်း အလည်အပတ် ခရီးစဉ်မျိုးတွေကတော့ အဲဒီ ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာ မရောက်နိုင်ဘူးဆိုတာ တောင်ကိုရီးယားက သဘောပေါက်ထားတယ်လို့လည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဟာ မြောက်ကိုရီးယားအတွက် နိုင်ငံခြားဝင်ငွေ ရရှိစေတဲ့ ကဏ္ဍ အနည်းအကျဉ်းထဲက တစ်ခုလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ မြောက်ပိုင်းက ခါးသီးပြိုင်ဘက် ကွန်မြူနစ် နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်လိုကြောင်း ရှင်းရှင်းလင်းလင်း သဘောထားမျိုး ပြသထားပြီးသားပါ။ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာအမိန့် ထုတ်ပြန်ခဲ့တာနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ ဂယက်ကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ရသူ တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ခ်ယော လက်ထက်မှာတော့ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ အကြီးအကျယ် တင်းမာခဲ့ပါတယ်။

လက်ရှိ သမ္မတ လီရဲ့ လက်ထက်မှာတော့ နှစ်ဖက် ပြဿနာတွေကို လျှော့ချဖို့ ကနဦး ခြေလှမ်း တစ်ခုအဖြစ် နယ်စပ်တလျှောက်မှာ မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ ထုတ်လွှင့်နေတာ အားလုံးကို ရပ်နားဖို့ အမိန့်ပေးထားပါတယ်။ အလားတူပဲ နယ်စပ်ကနေ မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို ဓာတ်ငွေ့ ဘောလုံးမှာ ချိတ်ဆွဲ လွှတ်တင်နေတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကိုလည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ဆိုင်းငံ့ထားဖို့ တောင်ကိုရီးယား အစိုးရက ညွှန်ကြားထားပါတယ်။

လတ်တလောမှာတော့ တောင်ကိုရီးယား အစိုးရဟာ မြောက်ကိုရီးယားရဲ့ အပန်းဖြေ ကမ်းခြေသစ်တစ်ခု ဖွင့်လှစ်မှုကို အကြောင်းပြုပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် နွေးထွေးလာအောင် ကမ္ဘာလှည့် ခရီးသွားတွေ စေလွှတ်ပေးဖို့ဆိုတဲ့ နည်းလမ်းကိုပါ စဉ်းစားနေဟန် ရှိပါတယ်။ ဒါပေမဲ့ ဝန်ဆန်းက ကမ်းခြေမှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီ ကမ်းခြေသစ်ဆီ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို တောင်ကိုရီးယားက လောလောဆယ်မှာ အကြောင်းပြချက် တိတိကျကျ မသိရသေးဘဲ ယာယီ ပြန်ပိတ်ထားလိုက်ပါတယ်။

ဟိုတယ်တွေ၊ ရေလွှာလျှောစီး ဥယျာဉ်တွေ၊ ရေကူးကန်တွေ ပါဝင်တဲ့ အဲဒီ စီမံကိန်းဟာ နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း ကိုယ်တိုင်က ဦးစီးဦးရွက်ပြုပြီး ဖွင့်လှစ်စေခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားက ကမ္ဘာလှည့် ခရီးသွားတွေ ပို့ပေးချင်ရင်တောင်မှ အဲဒီဇုန် နယ်မြေကို ပြင်ပ ကမ္ဘာဆီ မြောက်ကိုရီးယားက ဖွင့်လှစ်ပေးဖို့ လိုအပ်နေဆဲလို့ ပြန်လည်သင့်မြတ် ပေါင်းစည်းရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ထောက်ပြသွားခဲ့ပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၃ ခုနှစ် ကျွန်းဆွယ်စစ်ပွဲ အပြီးမှာ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုထားတာ မရှိတဲ့အတွက် သီအိုရီအရ လက်ရှိအချိန်ထိ စစ်ဖြစ်နေကြဆဲလို့ သတ်မှတ်နိုင်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်တွင်းကို နိုင်ငံခြား ခရီးသွားတွေ ဝင်ရောက်မှု မြှင့်တင်ဖို့လို့ ကြွေးကြော်ပြီး မြောက်ကိုရီးယား အစိုးရဟာ အပန်းဖြေ ကမ်းခြေသစ် တစ်ခုကို မကြာသေးခင်က ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမဲ့ ရက်ပိုင်း အကြာမှာပဲ အဲဒီ ကမ်းခြေဆီ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့နှင့် ဒယ်ဂူးမြို့တို့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ သမိုင်းဝင် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ

ရုရှားဖက်က ကူညီတိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက စိတ်မကောင်းစွာနဲ့ လက်ခံယူနေပုံ မှတ်တမ်း ဓာတ်ပုံတွေကို မြောက်ကိုရီးယားက ထုတ်ပြန် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အပန်းဖြေ ကမ်းခြေ အသစ်ကို မြောက်ကိုရီးယားက ဖွင့်လှစ်ခဲ့ပါတယ်။

Facebook